အြန္လိုင္းေပၚမွာ ေျပာေနၾကသလို မ႑ပ္တုိင္းက ဆိုးသြမ္းေနတာမ်ိဳးေတာ့ မဟုတ္ပါဘူးလို႕ေျပာလာတဲ့ ေဂ်ာက္ဂ်က္



နယ္ရိႈးေတြေတာက္ေလွ်ာက္ဆုိျဖစ္ရင္း မအားမလပ္ျဖစ္ေနတဲ့ ေဂ်ာက္ဂ်က္ က ၂၀၁၆ သၾကၤန္ကုိ ရန္ကုန္မွာ ျဖတ္သန္းမွာျဖစ္သလို သၾကၤန္အၿပီးမွာလဲ သူ႕ရဲ႕ တတိယတစ္ကုိယ္ေတာ္ အယ္လ္ဘမ္ထြက္ဖုိ႕ ရွိတယ္လို႕ ခုလို ဖြင့္ဟလာပါတယ္။  ဒါ့ေၾကာင့္ အယ္လ္ဘမ္အေၾကာင္းသာမက သၾကၤန္နဲ႕ပတ္သက္ျပီး သိလိုတာေတြကို ေမးျမန္းၾကည့္လိုက္ေတာ့ "က်ြန္ေတာ့အယ္လ္ဘမ္ကေတာ့ ၅ လပုိင္း ဒါမွမဟုတ္ ၆ လပိုင္းမွာ ထြက္ပါမယ္။  သၾကၤန္မတိုင္ခင္ ရိႈးပြဲတစ္ပြဲဆိုဖို႕ ရွိတယ္။ ၿပီးရင္သၾကၤန္ေပါ့။ သၾကၤန္ကေတာ့ ရန္ကုန္ ျပည္လမ္း ကန္ေဘာင္ IBC ေရွ႕က Shark Rave မ႑ပ္မွာ ရွိပါမယ္။ သၾကၤန္နဲ႕ပတ္သက္တဲ့ အမွတ္တရဆိုရင္ ကၽြန္ေတာ္ အဆိုေတာ္စျဖစ္တဲ့အခ်ိန္တုန္းက ရန္ကုန္မွာေဖ်ာ္ေျဖေရးမ႑ပ္ေတြ မေပးဘူးေလ။ ဆိုခြင့္မေပးဘူး။ အဲ့ဒါေၾကာင့္ အဆုိေတာ္စျဖစ္တုန္းက ေလးႏွစ္ဆက္တုိက္ ရန္ကုန္မွာမေနရဘူး။ မႏၱေလးမွာပဲ အျမဲသြားရတယ္။ ေနာက္ပိုင္း ရန္ကုန္မွာေဖ်ာ္ေျဖေရးရမွ ရန္ကုန္မွာျပန္ဆုိခြင့္ ရတာေပါ့။ ဘာပဲျဖစ္ျဖစ္ မႏၱေလးသၾကၤန္ကလဲ ကၽြန္ေတာ့အတြက္ အမွတ္တရပါပဲ။ ရန္ကုန္မွာ ဆိုလို႕မရတဲ့အခ်ိန္ေတြမွာ လိႈက္လိႈက္လွဲလွဲ ၾကိဳဆုိၾကတယ္။ အမွတ္တရပါပဲ။ ဒီဖက္ႏွစ္ေရာက္ေတာ့မွ ရန္ကုန္မွာ ျပန္ဆိုျဖစ္တာေပါ့။"လုိ႕ သူက ေျပာပါတယ္။
ဒါ့အျပင္ သၾကၤန္မွာ တစ္ခ်ိဳ႕ေနရာေတြ မ႑ပ္ေဆာက္ခြင့္မေပးတာနဲ႕ပတ္သက္ၿပီးေတာ့လဲ သူက "အဓိကကေတာ့ အသိုင္းအ၀ုိင္း ၂ခုလိုျဖစ္ေနတာေပါ့။ လူၾကီးေတြဖက္က ၾကည့္ေတာ့လဲ မွန္ပါတယ္။ ကၽြန္ေတာ္တုိ႕အရင္အရင္ႏွစ္ေတြ တုန္းက မ႑ပ္ေတြေပၚမွာ ဆိုးခဲ့တဲ့သူေတြလဲ ရွိတယ္။ ဗရုတ္က်ခဲ့တဲ့သူေတြလဲ ရွိတယ္။ ဒါေပမဲ့ သူတို႕ေျပာသလိုမ်ိဳး ဘိန္းခန္းေတြ၊ မူးယစ္ေဆး၀ါးသံုးေနတဲ့ အခန္းေတြ၊ အတူတူေနတဲ့ အခန္းေတြက ကၽြန္ေတာ္တုိ႕ျဖတ္သန္းလာခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ မ႑ပ္ေတြမွာေတာ့ မျမင္ခဲ့ဖူးဘူး။ အဲ့ဒီလိုရွိတယ္လို႕ မၾကားဖူးဘူး။ ဒါေပမဲ့ မ႑ပ္ေပၚမွာ မူးရူးၿပီးကြဲျပဲေနတာေတြ၊ သရုပ္ပ်က္တာေတြေတာ့ ငယ္ငယ္တုန္းကေရာ ၾကီးလာတဲ့ အခ်ိန္မွာေရာ ျမင္ဖူးခဲ့တယ္။ တျခားသူေတြကိုသိေစခ်င္တာက ေအာက္ကေနေမာ့ၾကည့္လုိက္ရင္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ရင္ျဖစ္မယ္။ အတြဲတစ္တြဲျဖစ္ရင္ျဖစ္မယ္။ သူတို႕ေတြက ေအာက္ကလူေတြ လွမ္းၾကည့္ရင္ လွမ္းအျမင္ကေတာ့ ဟာသရုပ္ပ်က္တာပဲ။  ဒီမ႑ပ္မွာအရမ္းဆိုးတယ္။ ဒါေပမဲ့သူတို႕ထင္သလိုမ်ိဳးပဲ မ႑ပ္ေပၚမွာရွိသမွ်လူေတြ အကုန္လံုးကလဲ အဲ့ဒီသရုပ္ပ်က္ေနတဲ့သူကို အထင္ၾကီးတဲ့ မ်က္လံုးမ်ိဳးနဲ႕ၾကည့္ေနၾကတာမ်ိဳး မဟုတ္ပါဘူး။ ငါတို႕မ႑ပ္ကို ဘယ္လိုလူမ်ိဳးေတြေရာက္ေနတာလဲေပါ့။ ဒါကေတာ့ မ႑ပ္ေတြရဲ႕ ကြပ္ကဲမႈပံုစံေတြနဲ႕လဲ ဆုိင္ပါတယ္။ အခုအြန္လိုင္းေပၚမွာျဖစ္ေနတဲ့ ျပသနာေတြလိုမ်ိဳး မ႑ပ္တုိင္းမ႑ပ္တုိင္းက ဆိုးသြမ္းေနတဲ့သူမ်ိဳးေတြမဟုတ္ပါဘူး"လုိ႕ ဖြင့္ဟသြားခဲ့ပါတယ္။ 
http://www.trend.com.mm/2016/04/06/hip-hop-9250
.....................................................
အွန်လိုင်းပေါ်မှာ ပြောနေကြသလို မဏ္ဍပ်တိုင်းက ဆိုးသွမ်းနေတာမျိုးတော့ မဟုတ်ပါဘူးလို့ပြောလာတဲ့ ဂျောက်ဂျက်
ခင်ဆွေသက် 
 2016-04-06 
နယ်ရှိုးတွေတောက်လျှောက်ဆိုဖြစ်ရင်း မအားမလပ်ဖြစ်နေတဲ့ ဂျောက်ဂျက် က ၂၀၁၆ သင်္ကြန်ကို ရန်ကုန်မှာ ဖြတ်သန်းမှာဖြစ်သလို သင်္ကြန်အပြီးမှာလဲ သူ့ရဲ့ တတိယတစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ဖို့ ရှိတယ်လို့ ခုလို ဖွင့်ဟလာပါတယ်။  ဒါ့ကြောင့် အယ်လ်ဘမ်အကြောင်းသာမက သင်္ကြန်နဲ့ပတ်သက်ပြီး သိလိုတာတွေကို မေးမြန်းကြည့်လိုက်တော့ "ကျွန်တော့အယ်လ်ဘမ်ကတော့ ၅ လပိုင်း ဒါမှမဟုတ် ၆ လပိုင်းမှာ ထွက်ပါမယ်။  သင်္ကြန်မတိုင်ခင် ရှိုးပွဲတစ်ပွဲဆိုဖို့ ရှိတယ်။ ပြီးရင်သင်္ကြန်ပေါ့။ သင်္ကြန်ကတော့ ရန်ကုန် ပြည်လမ်း ကန်ဘောင် IBC ရှေ့က Shark Rave မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင် ကျွန်တော် အဆိုတော်စဖြစ်တဲ့အချိန်တုန်းက ရန်ကုန်မှာဖျော်ဖြေရေးမဏ္ဍပ်တွေ မပေးဘူးလေ။ ဆိုခွင့်မပေးဘူး။ အဲ့ဒါကြောင့် အဆိုတော်စဖြစ်တုန်းက လေးနှစ်ဆက်တိုက် ရန်ကုန်မှာမနေရဘူး။ မန္တလေးမှာပဲ အမြဲသွားရတယ်။ နောက်ပိုင်း ရန်ကုန်မှာဖျော်ဖြေရေးရမှ ရန်ကုန်မှာပြန်ဆိုခွင့် ရတာပေါ့။ ဘာပဲဖြစ်ဖြစ် မန္တလေးသင်္ကြန်ကလဲ ကျွန်တော့အတွက် အမှတ်တရပါပဲ။ ရန်ကုန်မှာ ဆိုလို့မရတဲ့အချိန်တွေမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ အမှတ်တရပါပဲ။ ဒီဖက်နှစ်ရောက်တော့မှ ရန်ကုန်မှာ ပြန်ဆိုဖြစ်တာပေါ့။"လို့ သူက ပြောပါတယ်။
ဒါ့အပြင် သင်္ကြန်မှာ တစ်ချို့နေရာတွေ မဏ္ဍပ်ဆောက်ခွင့်မပေးတာနဲ့ပတ်သက်ပြီးတော့လဲ သူက "အဓိကကတော့ အသိုင်းအဝိုင်း ၂ခုလိုဖြစ်နေတာပေါ့။ လူကြီးတွေဖက်က ကြည့်တော့လဲ မှန်ပါတယ်။ ကျွန်တော်တို့အရင်အရင်နှစ်တွေ တုန်းက မဏ္ဍပ်တွေပေါ်မှာ ဆိုးခဲ့တဲ့သူတွေလဲ ရှိတယ်။ ဗရုတ်ကျခဲ့တဲ့သူတွေလဲ ရှိတယ်။ ဒါပေမဲ့ သူတို့ပြောသလိုမျိုး ဘိန်းခန်းတွေ၊ မူးယစ်ဆေးဝါးသုံးနေတဲ့ အခန်းတွေ၊ အတူတူနေတဲ့ အခန်းတွေက ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ ဆယ်စုနှစ်ကျော် မဏ္ဍပ်တွေမှာတော့ မမြင်ခဲ့ဖူးဘူး။ အဲ့ဒီလိုရှိတယ်လို့ မကြားဖူးဘူး။ ဒါပေမဲ့ မဏ္ဍပ်ပေါ်မှာ မူးရူးပြီးကွဲပြဲနေတာတွေ၊ သရုပ်ပျက်တာတွေတော့ ငယ်ငယ်တုန်းကရော ကြီးလာတဲ့ အချိန်မှာရော မြင်ဖူးခဲ့တယ်။ တခြားသူတွေကိုသိစေချင်တာက အောက်ကနေမော့ကြည့်လိုက်ရင် အမျိုးသမီးတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ အတွဲတစ်တွဲဖြစ်ရင်ဖြစ်မယ်။ သူတို့တွေက အောက်ကလူတွေ လှမ်းကြည့်ရင် လှမ်းအမြင်ကတော့ ဟာသရုပ်ပျက်တာပဲ။  ဒီမဏ္ဍပ်မှာအရမ်းဆိုးတယ်။ ဒါပေမဲ့သူတို့ထင်သလိုမျိုးပဲ မဏ္ဍပ်ပေါ်မှာရှိသမျှလူတွေ အကုန်လုံးကလဲ အဲ့ဒီသရုပ်ပျက်နေတဲ့သူကို အထင်ကြီးတဲ့ မျက်လုံးမျိုးနဲ့ကြည့်နေကြတာမျိုး မဟုတ်ပါဘူး။ ငါတို့မဏ္ဍပ်ကို ဘယ်လိုလူမျိုးတွေရောက်နေတာလဲပေါ့။ ဒါကတော့ မဏ္ဍပ်တွေရဲ့ ကွပ်ကဲမှုပုံစံတွေနဲ့လဲ ဆိုင်ပါတယ်။ အခုအွန်လိုင်းပေါ်မှာဖြစ်နေတဲ့ ပြသနာတွေလိုမျိုး မဏ္ဍပ်တိုင်းမဏ္ဍပ်တိုင်းက ဆိုးသွမ်းနေတဲ့သူမျိုးတွေမဟုတ်ပါဘူး"လို့ ဖွင့်ဟသွားခဲ့ပါတယ်။ 
http://www.trend.com.mm/2016/04/06/hip-hop-9250

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)