ခရစ္ယာန္ဘုရားေက်ာင္း၀င္းအတြင္း ေစတီတည္တဲ႕ကိစၥ သာသာေရး၀န္ၾကီးနဲ႕တုိင္ပင္ျပီးေျဖရွင္းမယ္။




ကရင္ျပည္နယ္ လိႈင္းဘြဲ႔ျမိဳ႕နယ္ကြမ္းေတာေက်းရြာမွာရွိတဲ႔ ခရစ္ယာန္ဘုရားေက်ာင္းအတြင္းမွာ ေစတီလာတည္တဲ႕ ကိစၥနဲ႕ ပတ္သက္ျပီးေတာ႔ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ နယ္စပ္ေရးရာ၀န္ႀကီး၊ သာသနာေရး၀န္ႀကီးတို႔နဲ႔တိုင္ပင္ ျပီး ကိုင္တြယ္ေျဖရွင္းသြားမယ္လို႔ လူိင္းဘြဲ႕ျမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္၂ မွ လြတ္ေတာ္ကိုယ္စားလွယ္ဦးေစာခ်စ္ခင္ က ေျပာပါတယ္။
ျပည္နယ္၀န္ႀကီးခ်ဳပ္က အခုအခ်ိန္မွာ နိုင္ငံျခားခရီးစဥ္သြားေနတဲ႔အတြက္ ျပန္ေရာက္မွ ေဆြးေႏြးနိုင္မယ္လို႔သိရပါတယ္။
ကရင္ျပည္နယ္ လူိင္းဘြဲ႕ျမဳိ႕နယ္ ျမဳိင္ၾကီးငူအထူးေဒသက ကရင္ ဗုဒၶဘာသာ၀င္ေတြ ကုိးကြယ္ၾကတဲ႕ ျမိဳင္ႀကီးငူဆရာေတာ္က အခုႏွစ္ မတ္လအတြင္းက လိႈင္းဘြဲ႔ ျမဳိ႕နယ္ ကြမ္းေတာေက်းရြာမွာရွိတဲ႔ အဂၤလီကန္ခရစ္ယာန္ဘုရားေက်ာင္း ရဲ႕ျခံစည္းရုိးကုိ ဖ်က္ျပီးေက်ာင္းအ၀င္းအတြင္းမွာ ေစတီတစ္ဆူတည္ဖုိ႕ေနရာသတ္မွတ္္ခဲ႕ပါတယ္။ အဲဒီကိစၥပတ္သတ္ျပီး ခရစ္ယာန္ ဘာသာ၀င္ေတြက ေတာင္းပန္တာေတြလုပ္ခဲ႕ေပမယ္႕ ရပ္နားျခင္းမရွိဘဲ သည္လ ၂၃ ရက္ေန႕က ေစတီကုိအျပီးသတ္ခဲ႕ပါတယ္။
ဒီကေန႕မနက္မွာ ျမဳိင္ၾကီးငူဆရာေတာ္ ကုိယ္တုိင္ကားေပၚကမဆင္းဘဲ ပရိတ္ရြတ္ဆြမ္းကပ္ကာ ေစတီကုိ ထီးေတာ္တင္ခဲ႕ပါတယ္။ ေနာက္ထပ္ေစတီတစ္ဆူ ထပ္တည္ဖုိ႕ကုိ လည္းေနရာသတ္မွတ္သြား တယ္လုိ႕ အဂၤလီကန္ခရစ္ယာန္ဘုရားေက်ာင္းရဲ ႕ဂုိ္ဏ္းအုပ္ဆရာေတာ္ ေစာစတုိင္လုိ ကေျပာပါတယ္။
အဂၤလီကန္ခရစ္ယာန္ဘုရားေက်ာင္း၀င္းအတြင္းမွာျဖစ္ပြားေနတဲ႕ကိစၥနဲ႕ပတ္သတ္ျပီး တားျမစ္ေပးဖုိ႕ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ဆီကိုုတရား၀င္ အေႀကာင္းႀကားလာတာမ်ိဳးမရွိေသးဘူး လို႔သိရပါတယ္။
ခရစ္ယာန္ ဘုရားေက်ာင္း၀င္းအတြင္း ေစတီမတည္ဖုိ႕ေတာင္းပန္စာကုိ ဂုိဏ္းအုပ္ဆရာေတာ္ ေစာစတုိင္လုိ က ျမိဳ႕နယ္သံဃနာယကနဲ႕ ျပည္နယ္သံဃနာယကုိ ပုိ႕ခဲ႕ပါတယ္။ သက္ဆုိင္ရာ ျမိဳ႕နယ္သံဃနာယက နဲ႕ျပည္နယ္သံဃနာယတုိ႕ကလည္း ေမတၱာရပ္ခံစာနဲ႔ေတာင္းပန္လႊာကို ေစတီမတည္ခင္က ျမဳိင္ၾကီးငူဆရာေတာ္ဆီကုိ ပို႔ခဲ႔တယ္လုိ႕သိရပါတယ္။
ျပည္နယ္သာသနာေရး၀န္ႀကီးဌာနအေနနဲ႔လည္း အခုျဖစ္စဥ္ကို ျပည္ေထာင္စုသာသနာေရး၀န္ႀကီးဌာနကို အေႀကာင္းႀကားစာတင္ထားတယ္ လို႔သိရပါတယ္။
ဗုဒၶဘာသာ နဲ႔ ခရစ္ယာန္ဘာသာ၀င္ေတြ ျပသနာမျဖစ္ေအာင္၊ ဗုဒၶဘာသာကရင္နဲ႔ ခရစ္ယာန္ဘာသာကရင္ လူမ်ိဳးခ်င္းကြဲျပားမူမရွိေအာင္ သတိႀကီးႀကီးထားျပီးကိုင္တြယ္ေနတယ္၊ ခရစ္ယာန္ဘာသာဘက္ကိုလည္း ေတာင္းပန္ထားတယ္လုိ႕ကရင္ျပည္နယ္သာသနာေရး၀န္ၾကီးဦးမင္းတင္၀င္းကေျပာပါတယ္။
Author- စရာဇာေအာင္
Photo- ဆရာေတာ္ ေစာစတုိင္လုိေဖ႕ဘုတ္
Kumudra
၂၄၊ဧျပီ၊ရန္ကုန္။

........................................



ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်တဲ့ကိစ္စ သာသာရေးဝန်ကြီးနဲ့တိုင်ပင်ပြီးဖြေရှင်းမယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကွမ်းတောကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအတွင်းမှာ စေတီလာတည်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ရေးရာဝန်ကြီး၊ သာသနာရေးဝန်ကြီးတို့နဲ့တိုင်ပင် ပြီး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ လိူင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်၂ မှ လွတ်တော်ကိုယ်စားလှယ်ဦးစောချစ်ခင် က ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်က အခုအချိန်မှာ နိုင်ငံခြားခရီးစဉ်သွားနေတဲ့အတွက် ပြန်ရောက်မှ ဆွေးနွေးနိုင်မယ်လို့သိရပါတယ်။
ကရင်ပြည်နယ် လိူင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသက ကရင် ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ကြတဲ့ မြိုင်ကြီးငူဆရာတော်က အခုနှစ် မတ်လအတွင်းက လှိုင်းဘွဲ့ မြို့နယ် ကွမ်းတောကျေးရွာမှာရှိတဲ့ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်း ရဲ့ခြံစည်းရိုးကို ဖျက်ပြီးကျောင်းအဝင်းအတွင်းမှာ စေတီတစ်ဆူတည်ဖို့နေရာသတ်မှတ််ခဲ့ပါတယ်။ အဲဒီကိစ္စပတ်သတ်ပြီး ခရစ်ယာန် ဘာသာဝင်တွေက တောင်းပန်တာတွေလုပ်ခဲ့ပေမယ့် ရပ်နားခြင်းမရှိဘဲ သည်လ ၂၃ ရက်နေ့က စေတီကိုအပြီးသတ်ခဲ့ပါတယ်။
ဒီကနေ့မနက်မှာ မြိုင်ကြီးငူဆရာတော် ကိုယ်တိုင်ကားပေါ်ကမဆင်းဘဲ ပရိတ်ရွတ်ဆွမ်းကပ်ကာ စေတီကို ထီးတော်တင်ခဲ့ပါတယ်။ နောက်ထပ်စေတီတစ်ဆူ ထပ်တည်ဖို့ကို လည်းနေရာသတ်မှတ်သွား တယ်လို့ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်းရဲ ့ဂို်ဏ်းအုပ်ဆရာတော် စောစတိုင်လို ကပြောပါတယ်။
အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာဖြစ်ပွားနေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး တားမြစ်ပေးဖို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဆီကိုုတရားဝင် အကြောင်းကြားလာတာမျိုးမရှိသေးဘူး လို့သိရပါတယ်။
ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း စေတီမတည်ဖို့တောင်းပန်စာကို ဂိုဏ်းအုပ်ဆရာတော် စောစတိုင်လို က မြို့နယ်သံဃနာယကနဲ့ ပြည်နယ်သံဃနာယကို ပို့ခဲ့ပါတယ်။ သက်ဆိုင်ရာ မြို့နယ်သံဃနာယက နဲ့ပြည်နယ်သံဃနာယတို့ကလည်း မေတ္တာရပ်ခံစာနဲ့တောင်းပန်လွှာကို စေတီမတည်ခင်က မြိုင်ကြီးငူဆရာတော်ဆီကို ပို့ခဲ့တယ်လို့သိရပါတယ်။
ပြည်နယ်သာသနာရေးဝန်ကြီးဌာနအနေနဲ့လည်း အခုဖြစ်စဉ်ကို ပြည်ထောင်စုသာသနာရေးဝန်ကြီးဌာနကို အကြောင်းကြားစာတင်ထားတယ် လို့သိရပါတယ်။
ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပြသနာမဖြစ်အောင်၊ ဗုဒ္ဓဘာသာကရင်နဲ့ ခရစ်ယာန်ဘာသာကရင် လူမျိုးချင်းကွဲပြားမူမရှိအောင် သတိကြီးကြီးထားပြီးကိုင်တွယ်နေတယ်၊ ခရစ်ယာန်ဘာသာဘက်ကိုလည်း တောင်းပန်ထားတယ်လို့ကရင်ပြည်နယ်သာသနာရေးဝန်ကြီးဦးမင်းတင်ဝင်းကပြောပါတယ်။
Author- စရာဇာအောင်
Photo- ဆရာတော် စောစတိုင်လိုဖေ့ဘုတ်
Kumudra
၂၄၊ဧပြီ၊ရန်ကုန်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)