ဒဂုံစင်တာ ၁ တွင် ကတ်ကြေးဖြင့်ထိုးမှုဖြစ်ပွား

 ယနေ့မနက်ပိုင်းအစောပိုင်းက ဒဂုံစင်တာ ၁ Level - 2 တွင် ကောင်ကလေးမှ ကောင်မလေးအား ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့သည်။
အထိုးခံရသည့် ကောင်မလေးသည် ဒဂုံစင်တာ ၁ Level 2 ရှိ ဖန်စီဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကတ်ကြေးဖြင့် ထိုးသည့်ကောင်ကလေးသည် ကောင်မလေး၏ ရည်စားဟောင်းတစ်ဦးဖြစ်ကာ လူမှုရေးကိစ္စတခုကြောင့် ကတ်ကြေးဖြင့် ထိုးခြင်းဖြစ်ကြောင်းသိရသည်။
ကတ်ကြေးဖြင့်ထိုးသည့်အတွက်ကြောင့် ကောင်မလေး၏ ယာဘက်မျက်လုံးပေါက်သွားပြီး တခြားထိုးသွင်းဒဏ်ရာများလည်း ရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ထားရပြီး ဒဏ်ရာအခြေအနေမစိုးရိမ်ရကြောင်းသိရသည်။
ကတ်ကြေးဖြင့်ထိုးသည့်ကောင်လေးအား စမ်းချောင်းရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
Myanmar Citizen News Agency - MCNA
.....................

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)