ထားဝယ္စီးပြားဇုံနားမွာ တရုတ္က ေရနံသန္႔စင္ရုံ ေဆာက္မယ္

Caltex ရဲ့ ေရနံ သန္႔စင္ေရး စက္ရုံတစ္ခု (Credit: AFP) 
တရုတ္ႏိုင္ငံက ​ကုမၸဏီတစ္ခုဟာ ​ထားဝယ္ ​အထူးစီးပြားေရးဇုံအနားမွာ ​ေရနံသန္႔စင္ ​စက္ရုံတစ္ခု ​တည္ေဆာက္မယ္လို႔ ​Nikkei ​သတင္းမွာ ​ေဖာျ္ပထားပါတယ္။

အဲဒီ ​စက္ရုံက ​ဂ်ပန္နဲ႔ ​ထိုင္းတို႔ ​တည္ေဆာက္ေနတဲ့ ​ထားဝယ္ ​အထူးစီးပြားေရးဇုံနား ​ျဖစ္ေနတာေၾကာင့္ ​ဂ်ပန္ ​ကုမၸဏီေတြက ​ဒီကိစၥကို ​ျပန္လည္ ​သုံးသပ္မႈ ​လုပ္ႏိုင္တယ္လို႔ ​ေရးသားထားပါတယ္။

မတ္လ ​အကုန္တုန္းကပဲ ​ျမန္မာႏိုင္ငံက ​ရင္းႏွီးျမဳပ္ႏွံေရး ​ေကာ္မရွင္က ​Guangdong ​Zhenrong ​Energy ​ကို ​ေဒၚလာ ​၃ ​ဘီလီယံ ​ကုန္က်မယ့္ ​ေရနံ ​သန္႔စင္ေရး ​စက္ရုံ ​တည္ေဆာက္ခြင့္ျပဳလိုက္တာလို႔ ​ဆိုပါတယ္။

ဒါဟာ ​အႀကီးစား ​ေရနံ ​သန္႔စင္ေရး ​စက္ရုံျဖစ္ၿပီး ​၂၀၁၉ ​ခုႏွစ္မွာ ​စီမံကိန္း ​စတင္မယ္လို႔ ​ဆိုပါတယ္။

အဲဒီ ​စက္ရုံက ​တစ္ရက္အတြင္း ​ေရနံစည္ေပါင္း ​တစ္သိန္းကို ​သန္႔စင္ႏိုင္မွာ ​ျဖစ္တယ္လို႔ ​ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ​ေခတ္မွီတဲ့ ​သန္႔စင္ေရး ​စက္ရုံေတြ ​မရွိတဲ့အတြက္ ​ေရနံနဲ႔ ​သဘာဝ ​ဓာတ္ေငြ႔ကို ​တျခားႏိုင္ငံကေန ​ဝယ္ယူ ​တင္သြင္းေနရတာ ​ျဖစ္ပါတယ္။

Guangdong ​Zhenrong ​Energy ​ဟာ ​တရုတ္အစိုးရနဲ႔ ​ဆက္စပ္မႈ ​ရွိတဲ့ ​ကုမၸဏီ ​ျဖစ္တယ္လို႔ ​ေဖာ္ျပထားၿပီး ​အေရွ႕အလယ္ပိုင္းက ​ေရနံစိမ္းေတြကို ​တရုတ္ႏိုင္ငံထဲ ​တင္သြင္းတဲ့ ​ကုမၸဏီ ​ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ​ေရနံ ​သန္႔စင္ေရး ​စက္ရုံ ​တည္ေဆာက္မယ့္ ​ကိစၥမွာ ​တရုတ္အစိုးရလည္း ​ပါဝင္မယ္လို႔လည္း ​သုံးသပ္ေနၾကပါတယ္။

တရုတ္ေရနံသန္႔စင္ေရး ​စက္ရုံက ​ထားဝယ္ ​အထူးစီးပြားေရးဇုံထဲမွာ ​မပါဝင္ေပမယ့္ ​တရုတ္က ​အဲဒီေဒသမွာ ​ပထမဆုံး ​အႀကီးစားလုပ္ငန္း ​လုပ္ကိုင္တဲ့အတြက္ ​ဂ်ပန္က ​သူတို႔ရဲ့ ​အစီအစဥ္အေပၚ ​ျပန္လည္ ​သုံးသပ္ႏိုင္တယ္လို႔ ​ဆိုပါတယ္။

ထားဝယ္ ​အထူးစီးပြားေရးဇုံ ​အေကာင္အထည္ ​ေဖာ္ရာမွာ ​ေငြေၾကးအခက္အခဲ ​ရွိတဲ့အတြက္ ​အီတလီနဲ႔ ​ထိုင္းကုမၸဏီက ​ဂ်ပန္ကို ​ဖိတ္ေခၚခဲ့တာ ​ျဖစ္ပါတယ္။  ​ဂ်ပန္က ​အထူးစီးပြားေရးဇုံမွာ ​လွ်ပ္စစ္စက္ရုံေတြ၊ ​ဓာတုစက္ရုံနဲ႔ ​ႀကီးမားတဲ့ ​စက္ေတြ ​ထုတ္လုပ္ႏိုင္မယ့္ ​စက္ရုံကို ​ထားရွိဖို႔ ​စီစဥ္ေနတာ ​ျဖစ္ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

.............................................


Caltex ရဲ့ ရေနံ သန့်စင်ရေး စက်ရုံတစ်ခု (Credit: AFP)
တရုတ်နိုင်ငံက ​ကုမ္ပဏီတစ်ခုဟာ ​ထားဝယ် ​အထူးစီးပွားရေးဇုံအနားမှာ ​ရေနံသန့်စင် ​စက်ရုံတစ်ခု ​တည်ဆောက်မယ်လို့ ​Nikkei ​သတင်းမှာ ​ဖောြ်ပထားပါတယ်။

အဲဒီ ​စက်ရုံက ​ဂျပန်နဲ့ ​ထိုင်းတို့ ​တည်ဆောက်နေတဲ့ ​ထားဝယ် ​အထူးစီးပွားရေးဇုံနား ​ဖြစ်နေတာကြောင့် ​ဂျပန် ​ကုမ္ပဏီတွေက ​ဒီကိစ္စကို ​ပြန်လည် ​သုံးသပ်မှု ​လုပ်နိုင်တယ်လို့ ​ရေးသားထားပါတယ်။

မတ်လ ​အကုန်တုန်းကပဲ ​မြန်မာနိုင်ငံက ​ရင်းနှီးမြုပ်နှံရေး ​ကော်မရှင်က ​Guangdong ​Zhenrong ​Energy ​ကို ​ဒေါ်လာ ​၃ ​ဘီလီယံ ​ကုန်ကျမယ့် ​ရေနံ ​သန့်စင်ရေး ​စက်ရုံ ​တည်ဆောက်ခွင့်ပြုလိုက်တာလို့ ​ဆိုပါတယ်။

ဒါဟာ ​အကြီးစား ​ရေနံ ​သန့်စင်ရေး ​စက်ရုံဖြစ်ပြီး ​၂၀၁၉ ​ခုနှစ်မှာ ​စီမံကိန်း ​စတင်မယ်လို့ ​ဆိုပါတယ်။

အဲဒီ ​စက်ရုံက ​တစ်ရက်အတွင်း ​ရေနံစည်ပေါင်း ​တစ်သိန်းကို ​သန့်စင်နိုင်မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ခေတ်မှီတဲ့ ​သန့်စင်ရေး ​စက်ရုံတွေ ​မရှိတဲ့အတွက် ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့ကို ​တခြားနိုင်ငံကနေ ​ဝယ်ယူ ​တင်သွင်းနေရတာ ​ဖြစ်ပါတယ်။

Guangdong ​Zhenrong ​Energy ​ဟာ ​တရုတ်အစိုးရနဲ့ ​ဆက်စပ်မှု ​ရှိတဲ့ ​ကုမ္ပဏီ ​ဖြစ်တယ်လို့ ​ဖော်ပြထားပြီး ​အရှေ့အလယ်ပိုင်းက ​ရေနံစိမ်းတွေကို ​တရုတ်နိုင်ငံထဲ ​တင်သွင်းတဲ့ ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရေနံ ​သန့်စင်ရေး ​စက်ရုံ ​တည်ဆောက်မယ့် ​ကိစ္စမှာ ​တရုတ်အစိုးရလည်း ​ပါဝင်မယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

တရုတ်ရေနံသန့်စင်ရေး ​စက်ရုံက ​ထားဝယ် ​အထူးစီးပွားရေးဇုံထဲမှာ ​မပါဝင်ပေမယ့် ​တရုတ်က ​အဲဒီဒေသမှာ ​ပထမဆုံး ​အကြီးစားလုပ်ငန်း ​လုပ်ကိုင်တဲ့အတွက် ​ဂျပန်က ​သူတို့ရဲ့ ​အစီအစဉ်အပေါ် ​ပြန်လည် ​သုံးသပ်နိုင်တယ်လို့ ​ဆိုပါတယ်။

ထားဝယ် ​အထူးစီးပွားရေးဇုံ ​အကောင်အထည် ​ဖော်ရာမှာ ​ငွေကြေးအခက်အခဲ ​ရှိတဲ့အတွက် ​အီတလီနဲ့ ​ထိုင်းကုမ္ပဏီက ​ဂျပန်ကို ​ဖိတ်ခေါ်ခဲ့တာ ​ဖြစ်ပါတယ်။  ​ဂျပန်က ​အထူးစီးပွားရေးဇုံမှာ ​လျှပ်စစ်စက်ရုံတွေ၊ ​ဓာတုစက်ရုံနဲ့ ​ကြီးမားတဲ့ ​စက်တွေ ​ထုတ်လုပ်နိုင်မယ့် ​စက်ရုံကို ​ထားရှိဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)