ေက်ာက္မီးေသြးစက္ရံုကို ကန္႔ကြက္

ေမာ္လၿမိဳင္ ဘိလပ္ေျမစက္ရံု စီမံကိန္းကို ေတြ႔ရစဥ္။ Photo: Kyaw Lwin Oo/ RFA
မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္မွာရွိတဲ့ ထိုင္းႏိုင္ငံသားပိုင္ ေမာ္လၿမိဳင္ ဘိလပ္ေျမစက္ရံုအတြက္ ေက်ာက္ မီးေသြးသံုးဓာတ္အားေပး စက္ရံုတည္ေဆာက္ေနတာ ကို ရပ္ဆိုင္းေပးဖို႔ ေဒသခံ ေလးေထာင္နီးပါးက လက္မွတ္ေရး ထိုးၿပီး ဒီေန႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပလိုက္ပါတယ္။

ဘိလပ္ေျမစက္ရံုကို ကန္႔ကြက္တာမဟုတ္ဘဲ စက္ရံုလည္ပတ္ဖို႔ ေက်ာက္မီးေသြးေလာင္စာသံုး စက္ရံုတည္ေဆာက္ မွာကို ကန္႔ကြက္တာလို႔ က်ဳိက္မေရာၿမိဳ႕နယ္ ေကာ့ဒြတ္ရြာသူ မိနီနီေအာင္က ေျပာပါတယ္။

"ဘိလပ္ေျမစက္ရံု လည္ပတ္မယ္ဆိုတာ အရင္ကသိထားတယ္၊ ေက်ာက္မီးေသြးနဲ႔ လည္ပတ္မယ္ဆိုတာ ၂ဝ၁၅ ကုန္ခါနီးမွ ျပည္သူလူထုေတြကသိရလို႔ ေက်ာက္မီးေသြးဓါတ္အားနဲ႔ လည္ပတ္တာကို လက္မခံတဲ့အတြက္ ကန္႔ကြက္တာပါ"

ဘိလပ္ေျမစက္ရံုတည္ေဆာက္္ဖို႔ ေျမေတြဝယ္ယူစဥ္က ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္ရံုလည္း တည္ေဆာက္သြားမယ္ဆိုတာကို ကုမၸဏီ တာ၀န္ရွိသူေတြက အသိမေပးခဲ့တဲ့အတြက္ အဲ့ဒီစီမံကိန္းကို လက္ခံခဲ့ တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ေလာက္မွ ဘိလပ္ေျမစက္ရံုလည္ပတ္ဖို႔အတြက္၂၀ မဂၢဝပ္ထြက္ရွိမယ့္ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓာတ္အားေပးစက္ရံု ၂ရံု တည္ေဆာက္မယ္ ဆိုတာကို သိခဲ့ရတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဘိလပ္ေျမစက္ရံုဟာ က်ဳိက္မေရာၿမိဳ႕နယ္ ကတံုစိ၊ ေကာ့ဒြန္၊ မယ့္ခရို၊ ကြမ္ငန္း၊ ႏွီးတုန္း စတဲ့ ေက်းရြာေတြအနီးမွာ တည္ရွိတာျဖစ္ၿပီး အဲဒီေက်းရြာေတြက ေဒသခံ ေလးေထာင္နီးပါးက ကန္႔ကြက္ေၾကာင္း လက္မွတ္ေရးထိုးခဲ့တာျဖစ္ ပါတယ္။

အဲဒီလက္မွတ္ေတြကို မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျပင္ ျမန္မာႏိုင္ငံ ရင္းႏွီးျမဳွပ္ႏွံမႈေကာ္မရွင္နဲ႔ သက္ဆုိင္ရာဌာနေတြ ဆီလည္း ေပးပိုခဲ့ၾကတာျဖစ္ပါတယ္။

အာဆီယံေဒသတြင္း ထိပ္တန္းစီးပြားေရး လုပ္ငန္းတစ္ခုျဖစ္တဲ့ ထိုင္းအေျခစိုက္ Siam Cement Group (SCG) က မြန္ျပည္နယ္ က်ဳိက္မေရာၿမိဳ႕နယ္ ကြမ္ငန္းေက်းရြာမွာ ေမာ္လၿမိဳင္ ဘိလပ္ေျမစက္ရံုကို ၂၀၁၄ ခုႏွစ္မွာ စတင္ အေကာင္ထည္ေဖာ္ တည္ေဆာက္ခဲ့တာျဖစ္ၿပီး တစ္ေန႔ကို ဘိလပ္ေျမတန္ခ်ိန္ ငါးေထာင္ေက်ာ္ ထုတ္လုပ္မွာျဖစ္ ပါတယ္။

ေမာ္လၿမိဳင္ ဘိလပ္ေျမစက္ရံု စီမံကိန္းမွာ အေမရိကန္ေဒၚလာသန္း ၄၀၀ ရင္းႏွီးျမႇဳပ္ႏံွၿပီး ၿပီးခဲ့တဲ့ မတ္လက စတင္ လည္ပတ္ေနတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...........................


မော်လမြိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် မော်လမြိုင် ဘိလပ်မြေစက်ရုံအတွက် ကျောက် မီးသွေးသုံးဓာတ်အားပေး စက်ရုံတည်ဆောက်နေတာ ကို ရပ်ဆိုင်းပေးဖို့ ဒေသခံ လေးထောင်နီးပါးက လက်မှတ်ရေး ထိုးပြီး ဒီနေ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြလိုက်ပါတယ်။

ဘိလပ်မြေစက်ရုံကို ကန့်ကွက်တာမဟုတ်ဘဲ စက်ရုံလည်ပတ်ဖို့ ကျောက်မီးသွေးလောင်စာသုံး စက်ရုံတည်ဆောက် မှာကို ကန့်ကွက်တာလို့ ကျိုက်မရောမြို့နယ် ကော့ဒွတ်ရွာသူ မိနီနီအောင်က ပြောပါတယ်။

"ဘိလပ်မြေစက်ရုံ လည်ပတ်မယ်ဆိုတာ အရင်ကသိထားတယ်၊ ကျောက်မီးသွေးနဲ့ လည်ပတ်မယ်ဆိုတာ ၂ဝ၁၅ ကုန်ခါနီးမှ ပြည်သူလူထုတွေကသိရလို့ ကျောက်မီးသွေးဓါတ်အားနဲ့ လည်ပတ်တာကို လက်မခံတဲ့အတွက် ကန့်ကွက်တာပါ"

ဘိလပ်မြေစက်ရုံတည်ဆောက််ဖို့ မြေတွေဝယ်ယူစဉ်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံလည်း တည်ဆောက်သွားမယ်ဆိုတာကို ကုမ္ပဏီ တာဝန်ရှိသူတွေက အသိမပေးခဲ့တဲ့အတွက် အဲ့ဒီစီမံကိန်းကို လက်ခံခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်လောက်မှ ဘိလပ်မြေစက်ရုံလည်ပတ်ဖို့အတွက်၂၀ မဂ္ဂဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ရုံ တည်ဆောက်မယ် ဆိုတာကို သိခဲ့ရတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘိလပ်မြေစက်ရုံဟာ ကျိုက်မရောမြို့နယ် ကတုံစိ၊ ကော့ဒွန်၊ မယ့်ခရို၊ ကွမ်ငန်း၊ နှီးတုန်း စတဲ့ ကျေးရွာတွေအနီးမှာ တည်ရှိတာဖြစ်ပြီး အဲဒီကျေးရွာတွေက ဒေသခံ လေးထောင်နီးပါးက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့တာဖြစ် ပါတယ်။

အဲဒီလက်မှတ်တွေကို မွန်ပြည်နယ် ဝန်ကြီးချုပ်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်နဲ့ သက်ဆိုင်ရာဌာနတွေ ဆီလည်း ပေးပိုခဲ့ကြတာဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ထိုင်းအခြေစိုက် Siam Cement Group (SCG) က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာမှာ မော်လမြိုင် ဘိလပ်မြေစက်ရုံကို ၂၀၁၄ ခုနှစ်မှာ စတင် အကောင်ထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေတန်ချိန် ငါးထောင်ကျော် ထုတ်လုပ်မှာဖြစ် ပါတယ်။

မော်လမြိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံပြီး ပြီးခဲ့တဲ့ မတ်လက စတင် လည်ပတ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)