လူတစ္ဦး ႏြားလွည္းေပၚမွျပဳတ္က်ကာ လွည္းဘီးျဖင့္ႀကိတ္မိ၍ ေသဆုံး

ယခုေဖာ္ျပထားတဲ့ ဓါတ္ပုံမွာ နမူနာ ဓါတ္ပုံသာ ျဖစ္ပါတယ္။ ဓါတ္ပုံ - Google Images
ကသာ ဧၿပီ ၅

ကသာၿမိဳ႕နယ္ ေက်ာက္ထုံးႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ျမတ္စိုးသည္ ဧၿပီ ၄ ရက္ နံနက္ ၁ နာရီက ရဲကင္းစခန္းမွဴးတာဝန္ေဆာင္ရြက္ေနစဥ္ ရဲစခန္း အေရွ႕ ရွစ္မိုင္ခန္႔အကြာ ေက်ာက္ထုံးႀကီးရြာ ရပ္ကြက္(၅)ေန မ်ဳိးထူးထက္ (၁၅ ႏွစ္)သည္ လွည္းေပၚတြင္ ဝါးမ်ားတင္ေဆာင္၍ ၎၏ဖခင္ႏွင့္အတူ ကိုယ္တိုင္လွည္းေမာင္းၿပီး ျပန္လာစဥ္ ေက်ာက္ထုံးႀကီးရြာအဝင္ အတက္ လမ္းအေရာက္၌ လွည္းရပ္ၿပီးဆင္းစဥ္ ႏြားလန္႔၍ ဝါးလွည္းေပၚမွ ျပဳတ္က်ကာ လွည္း၏ ညာဘက္ဘီးျဖင့္ႀကိတ္မိကာ ဒဏ္ရာရရွိ၍ ေနအိမ္အေရာက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

မ်ဳိးထူးထက္ ေသဆုံးရျခင္းမွာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ သိရွိႏိုင္ရန္ ကသာၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိ ေၾကာင္း သိရသည္။

ဦးရဲ(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

..............................................


ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
ကသာ ဧပြီ ၅

ကသာမြို့နယ် ကျောက်ထုံးကြီးရဲကင်းစခန်းမှူး ရဲအုပ်မြတ်စိုးသည် ဧပြီ ၄ ရက် နံနက် ၁ နာရီက ရဲကင်းစခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် ရဲစခန်း အရှေ့ ရှစ်မိုင်ခန့်အကွာ ကျောက်ထုံးကြီးရွာ ရပ်ကွက်(၅)နေ မျိုးထူးထက် (၁၅ နှစ်)သည် လှည်းပေါ်တွင် ဝါးများတင်ဆောင်၍ ၎င်း၏ဖခင်နှင့်အတူ ကိုယ်တိုင်လှည်းမောင်းပြီး ပြန်လာစဉ် ကျောက်ထုံးကြီးရွာအဝင် အတက် လမ်းအရောက်၌ လှည်းရပ်ပြီးဆင်းစဉ် နွားလန့်၍ ဝါးလှည်းပေါ်မှ ပြုတ်ကျကာ လှည်း၏ ညာဘက်ဘီးဖြင့်ကြိတ်မိကာ ဒဏ်ရာရရှိ၍ နေအိမ်အရောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မျိုးထူးထက် သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ကသာမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဦးရဲ(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)