ထိုင်းနယ်စပ်တာချီလိတ်မြို့မီးလောင် ထိုင်းဘက်မှ မီးသတ်ကားများ လာရောက်ကူငြိမ်း
ဧပြီလ ၁၀ ရက် ၂၀၁၆
စနေနေ့ညပိုင်း ဧပြီလ ၉ ရက်ညပိုင်း ၇ နာရီအချိန်မှာ မကာဟိုခမ်းရပ် ဝမ့်တိုင်းငွမ်းသျှမ်းရွာမှာမီး လောင်မှုဖြစ်ခဲ့တာပါ။
Panglong(Burmese)
..........................................
ဧပြီလ ၁၀ ရက် ၂၀၁၆
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာ မီးလောင်မှု ကြောင့် လူနေအိမ် ၂၈ အိမ် မီးထဲပါသွားပါတယ်။
စနေနေ့ညပိုင်း ဧပြီလ ၉ ရက်ညပိုင်း ရ နာရီအချိန်မှာ မကာဟိုခမ်းရပ် ဝမ့်တိုင်းငွမ်းသျှမ်းရွာမှာမီး လောင်မှုဖြစ်ခဲ့တာပါ။
အဲဒီရွာမှာ ပျဉ်ထောင်အိမ်တွေသာဖြစ်နေဆဲဖြစ်တာကြောင့် မီးကူးစက်မြန် တာဖြစ်ကြောင်း တာချီ လိတ်ဒေသခံ စိုင်းဆာမ်ခမ်း ကပြောပါတယ်။
“ ကျနော်တို့ရွာနဲ့စပ်နေတဲ့ ရွာလေးပါ။ ဝမ့်တိုင်းငွမ်းလို့အမည်ရပါတယ်။ သူတို့က မိန်းငွမ်းကနေ ပြောင်းလာနေလို့လေ။ အဲအိမ်တွေ ပျဉ်ထောင် အိမ် တွေချည်းမို့ မီးကူးမြန်တာ။ မီးလောင်တဲ့ အချိန်က လေလည်း အရမ်းတိုက်တဲ့ခါကျတော့ မီးငြိမ်းလို့မမှီနိုင်တော့ဘူးလေ။ အိမ်ခြေ ၂၈ လုံး ပါသွားတယ်။ ”
တာချီလိတ်ကမီးသတ်ကားအရေအတွက်နည်းပါးတဲ့အပြင် ကားထဲမှာရှိ တဲ့ေ ရ က မီးငြိမ်းဖို့ မလောက်တာကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းက မီး သတ် ကားတွေလာ ရောက်ငြိမ်းကူရပြီး ၂ နာရီကြာမှ မီးငြိမ်းသတ်နိုင်ခဲ့ တယ်လို့ဆိုပါတယ်။
“ ထိုင်းဘက်ကမီးသတ်ကားမလာရင်တော့ မလွယ်ဘူး။ ဒီဘက်ကကားက တခါပက်ပြီးတာနဲ့ ရေကုန်သွားပြီ။ အဲ့တိုင်းဘဲ ရပ်နေတော့ တာ။” နေအိမ်မီးမကူးတဲ့ ပါ့နန်းအိမ်က ပြောပါတယ်။
ဝမ့်တိုင်းငွမ်းရွာမှာ ရှေးကျတဲ့ ပျဉ်ထောင်အိမ်တွေရှိနေသေးတာကြောင့် ထိုင်းဘက်ကလာ ရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ အလည်အပတ်များတဲ့နေရာ တခုလည်းဖြစ် ကြောင်းသိရ ပါတယ်။
“ နှမြောစရာပေါ့ဗျာ။ တိုးရစ်တွေကြိုက်တဲ့နေရာတခုပါ။ အခု လူတွေက ပိုက် ဆံရှိလာရင် ထိုင်း ဘက် ကအိမ်ပုံစံမျိုးတွေ ပြင်ဆောက်ကုန်တော့ အဲလို ရှေး လက်ရာတွေဆို အဲ့ရွာမှာ ဘဲရှိတော့ တာ။ မီးရှို့ရာကနေ လောင် တာလို့သိရ ပါတယ်။ သေကြေဒဏ်ရာရတာတော့မရှိပါဘူး။ စစ်ဆေးနေတုန်းပါဘဲ။ ”
အတည်မပြုနိုင်သေးတဲ့သတင်းအရ မယ်ဆိုင်ဘက်ခြမ်းကနေသားမက်လာ တက်သူတယောက်က ယာဘဆေးကြောင်ရာကနေ နေအိမ်ကို ဓါတ်ဆီေ လာင်း မီးရှို့ တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ တရက်တည်း တချိန်ထဲမှာဘဲ မိုင်းတုံမြို့မှာလည်း မိုင်းတုံဈေးကြီး မီးလောင်လို့ ဆိုင်ခန်းတွေတော်တော်များများ မီးကူးစက်လောင် ကျွမ်းခဲ့တယ် လို့သိရပါတယ်။ မီးသတ်ကား ရေမရှိလို့ ဒေသတွင်းလူထု စုပေါင်းငြိမ်းသတ် တာ သန်းခေါင်ကျော်မှ မီးငြိမ်းနိုင်ခဲ့ တယ်လို့ဆိုပါတ
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)