ရန်ကုန်စတော့ရှယ်ယာဈေး အနိမ့်ဆုံးသို့ကျဆင်း
 ရန်ကုန် ဧပြီ ၅
 ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာ များ စတင်ရောင်းချပြီး သီတင်း နှစ်ပတ်မပြည့်မီ ကာလအတွင်း ရှယ်ယာဈေး အနိမ့်ဆုံးကျဆင်းသွား ခဲ့ကြောင်း ဧပြီ ၅ ရက် နံနက်ပိုင်း က ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
''ဒီနေ့မနက် ဈေးဖွင့်တာက တော့ ငွေကျပ် ၃၅ဝဝဝ နဲ့ ဈေးဖွင့် တာပါ။ နံနက် ၁၁ နာရီ စတော့ဖွင့် ချိန်မှာတော့ ဈေးက ငွေကျပ် ၃ဝဝဝဝ အထိ ပြန်ကျသွားခဲ့ပါ တယ်။ ဝယ်လိုအားနည်းပြီး ရောင်းလို အားများတဲ့အတွက် ဈေးကျဆင်း သွားခဲ့တာပါ။ စတော့ရှယ်ယာရဲ့ သဘောကတော့ ဝယ်လိုအား ရောင်းလိုအားအပေါ်မှာ မူတည်ပြီး တော့ အတက်အကျရှိနိုင်ပါတယ်'' ဟု စတော့ဈေးကွက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် စတော့ရှယ်ယာဈေးသည် မတ်လ ၂၉ ရက်က အမြင့်ဆုံးငွေကျပ် ၄၁ဝဝဝ အထိအမြင့်ဆုံးတက်ခဲ့ပြီး ရှယ်ယာရောင်းလိုသူများက ငွေကျပ် ၅ဝဝဝဝ အထိ ဈေးအတက်ကို စောင့်ဆိုင်းနေကြစဉ် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရှယ်ယာရောင်းဝယ်သူ ကိုဝင်းကျော်ဦးက ပြောသည်။
ရှယ်ယာဈေးကွက်ကို ရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ထားရာ တစ်နေ့လျှင် နံနက် ၁၁ နာရီတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိသည်။ မွန်းလွဲ ၁ နာရီဖွင့်သည့်ဈေးသည် နောက်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်သည့်ဈေးနှင့် အတူတူ ဖြစ်သည်။
သတင်း-မြင့်မောင်စိုး
Myanmaalinn
................................................
 ရန်ကုန် ဧပြီ ၅
 ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာ များ စတင်ရောင်းချပြီး သီတင်း နှစ်ပတ်မပြည့်မီ ကာလအတွင်း ရှယ်ယာစျေး အနိမ့်ဆုံးကျဆင်းသွား ခဲ့ကြောင်း ဧပြီ ၅ ရက် နံနက်ပိုင်း က ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
''ဒီနေ့မနက် စျေးဖွင့်တာက တော့ ငွေကျပ် ၃၅ဝဝဝ နဲ့ စျေးဖွင့် တာပါ။ နံနက် ၁၁ နာရီ စတော့ဖွင့် ချိန်မှာတော့ စျေးက ငွေကျပ် ၃ဝဝဝဝ အထိ ပြန်ကျသွားခဲ့ပါ တယ်။ ဝယ်လိုအားနည်းပြီး ရောင်းလို အားများတဲ့အတွက် စျေးကျဆင်း သွားခဲ့တာပါ။ စတော့ရှယ်ယာရဲ့ သဘောကတော့ ဝယ်လိုအား ရောင်းလိုအားအပေါ်မှာ မူတည်ပြီး တော့ အတက်အကျရှိနိုင်ပါတယ်'' ဟု စတော့စျေးကွက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် စတော့ရှယ်ယာစျေးသည် မတ်လ ၂၉ ရက်က အမြင့်ဆုံးငွေကျပ် ၄၁ဝဝဝ အထိအမြင့်ဆုံးတက်ခဲ့ပြီး ရှယ်ယာရောင်းလိုသူများက ငွေကျပ် ၅ဝဝဝဝ အထိ စျေးအတက်ကို စောင့်ဆိုင်းနေကြစဉ် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရှယ်ယာရောင်းဝယ်သူ ကိုဝင်းကျော်ဦးက ပြောသည်။
ဧပြီ ၅ ရက် နံနက်ပိုင်းက စုစုပေါင်းရှယ်ယာ အရောင်းအဝယ် ၂၂ဝ၉၆ ခု ဖြစ်ပေါ်ခဲ့ပြီး ရှယ်ယာ တစ်စုငွေကျပ် ၃ဝဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယနေ့စျေးတွင် ငွေကျပ် ၃၅ဝဝဝ ဖြင့် ဖွင့်လှစ်ခဲ့၍ ငွေကျပ် ၄ဝဝဝဝ အထိ စျေးပြန်ရောက်ဖွယ်ရှိသည်။ ရှယ်ယာစျေးမှာ ဖွင့်သည့်စျေးအပေါ် မူတည်သည်။ ဖွင့်သည့် စျေးသည် ငွေကျပ် ၃၅ဝဝဝဖြင့် ဖွင့်ပါက ငွေကျပ် ၄ဝဝဝဝ အထိ တက်နိုင်သည်။ ကျလျှင်လည်း ငွေကျပ် ၃ဝဝဝဝ အထိသာ အနိမ့်ဆုံးဖြစ်သည်။ စတင်ဖွင့်သည့်စျေး၏ အတက်အကျ မှာ ငွေကျပ် ၅ဝဝဝ စီ ကွာခြားမှုရှိသည်။
ရှယ်ယာစျေးကွက်ကို ရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ထားရာ တစ်နေ့လျှင် နံနက် ၁၁ နာရီတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိသည်။ မွန်းလွဲ ၁ နာရီဖွင့်သည့်စျေးသည် နောက်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်သည့်စျေးနှင့် အတူတူ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းစတော့ရှယ်ယာများကို ပြီးခဲ့ သည့်လကုန်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချခဲ့ရာ စတင် ဖွင့်လှစ်သည့်နေ့မှာပင် ငွေကျပ် ၃၁ဝဝဝ အထိ စျေးရှိခဲ့ သည်။ မတ် ၂၅ ရက်နောက်ပိုင်း စတော့ရှယ်ယာဝယ်လို အားကောင်းလာခဲ့ပြီး လကုန်ပိုင်းတွင် အမြင့်ဆုံးငွေကျပ် ၄၁ဝဝဝ အထိ မြင့်တက်ခဲ့သည်။ သို့သော်လည်း ဧပြီ ၅ ရက် နံနက်ပိုုင်းက အဖွင့်စျေးငွေကျပ် ၃၅ဝဝဝ ဖြစ်ခဲ့သော် လည်း ဝယ်လိုအားကြောင့်ငွေကျပ် ၅ဝဝဝ ပြန်ကျသွားခဲ့ သည်။
စတော့ရှယ်ယာစျေးမှာ အမေရိကန်ဒေါ်လာစျေး အပေါ်တွင်လည်း အခြေခံကြောင်း စတော့ရှယ်ယာ ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ဧပြီ ၅ ရက် နံနက်ပိုင်း က အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၁၂ဝ၅ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)