ျမစ္ဆုံျပႆ နာ အေျဖရွာေရး တ႐ုတ္-ျမန္မာအတြက္ အေရးႀကီး


တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံဆက္ဆံေရးမွာ အျငင္းပြားစရာရွိေနတဲ့ ျမစ္ဆံုဆည္စီမံကိန္း စာခ်ဳပ္ အခ်က္အလက္ေတြကို အမ်ားျပည္သူသိေအာင္ လတ္တေလာခ်ျပဖို႔ အခက္အခဲ ရွိလိမ့္မယ္လို႔ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က မေန႔က ေနျပည္ေတာ္ကို ေရာက္ရွိလာတဲ့ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi နဲ႔ ပူးတဲြသတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ တ႐ုတ္ရဲ႕အျငင္းပြားစရာ စီမံကိန္းေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ဘယ္လိုကိုင္တြယ္ဖို႔ အလားအလာရွိႏိုင္မလဲ။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

မေန႔က သတင္းစာရွင္းလင္းပဲြမွာ တ႐ုတ္ရဲ႕ ျမစ္ဆံုဆည္စီမံကိန္းနဲ႔ ပတ္သက္လို႔ အခ်က္အလက္ေတြကို အမ်ားျပည္သူသိေအာင္ ဘယ္အခ်ိန္ထုတ္ေဖာ္ေျပာဆိုဖို႔ရွိပါသလဲလို႔ သတင္းေထာက္တဦးက ေဒၚေအာင္ဆန္းစုၾကည္ကို ေမးျမန္းရာမွာ သူက အခုလို ေျပာသြားတာပါ။

"စာခ်ဳပ္က က်မေတာင္မွ မဖတ္ရေသးဘူး။ အဲေတာ့ ျပည္သူလူထုကို ခ်ျပဖို႔ဆိုတာ ခက္ပါလိမ့္မယ္။"

ကခ်င္လူထုအပါအ၀င္ ျမန္မာျပည္သူအမ်ားစုက ကန္႔ကြက္ထားတဲ့ ကခ်င္ျပည္နယ္ ဧရာ၀တီျမစ္ေၾကာင္း စတင္တဲ့ေနရာမွာရွိေနတဲ့ တ႐ုတ္ရဲ႕ ျမစ္ဆံုဆည္စီမံကိန္းေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္ေစတာပါ။ ဒါေၾကာင့္ သတင္းစာရွင္းလင္းပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေျဖၾကားခ်က္ကိုၾကည့္ရင္ ဒီစီမံကိန္းနဲ႔ ပတ္သက္လို႔ သူ႔ဘက္က သတိႀကီးႀကီးနဲ႔ ကိုင္တြယ္ေျဖရွင္းလိုတာ ေတြ႔ရတယ္လို႔ ၀ါရွင္တန္အေျခစိုက္ Stimson Center သုေတသနဌာနက တ႐ုတ္သုေတသီ Yun Sun က သံုးသပ္ပါတယ္။

"သူက စာခ်ဳပ္ရဲ႕အေသးစိတ္ အခ်က္အလက္ေတြ သိႏိုင္ဖို႔ စာခ်ဳပ္ကို ျပန္ေလ့လာဖို႔လိုတယ္။ ဒါမွစီမံကိန္းရဲ႕ အဆိုးအေကာင္းကို ခဲြျခားစိတ္ျဖာ သိရွိႏိုင္ မွာျဖစ္တယ္ဆိုၿပီး ေျပာဆိုခဲ့တာကေတာ့ လက္ခံႏိုင္စရာ အေၾကာင္းျပခ်က္ပါပဲ။ ဒါေပမဲ့ ျမန္မာ့လူ႔အဖဲြ႔အစည္းမွာ က်မတို႔ သိထားတဲ့အတိုင္း ျမစ္ဆံုကိစၥက သိပ္ကိုသတိထားရမယ့္ အခ်က္ပါ။ ဒီစီမံကိန္းကိုျပန္စမယ္လို႔ ေျပာဆိုမႈမွန္သမွ်ဟာ ႏိုင္ငံေရးအရ သိပ္ကို ဒုကၡေရာက္ေစႏိုင္တာျဖစ္ၿပီး ျမန္မာ့လူ႔အဖဲြ႔အစည္းကလည္း လက္ခံၾကမွာ မဟုတ္ပါဘူး။ NLD အစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံရဲ႕ မဟာမိတ္ျဖစ္တယ္ဆိုတာကို ျပသလိုတယ္လို႔ ယူဆရပါတယ္။ ဒါေပမဲ့လို႔လည္း ျမစ္ဆံုကိစၥနဲ႔ပတ္သက္လို႔ကေတာ့ အခုလိုသူေျပာလိုက္တာကေတာ့ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ေလာေလာဆယ္ဆိုင္းထားလိုၿပီး ဘာမွမေျပာလိုေသးဘူးလို႔ ေျပာခဲ့ပံုရပါတယ္။"

ဒီျမစ္ဆံုဆည္စီမံကိန္းဟာ ျမန္မာႏိုင္ငံရဲ႕အသက္ေသြးေၾကာျဖစ္တဲ့ ဧရာ၀တီျမစ္ဖ်ားစတင္တဲ့ေနရာမွာျဖစ္တာ ေၾကာင့္ စီမံကိန္းရဲ႕ဆိုက်ဳိးအေနနဲ႔ ဒီျမစ္တေလ်ာက္ မွီတင္းေနထိုင္ၾကတဲ့ ျပည္သူေတြရဲ႕လူမႈဘ၀ေတြ ထိခိုက္နစ္နာမႈေတြ ပိုၿပီးမ်ားေနေၾကာင္း လူမႈအဖဲြ႔အစည္းေတြက ေထာက္ျပ ကန္႔ကြက္ထားတာပါ။ ဒါအျပင္ ၂၀၀၇ ခုနွစ္ေလာက္မွာ စတင္ခဲ့တဲ့ ဒီဆည္စီမံကိန္းေၾကာင့္ ေဒသခံကခ်င္လူထုေတြအတြက္လည္း ဆံုး႐ံႈးနစ္နာမွႈေတြ အမ်ားႀကီးရွိခဲ့တယ္လို႔ ၀ါရွင္တန္အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠဌ Gam San က ေျပာပါတယ္။

"လွ်ပ္စစ္မီးကလည္း တကယ္ဆို က်ေနာ္တို႔ဘက္ ေျပာပေလာက္ေအာင္ ရမွာမဟုတ္ပါဘူး။ အဓိကကေတာ့ အကုန္လံုး တ႐ုတ္ျပည္ကို ပို႔မယ့္ ကိစၥပါ။ ေက်ာက္စိမ္းကိစၥလိုမ်ဳိးေပ့ါ။ ဌာေနတိုင္းရင္းသားေတြက ဘာမွ ရတာမဟုတ္ဘူး။ အခုဆိုရင္ အိမ္ေျခေပါင္းအမ်ားႀကီးပဲ။ ေဒသခံရြာေတြ ဘယ္ေရာက္သြားသလဲ။ အကုန္လံုး ေရႊ႕ေျပာင္းခဲ့ရတယ္ေလ။ ဌာနတိုင္းရင္းသားေတြအတြက္ ဒီစီမံကိန္းက ဘယ္လိုအက်ဳိးရွိႏိုင္မလဲ။ အဲဒါကို ေထာက္ျပခ်င္တာပါ။"

အခုလို ျမစ္ဆံုဆည္စီမံကိန္းကို ျပန္ၿပီးစတင္ဖို႔ အမ်ားျပည္သူလက္မခံတဲ့အေနအထားမွာ တ႐ုတ္-ျမန္မာ နွစ္ႏိုင္ငံရဲ႕အနာဂတ္ ဆက္ဆံေရးအတြက္ ဒီစီမံကိန္းႀကီးကို ဆက္လုပ္ဖို႔ ဘယ္ေလာက္ထိ အေရးပါမလဲဆိုတဲ့ သတင္းေထာက္တဦးရဲ႕ ေမးခြန္းကိုေတာ့ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi က စကားျပန္ကတဆင့္ သတင္းစာရွင္းလင္းပဲြမွာ အခုလို ေျပာသြားပါတယ္။

"တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဖြံၿဖိဳးတိုးတက္ေစဖို႔ ေစတနာရွိရွိ ေဖာ္ေဆာင္ေနတာေတြ ရွိပါတယ္။ ဒါကတ႐ုတ္အစိုးရနဲ႔ တ႐ုတ္ျပည္သူေတြရဲ႕ ရင္ထဲသေဘာထား ျဖစ္ပါတယ္။ အခု ျမန္မာႏိုင္ငံမွာ ေဆာင္ရြက္ေနတဲ့ အႀကီးစားစီမံကိန္းေတြဟာ မ်ားေသာအားျဖင့္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ အဲဒီပူးေပါင္းေဆာင္ရြက္မႈဟာ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးကို ျပသေနတာလည္း ျဖစ္ပါတယ္။ တ႐ုတ္ကုမၸဏီအေနနဲ႔လည္း အခုေဆာင္ရြက္ေနတဲ့ စီမံကိန္းမ်ားကို ေဒသခံျပည္သူလူထုကို အက်ဳိးအျမတ္ခံစားႏိုင္ရန္ ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။"

ဒီေျဖၾကားခ်က္ကိုၾကည့္ရင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြဘက္က အျမင္ၾကည္လင္မႈကို ရရွိဖို႔ အစြမ္းကုန္ႀကိဳးစားေနတယ္ဆိုတာ ေတြ႔ျမင္ရတယ္လို႔ Yun Sun က ေျပာပါတယ္။

"တ႐ုတ္က ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းမြန္လိုတယ္ဆိုတာကေတာ့ ရွင္းပါတယ္။ အတိတ္က တ႐ုတ္က ျမန္မာစစ္အစိုးရနဲ႔ ဆက္ဆံခဲ့ၿပီး ျမန္မာ့လူ႔အဖဲြ႔အစည္းက မႀကိဳက္တဲ့သေဘာတူညီမႈေတြ လုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္က တရုတ္အစိုးရကေန ျမန္မာႏိုင္ငံသားေတြကို ျပသဖို႔ႀကိဳးစားခဲ့တာက တ႐ုတ္ဟာ ျမန္မာႏိုင္ငံရဲ႕မိတ္ေဆြျဖစ္တယ္၊ ျမန္မာႏိုင္ငံရဲ႕ ဖံြၿဖိဳးတိုးတက္မႈ၊ လူေနမႈအဆင့္အတန္းျမႇင့္တင္ႏိုင္ေရးအတြက္ ေငြေၾကးေထာက္ပံ့လိုတယ္။ ဒါနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံအမ်ားစုက ဘယ္လိုသေဘာထားသလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ခုေတာ့ NLD အစိုးရဘက္ကတုန္႔ျပန္ရမယ့္အလွည့္ေရာက္ပါၿပီ။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အဓိကအားျဖင့္ တ႐ုတ္နဲ႔ သမိုင္းစာမ်က္ႏွာသစ္စတင္လိုေပမဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ျမစ္ဆံုကိစၥအေျဖရွာႏိုင္ေရးဟာ အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ တရုတ္ျမန္မာဆက္ဆံေရးအေၾကာင္းေျပာတိုင္း လူေတြက ဒီအေၾကာင္းကို အၿမဲပဲထည့္ေျပာၾကတယ္။ စီမံကိန္းေရွ႕ဘယ္လိုဆက္မလဲ၊ ျမန္မာဘက္က အၿပီးအပိုင္ျဖတ္ပစ္မလား၊ တရုတ္ဘက္ကပဲ ဆက္ၿပီးဖိအားေပးသြားမလား၊ ႏွစ္ႏို္င္ငံလံုးကေတာ့ ဒီကိစၥကိုအေျဖရွာရာမွာ ႏွစ္ဖက္လံုးထိခိုက္မႈနဲႏိုင္သမွ်နဲၿပီး ေအးေအးေဆးေဆးၿပီးစီးသြားဖို႔ လိုလားပံုရပါတယ္။"

၂၀၁၄ ခုနွစ္ ျမန္မာႏိုင္ငံမွာက်င္းပတဲ့ အာဆီယံထိပ္သီး အစည္းအေ၀းကို တက္ေရာက္လာတဲ့ တ႐ုတ္၀န္ႀကီးခ်ဳပ္ Li Keqiang ကလည္း ျမန္မာျပည္စြမ္းအင္၊ စိုက္ပ်ဴိးေရး၊ ဆက္သြယ္ေရး၊ အေျခခံ အေဆာက္အဦးေတြနဲ႔ ဘ႑ာေရး စတဲ့ က႑ေတြမွာ အေမရိကန္ ၇ ဘီလီယံေက်ာ္ ေထာက္ပံ့ေရး အစီအစဥ္အတြက္ လက္မွတ္ေရးထိုး သေဘာတူညီခဲ့ပါတယ္။ မေန႔က ျမန္မာႏိုင္ငံကို ေရာက္ရွိလာတဲ့ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ ႏွစ္ရက္ၾကာခရီးစဥ္ဟာ NLD အစိုးရသစ္ကို ဂုဏ္ျပဳဖို႔နဲ႔ ႏွစ္ႏိုင္ငံ ရင္းႏွီးခ်စ္ၾကည္မႈ ဆက္ၿပီး ခိုင္ၿမဲေစဖို႔အတြက္ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က သတင္းစာရွင္းလင္းပဲြအတြင္း ေျပာဆိုခဲ့ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................................

တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ အငြင်းပွားစရာရှိနေတဲ့ မြစ်ဆုံဆည်စီမံကိန်း စာချုပ် အချက်အလက်တွေကို အများပြည်သူသိအောင် လတ်တလောချပြဖို့ အခက်အခဲ ရှိလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့အငြင်းပွားစရာ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုကိုင်တွယ်ဖို့ အလားအလာရှိနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ တရုတ်ရဲ့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်လို့ အချက်အလက်တွေကို အများပြည်သူသိအောင် ဘယ်အချိန်ထုတ်ဖော်ပြောဆိုဖို့ရှိပါသလဲလို့ သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာမှာ သူက အခုလို ပြောသွားတာပါ။

"စာချုပ်က ကျမတောင်မှ မဖတ်ရသေးဘူး။ အဲတော့ ပြည်သူလူထုကို ချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။"

ကချင်လူထုအပါအဝင် မြန်မာပြည်သူအများစုက ကန့်ကွက်ထားတဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်း စတင်တဲ့နေရာမှာရှိနေတဲ့ တရုတ်ရဲ့ မြစ်ဆုံဆည်စီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတာပါ။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကိုကြည့်ရင် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ သူ့ဘက်က သတိကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းလိုတာ တွေ့ရတယ်လို့ ၀ါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က သုံးသပ်ပါတယ်။

"သူက စာချုပ်ရဲ့အသေးစိတ် အချက်အလက်တွေ သိနိုင်ဖို့ စာချုပ်ကို ပြန်လေ့လာဖို့လိုတယ်။ ဒါမှစီမံကိန်းရဲ့ အဆိုးအကောင်းကို ခွဲခြားစိတ်ဖြာ သိရှိနိုင် မှာဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာကတော့ လက်ခံနိုင်စရာ အကြောင်းပြချက်ပါပဲ။ ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျမတို့ သိထားတဲ့အတိုင်း မြစ်ဆုံကိစ္စက သိပ်ကိုသတိထားရမယ့် အချက်ပါ။ ဒီစီမံကိန်းကိုပြန်စမယ်လို့ ပြောဆိုမှုမှန်သမျှဟာ နိုင်ငံရေးအရ သိပ်ကို ဒုက္ခရောက်စေနိုင်တာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တယ်ဆိုတာကို ပြသလိုတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လို့လည်း မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ကတော့ အခုလိုသူပြောလိုက်တာကတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ လောလောဆယ်ဆိုင်းထားလိုပြီး ဘာမှမပြောလိုသေးဘူးလို့ ပြောခဲ့ပုံရပါတယ်။"

ဒီမြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဖျားစတင်တဲ့နေရာမှာဖြစ်တာ ကြောင့် စီမံကိန်းရဲ့ဆိုကျိုးအနေနဲ့ ဒီမြစ်တလျောက် မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေရဲ့လူမှုဘဝတွေ ထိခိုက်နစ်နာမှုတွေ ပိုပြီးများနေကြောင်း လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ကန့်ကွက်ထားတာပါ။ ဒါအပြင် ၂၀၀၇ ခုနှစ်လောက်မှာ စတင်ခဲ့တဲ့ ဒီဆည်စီမံကိန်းကြောင့် ဒေသခံကချင်လူထုတွေအတွက်လည်း ဆုံးရှုံးနစ်နာမှှုတွေ အများကြီးရှိခဲ့တယ်လို့ ၀ါရှင်တန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gam San က ပြောပါတယ်။

"လျှပ်စစ်မီးကလည်း တကယ်ဆို ကျနော်တို့ဘက် ပြောပလောက်အောင် ရမှာမဟုတ်ပါဘူး။ အဓိကကတော့ အကုန်လုံး တရုတ်ပြည်ကို ပို့မယ့် ကိစ္စပါ။ ကျောက်စိမ်းကိစ္စလိုမျိုးပေ့ါ။ ဌာနေတိုင်းရင်းသားတွေက ဘာမှ ရတာမဟုတ်ဘူး။ အခုဆိုရင် အိမ်ခြေပေါင်းအများကြီးပဲ။ ဒေသခံရွာတွေ ဘယ်ရောက်သွားသလဲ။ အကုန်လုံး ရွှေ့ပြောင်းခဲ့ရတယ်လေ။ ဌာနတိုင်းရင်းသားတွေအတွက် ဒီစီမံကိန်းက ဘယ်လိုအကျိုးရှိနိုင်မလဲ။ အဲဒါကို ထောက်ပြချင်တာပါ။"

အခုလို မြစ်ဆုံဆည်စီမံကိန်းကို ပြန်ပြီးစတင်ဖို့ အများပြည်သူလက်မခံတဲ့အနေအထားမှာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့အနာဂတ် ဆက်ဆံရေးအတွက် ဒီစီမံကိန်းကြီးကို ဆက်လုပ်ဖို့ ဘယ်လောက်ထိ အရေးပါမလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စကားပြန်ကတဆင့် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

"တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်စေဖို့ စေတနာရှိရှိ ဖော်ဆောင်နေတာတွေ ရှိပါတယ်။ ဒါကတရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေရဲ့ ရင်ထဲသဘောထား ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အကြီးစားစီမံကိန်းတွေဟာ များသောအားဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်-မြန်မာချစ်ကြည်ရေးကို ပြသနေတာလည်း ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီအနေနဲ့လည်း အခုဆောင်ရွက်နေတဲ့ စီမံကိန်းများကို ဒေသခံပြည်သူလူထုကို အကျိုးအမြတ်ခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။"

ဒီဖြေကြားချက်ကိုကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က အမြင်ကြည်လင်မှုကို ရရှိဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ တွေ့မြင်ရတယ်လို့ Yun Sun က ပြောပါတယ်။

"တရုတ်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်လိုတယ်ဆိုတာကတော့ ရှင်းပါတယ်။ အတိတ်က တရုတ်က မြန်မာစစ်အစိုးရနဲ့ ဆက်ဆံခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းက မကြိုက်တဲ့သဘောတူညီမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရကနေ မြန်မာနိုင်ငံသားတွေကို ပြသဖို့ကြိုးစားခဲ့တာက တရုတ်ဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့လိုတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအများစုက ဘယ်လိုသဘောထားသလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခုတော့ NLD အစိုးရဘက်ကတုန့်ပြန်ရမယ့်အလှည့်ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကအားဖြင့် တရုတ်နဲ့ သမိုင်းစာမျက်နှာသစ်စတင်လိုပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ မြစ်ဆုံကိစ္စအဖြေရှာနိုင်ရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ တရုတ်မြန်မာဆက်ဆံရေးအကြောင်းပြောတိုင်း လူတွေက ဒီအကြောင်းကို အမြဲပဲထည့်ပြောကြတယ်။ စီမံကိန်းရှေ့ဘယ်လိုဆက်မလဲ၊ မြန်မာဘက်က အပြီးအပိုင်ဖြတ်ပစ်မလား၊ တရုတ်ဘက်ကပဲ ဆက်ပြီးဖိအားပေးသွားမလား၊ နှစ်နို်င်ငံလုံးကတော့ ဒီကိစ္စကိုအဖြေရှာရာမှာ နှစ်ဖက်လုံးထိခိုက်မှုနဲနိုင်သမျှနဲပြီး အေးအေးဆေးဆေးပြီးစီးသွားဖို့ လိုလားပုံရပါတယ်။"

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း မြန်မာပြည်စွမ်းအင်၊ စိုက်ပျိူးရေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦးတွေနဲ့ ဘဏ္ဍာရေး စတဲ့ ကဏ္ဍတွေမှာ အမေရိကန် ရ ဘီလီယံကျော် ထောက်ပံ့ရေး အစီအစဉ်အတွက် လက်မှတ်ရေးထိုး သဘောတူညီခဲ့ပါတယ်။ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နှစ်ရက်ကြာခရီးစဉ်ဟာ NLD အစိုးရသစ်ကို ဂုဏ်ပြုဖို့နဲ့ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ဆက်ပြီး ခိုင်မြဲစေဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)