မြန္ျပည္နယ္အစုိးရအဖြဲ႕၀င္၀န္ႀကီးမ်ား၊ ဥပေဒခ်ဳပ္ႏွင့္ စာရင္းစစ္ခ်ဳပ္တုိ႔ အတည္ျပဳဳၿပီး တစ္ၿပိဳင္နက္က်မ္းသစၥာက်ိန္ဆုိ


ေမာ္လၿမိဳင္၊ ဧၿပီ ၄

မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္မွ မြန္ျပည္နယ္အစုိးရအဖြဲ႕၀င္၀န္ႀကီးမ်ားအား ယေန႔က်င္းပျပဳလုပ္ေသာ ဒုတိယအႀကိမ္၊ မြန္ျပည္နယ္လႊတ္ေတာ္ ပထမပံုမွန္
အစည္းအေ၀းတြင္ အမည္စာရင္းတင္သြင္းခဲ့ၿပီး မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္၏ ဌာနႏွစ္ခုတာ၀န္ယူမည့္အေပၚ အၾကံျပဳေဆြးေႏြးမႈမ်ားရွိခဲ့ေသာ္လည္း အတည္ျပဳခဲ့ကာ တစ္ၿပိဳင္နက္တည္းက်မ္းသစၥာက်ိန္ဆုိခဲ့ေၾကာင္း သိရသည္။

အၾကံျပဳေဆြးေႏြးခဲ့ေသာ အေၾကာင္းအရာမွာ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးမင္းမင္းဦးမွ စည္ပင္သာယာေရးႏွင့္ ေဆာက္လုပ္ေရး၀န္ႀကီးဌာနႏွစ္ခုကုိ ကုိင္တြယ္မည့္အေပၚ ေခ်ာင္းဆံုၿမိဳ႕နယ္ျပည္နယ္မဲဆႏၵနယ္အမွတ္(၁)လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေအာင္ႏိုင္ဦးက ျပည္နယ္၀န္ႀကီးခ်ဳပ္မွာ ၀န္ႀကီးဌာနပူးတြဲကုိင္တြယ္ႏုိင္ေၾကာင္း အေျခခံဥပေဒအရမပါရွိသည့္အျပင္ လုပ္ငန္းအရ ရွဳပ္ေထြးလာႏိုင္ေၾကာင္း အၾကံျပဳေဆြးေႏြးခဲ့ၿပီး မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ဦးမင္းမင္းဦးက ယင္းအေနျဖင့္ ေငြေၾကးကုန္က်မႈ ေလွ်ာ့ခ်လုိေသာ သေဘာျဖင့္ တာ၀န္ယူျခင္း
ျဖစ္ေၾကာင္း ျပန္လည္ရွင္းလင္းတင္ျပခဲ့သည္။

အဆုိပါကိစၥအား မြန္ျပည္နယ္လႊတ္ေတာ္မွ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္အေနျဖင့္ တာ၀န္ယူမည့္ဌာနႏွစ္ခုအား တုိက္႐ုိက္ကုိင္တြယ္ျခင္းထက္ ႀကီးၾကပ္သြားရန္
သာ အတည္ျပဳဆံုးျဖတ္ခဲ့သည္။

ယင္းေနာက္ အဆုိျပဳခံရေသာ ျပည္နယ္၀န္ႀကီး၊ ဥပေဒခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္တုိ႔ အား ကန္႔ကြက္သူမရွိသျဖင့္ အတည္ျပဳခဲ့ၿပီး တစ္ၿပိဳင္နက္တည္းက်မ္းသစၥာက်ိန္ဆုိခဲ့ေၾကာင္း သိရသည္။

အတည္ျပဳခဲ့ေသာ ျပည္နယ္အစုိးရအဖြဲ႕၀င္စာရင္းမွာ
(၁) ဦးမင္းမင္းဦး (၀န္ႀကီးခ်ဳပ္၊ စည္ပင္သာယာေရး၀န္ႀကီးဌာနႏွင့္ ေဆာက္
လုပ္ေရး ၀န္ႀကီးဌာန)၊
(၂) ေဒါက္တာထိန္လင္း (လူမႈေရး၀န္ႀကီးဌာန)၊
(၃) မင္းထင္ေအာင္ဟန္ (လွ်ပ္စစ္၊ စြမး္အင္ႏွင့္ စက္မႈ၀န္ႀကီးဌာန)၊
(၄) ဦး၀ဏၰေက်ာ္ (စီမံကိန္း၊ ဘ႑ာေရးႏွင့္ လူ၀င္မႈႀကီးၾကပ္ေရး၀န္ႀကီးဌာန)၊
(၅) ဦးထြန္းေဌး (စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ပုိ႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီးဌာန)၊
(၆) ေဒါက္တာမင္းၾကည္၀င္း (သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန)ႏွင့္
(၇) ဗိုလ္မွဴးႀကီး ဝင္းႏိုင္ဦး (လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန)၊ ဦးေရႊျမင့္ (ဗမာတုိင္းရင္းသားေရးရာ၀န္ႀကီး)၊ ေစာေအာင္ျမင့္ခုိင္ (ကရင္တုိင္းရင္းသားေရးရာ၀န္ႀကီး)၊ ေဒၚစံ၀င့္ခုိင္ (ပအုိ၀္းတုိင္းရင္းသားေရးရာ၀န္ႀကီး)ႏွင့္ ေဒၚေအးေအးမုိ႔ (ျပည္နယ္ဥပေဒခ်ဳပ္)တုိ႔ ျဖစ္ေၾကာင္းလည္းသိရသည္။

ယင္းတုိ႔နွင့္အတူ မြန္ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚသိန္းသိန္းဦးလည္း က်မ္းသစၥာက်ိန္ဆုိခဲ့သည္။

သတင္းႏွင့္ ဓါတ္ပံု - သံလြင္တုိင္းမ္
Than Lwin Times
https://www.facebook.com/thanlwintimes9

.........................................................


မော်လမြိုင်၊ ဧပြီ ၄

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ယနေ့ကျင်းပပြုလုပ်သော ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်
အစည်းအဝေးတွင် အမည်စာရင်းတင်သွင်းခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ဌာနနှစ်ခုတာဝန်ယူမည့်အပေါ် အကြံပြုဆွေးနွေးမှုများရှိခဲ့သော်လည်း အတည်ပြုခဲ့ကာ တစ်ပြိုင်နက်တည်းကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အကြံပြုဆွေးနွေးခဲ့သော အကြောင်းအရာမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှစ်ခုကို ကိုင်တွယ်မည့်အပေါ် ချောင်းဆုံမြို့နယ်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြည်နယ်ဝန်ကြီးချုပ်မှာ ၀န်ကြီးဌာနပူးတွဲကိုင်တွယ်နိုင်ကြောင်း အခြေခံဥပဒေအရမပါရှိသည့်အပြင် လုပ်ငန်းအရ ရှုပ်ထွေးလာနိုင်ကြောင်း အကြံပြုဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ယင်းအနေဖြင့် ငွေကြေးကုန်ကျမှု လျှော့ချလိုသော သဘောဖြင့် တာဝန်ယူခြင်း
ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါကိစ္စအား မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူမည့်ဌာနနှစ်ခုအား တိုက်ရိုက်ကိုင်တွယ်ခြင်းထက် ကြီးကြပ်သွားရန်
သာ အတည်ပြုဆုံးဖြတ်ခဲ့သည်။

ယင်းနောက် အဆိုပြုခံရသော ပြည်နယ်ဝန်ကြီး၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တို့ အား ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ပြီး တစ်ပြိုင်နက်တည်းကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အတည်ပြုခဲ့သော ပြည်နယ်အစိုးရအဖွဲ့ဝင်စာရင်းမှာ
(၁) ဦးမင်းမင်းဦး (၀န်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ဆောက်
လုပ်ရေး ၀န်ကြီးဌာန)၊
(၂) ဒေါက်တာထိန်လင်း (လူမှုရေးဝန်ကြီးဌာန)၊
(၃) မင်းထင်အောင်ဟန် (လျှပ်စစ်၊ စွမး်အင်နှင့် စက်မှုဝန်ကြီးဌာန)၊
(၄) ဦးဝဏ္ဏကျော် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊
(၅) ဦးထွန်းဌေး (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန)၊
(၆) ဒေါက်တာမင်းကြည်ဝင်း (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)နှင့်
(၇) ဗိုလ်မှူးကြီး ဝင်းနိုင်ဦး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးရွှေမြင့် (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး)၊ စောအောင်မြင့်ခိုင် (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)၊ ဒေါ်စံဝင့်ခိုင် (ပအို၀်းတိုင်းရင်းသားရေးရာဝန်ကြီး)နှင့် ဒေါ်အေးအေးမို့ (ပြည်နယ်ဥပဒေချုပ်)တို့ ဖြစ်ကြောင်းလည်းသိရသည်။

ယင်းတို့နှင့်အတူ မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးလည်း ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ - သံလွင်တိုင်းမ်
Than Lwin Times
https://www.facebook.com/thanlwintimes9
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)