ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတ အသင်းမှ ရေသွားရောက် လှူ စဉ် ယာဉ်မတော်တဆဖြစ်ပြီး ကားပေါ်မှ ပြုတ်ကျ သေဆုံး



တာချီလိတ်၊ ဧပြီ၂၈-၂၀၁၆


.............................................



တာချီလိတ်၊ ဧပြီ၂၈-၂၀၁၆
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတ အသင်းမှ ဘုန်းကြီးကျောင်း အတွက် ရေသွားလှူရာ ကုန်မြင့်၍ ရေဝိတ်ကြောင့် ကားမတက်နိုင်ဘဲ ကားနောက်ပြန် လှိမ့်ကျရာမှ ကားချောက်ထဲပြုတ်ကြပြီး အသင်းဝင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူသွားသူမှာ အသက်(၅၄)နှစ်အရွယ်ရှိ ဒေါ်တင်တင်အေး (ခေါ်) မငယ်ဖြစ်ပြီး ၎င်းသည် ကားနောက်တွဲပေါ်တွင် လိုက်ပါခဲ့ပြီး ယာဉ်မတော်တဆဖြစ်ချိန်တွင် ကားပေါ်မှ ပြုတ်ကြကာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

Credit တာချီလိတ်သတင်းအေဂျင်စီ
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)