မွန်ဝန်ကြီးချုပ်ဦးမင်းမင်းဦး အတွက် စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတွေ

မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဘီးလင်းမဲဆန္ဒနယ် ၂ က ဦးမင်းမင်းဦး ကိုရွေးလိုက်တော့ တော်တော်လေးအံ့သြသွားကြတယ်။ ပြောရမယ်ဆိုရင်တော့ ဦးမင်းမင်းဦးဟာ မွန်ပြည်နယ် အတွင်းမှာ No Profile တစ်ယောက်ပါ။ ဒါ့ကြောင့် မွန်ပြည်နယ် NLD ပါတီထဲမှာ နောက်ခံအင်အားအသီးသီးမွေးထားတဲ့ ဒေါက်တာအေးဇံ အုပ်စု နဲ ့ မင်းထင်အောင်ဟန် အုပ်စု တို ့ကို လာမယ့် ၅ နှစ်အတွင်းမှာ သူ ခက်ခက်ခဲခဲကျော်ဖြတ်ရမှာပါ။

ပြီးခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်မှာ Outstanding player ဖြစ်ခဲ့လို ့ ဝန်ကြီးချုပ်နေရာအထိ သတင်းကြီးခဲ့တဲ့ Egrass ဆင်း ဒေါက်တာအောင်နိုင်ဦး ဟာလည်း ဦးမင်းမင်းဦး သေချာပေါက် ရင်ဆိုင်ရမယ့် အတိုက်အခံတစ်ယောက်ပဲ ဆိုပါတော့။ ဘာကြောင့် ဒီလို အတိအကျ ပြောနိုင်လဲဆိုရင် ဒေါက်တာအောင်နိုင်ဦးဟာ ဝန်ကြီးချုပ်ဦးအုန်းမြင့် လို လူမျိုးကိုတောင် ပြည်နယ်တွင်း ဖွံ ့ဖြိုးရေးကိစ္စတွေ နဲ ့ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဝေဖန်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် မွန်ပြည်နယ် လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ ့မျက်နှာကို မထောက်ဘဲ စစ်ဗိုလ်ချုပ် ( ဟောင်း ) ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ဒေါက်တာအောင်နိိုင်ဦးဟာ အကြိမ်ကြိမ် ထောက်ပြခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ ( facebook သုံးတဲ့ကိစ္စ ၊ ဘက်ဂျက်ကိစ္စ ၊ ဘီးလူးကျွန်းမြစ်ကူးတံတားကိစ္စ ၊ အခုနောက်ဆုံး မော်လမြိုင်ကမ်းနားလမ်း တင်ဒါကိစ္စ ) အစုံပါပဲ။

ဒါကြောင့် ဒီလာမဲ့သက်တမ်းမှာ အရပ်သား ဝန်ကြီးချုပ်တစ်ယောက်ကို ဒေါက်တာအောင်နိုင်ဦး အနေနဲ ့လုံးဝ အလျော့ပေးလိမ့်မယ်လို ့မထင်ပါဘူး။

နောက်ထပ် ဦးမင်းမင်းဦး ရင်ဆိုင်ရမယ့် လူ ၂ ယောက်က မွန်အမျိုးသားပါတီက ဒေါက်တာမင်းစိုးလင်းန ဲ့ ဒေါက်တာမင်းကြည်ဝင်း တို ့ပဲဖြစ်ပါတယ်။ အဲဒီ ကိုယ်စားလှယ် နှစ်ယောက်ဟာ မွန်ပြည်သူတွေကြားမှာ High Profile တွေပါ။ လူသိများသလို နိုင်ငံရေးအကျဉ်သားဟောင်း ဖြစ်ခဲ့ဖူးတဲ့ အတွက်နိုင်ငံရေးသြဇာလည်း ကြီးပါတယ်။

အထူးသဖြင့် မွန်လူမျိုးစုအရေး ( မွန်စာပေ ၊ ယဉ်ကျေးမှု ၊ဘာသာစကား နဲ ့တိုင်းရင်းသားအခွင့်အရေး ) စတဲ့ အကြောင်းတရားတွေ နဲ ့ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဟာ အဲဒီ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ ့ထိပ်တိုက်တွေ ့ရဖို ့ရှိနေပါတယ်။ ဒါ့ပြင် မွန်အမျိုးသားပါတီ ဒုဥက္ကဌ နိုင်သက်လွင် နဲ ့သမီးဖြစ်တဲ့ မိကွန်ချမ်းတို ့နှစ်ဦးဟာ NLD ပါတီရဲ ့သြဇာခံ ဘဝ ရောက်သွားလို ့သူတို ့့နဲ ့ပတ်သက်ပြီး မွန်နိုင်ငံရေး အသိုင်းအဝိုင်းမှာ မကျေနပ်သံတွေ ညံနေပါတယ်။

အဲဒီအကျိုးဆက်ကြောင် ့မွန်ပါတီတွေနဲ ့NLD အစိုးရ၊ NLD လွှတ်တော်ကြားမှာ ပွတ်တိုက်မှုတွေမလွဲမသွေ ကြုံလာကြအုံးမှာပါ။ အထူးသဖြင့် လူမျိုးရေး Nationalism Ideology အားကြီးတဲ့ မွန်ပြည်သူအများစုရဲ့ထောက်ခံမှု မရဘူးဆိုရင် ဝန်ကြီးချုပ်ဦးမင်းမင်းဦး အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ အများကြီးကြံုတွေ ့ရမှာပါ။ ဒါကြောင့်လဲ ဦးမင်းမင်းဦး ကိုယ်တိုင် “ မွန်တွေက အစွဲကြီးတယ်” လို ့VOA အင်တာဗျူး ဖြေကြားခဲ့ပါတယ်။

ဒီနေရာမှာ နောက်ထပ် ဦးမင်းမင်းဦး ရင်ဆိုင်ရမဲ့ လူစွမ်းကောင်းတွေ ရှိနေပါသေးတယ်။ အဲဒီလူတွေက NLD ပါတီဝင်ထဲက သူ ့ကို အတိုက်အခံမလုပ်ရင်တောင် Cooperation ပူးပေါင်းဆောင်ရွက်မှု သိပ်လုပ်မှာမဟုတ်တဲ့ မိခင်ပါတီထဲက ဇာတ်ပို ့ဇာတ်ရံတွေပါပဲ။ အဲဒီလူတွေကတော့ သံလွင်မြစ်မြောက်ပို်င်းက ဒေါက်တာအေးဇံ ၊ သံလွင်မြစ်တောင်ပိုင်းက မင်းထင်အောင်ဟန် နဲ ့သံလွင်မြစ်လယ် ( ဘီးလူးကျွန်း ) က ဒေါ်ခင်ဌေးကြွယ် တို ့ရဲ ့ခြေသံလက်သံတွေလို ့ပြောမယ်ဆို ပြောလို ့ရပါတယ်။

မွန်ပြည်နယ် ၀န်ကြီးချုပ် အမည်စာရင်း မထွက်ခင်အထိ ဒေါက်တာ အေးဇံ ဟာ ဝန်ကြီးချုပ်ဖြစ်မယ်လို ့တစ်ပြေးနေသူတစ်ဦးပါ။ ဆရာဝန် ဂုဏ်ပုဒ် နဲ ့ အသက်အရွယ်အရ ဒေါက်တာအေးဇံ နာမည်ကြီးမယ်ဆိုလည်း ကြီးထိုက်ပါတယ်။ ဒါပေမယ့် သူအရွေးမခံလိုက် ရပါဘူး။ ပြစ်ချက်တစ်ချို ့ရှိနေတဲ့အတွက် ကြောင့်လို ့မွန်ပြည်နယ်လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ ့ကဆိုပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ဒေါက်တာအေးဇံ နဲ ့ရင်းနှီးသူတွေကတော့ ဦးမင်းမင်းဦးကို အိမ်ကွင်းအဝေးကွင်း ရွေးနေတော့မှာ မဟုတ်ဘူးလို ့ပြေဆိုသံတွေကြားကျယ်ကျယ်ပြန် ့ပြန် ့ထွက်နေပါတယ်။

နောက်ထပ် ဦးမင်းမင်းဦး ရင်ဆိုင်ရမယ့် တစ်ယောက်က စီးပွားရေးလုပ်ငန်းရှင် မင်းထင်အောင်ဟန်ပါ။ ဝန်ကြီးချုပ်ရာထူးအတွက် NLD ဗဟိုအထိ ဆိုင်ရာပိုင်ရာ ကတဆင့် လိုက်တယ်ဆိုပြီး တော်တော်လေး နာမည်ကြီးခဲ့တဲ့ မင်းထင်အောင်ဟန်ပါ။ အထူးသဖြင့် ကိုယ်ကျိုးစီးပွားလုပ်ဖို ့ဝန်ကြီးချုပ်ရာထူး လိုချင်နေတဲ့ လူတစ်ယောက်ဆိုပြီး ပါတီထဲမှာ တော်တော်လေးဝေဖန်ခံရသူပါ။ အခု သူကိုယ်တိုင် ဝန်ကြီးချုပ်မလုပ်ရတော့ ဦးမင်းမင်းဦးကို လုပ်ဖော်ကိုင်ဖက် တစ်ယောက် ထက် ပြိုင်ဖက်တစ်ယောက် လို ့ပဲ သဘောထားလိမ့်မယ် မြင်ပါတယ်။

ဘယ်လိုဖြစ်ဖြစ် ဦးမင်းမင်းဦးဟာ ဒေါက်တာအေးဇံ ထက် မင်းထင်အောင်ဟန် အုပ်စုကို ကိုင်တွယ်ဖို ့ခက်ခဲမဲ့အပိုင်းတွေ အများကြီးရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းထင်အောင်ဟန် အနောက်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်နေတဲ့ နိုင်သက်လွင် တို ့အုပ်စုရှိနေပါတယ်။ ဝန်ကြီးချုပ်ဦးအုန်းမြင့်လက်ထက် ကတည်းက မွန်ပြည်နယ်မှာ စီးပွားရေးလုပ်ကွက်တွေ အများကြီးရထားတဲ့ အုပ်စုတွေပါ။ ဒါကြောင့်လည်း မွန်ပြည်နယ် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ ့က “ ဦးမင်းထင်အောင်ဟန် မှာလည်း စီးပွားရေးလုပ်ငန်းများတွင် ဆိုးသတင်းများရှိခဲ့တဲ့အတွက် ရုံးချုပ်မှပယ်ရှားခဲ့ခြင်းသာဖြစ်” လို ့ထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မွန်ပြည်နယ် နို်င်ငံရေးမှာ ဘီးလူးကျွန်းက ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်ရဲ ့အခန်းကဏ္ဍကိုလည်း မေ့ပစ်ထားလို ့မရပါဘူး။ လက်ရှိ မွန်ပြည်နယ်လွှတ်တော်ထဲမှာ ဒေါ်ခင်ဌေးကြွယ်ရဲ ့ခြေတံလက်တံတွေ အများကြီး ရှိပါတယ်။အဲဒီလူတွေကို ဦးမင်းမင်းဦး ခက်ခက်ခဲခဲကိုင်တွယ်ရမှာပါ။ အဲဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အနားကို ၀င်ထွက်ခွင့်ရထားတဲ့ ဒေါ်ခင်ဌေးကြွယ်ကို အမှီပြုပြီး မွန်ပြည်နယ်မှာ သြဇာတည်ဆောက်ဖို ့ကြိုးစားနေတဲ့ အခြေအနေတစ်ရပ် ရှိနေပါတယ်။

နောက်ထပ် ဦးမင်းမင်းဦး ရင်ဆိုင်ရမယ့် သူတွေက အရှေ့တောင်တိုင်းစစ်ဌာနာချုပ်တိုင်းမှူး နဲ ့လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းတပ်မတော်သားတွေပါ ။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရေးမှာ ဆရာကြီးလုပ်ခဲ့တဲ့ ယူနီဖောင်းဝတ် တပ်မတော်သားတွေဟာ ဦးမင်းမင်းဦးအတွက် အကြီးမားဆုံးစိန်ခေါ်ချက်ပါပဲ။ လက်ရှိမွန်ပြည်နယ်မှာ စစ်တပ်က ရော်ဘာခြံတွေ ၊မြေလွတ်တွေသိမ်းထားတာ ကိစ္စတွေ အများကြီးရှိသလို စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးလုပ်ကိုင်ထားပါတယ်။
သဘာဝပတ်ဝန်ကျင်ကိုဖျက်ဆီးနေတဲ့ ကျောက်မိုင်းလုပ်ငန်း ၊ဘိလပ်မြေလုပ်ငန်း တွေမှာလည်း စစ်တပ်က ဗိုလ်မှူး ၊ဒုဗိုလ်မှူးကြီး အဆင့်လူတွေကိုယ်တိုင် နောက်ကွယ်က လုပ်ကိုင်နေကြတာတွေ ရှိပါတယ်။

အဲဒီလူတွေဟာ သူတို ့ရဲ ့အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ ပြီးတော့ စစ်အစိုးရခေတ်က မွေးဖွားခဲ့တဲ့ ခေတ်ပျက်သူဌေးတွေ ( ဥပမာ - ရိုးရိုးလေး သိန်းနိုင် ) တို ့လိုလူမျိုးတွေကိုလည်းကိုင်တွယ်ဖို ့ရင် မွန်နယ်/လုံဝန်ကြီးနဲ ့မွန်ပြည်နယ်ရဲတပ်ဖွဲ ့မှူးအထိ ဦးမင်းမင်းဦးမှာ နောက်ခံအင်အားရှိထားဖို ့လိုပါတယ်။ ကျိုက်ထီးရိုး တစ်ခွင်မှာ ရိုးရိုးလေး- သိန်းနိုင်ရဲ ့လုပ်ငန်းတွေထဲမှာ အစိုးရက အခွန်စည်းကြပ်ခွင့်မရဘဲ မျက်လုံးဖွင့် ၊ လက်ပိုက်ကြည့်နေရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ အရင်တုန်းက မွန်တိုင်းမှူးလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး( ဟောင်း )သက်နိုင်ဝင်း လိုလူမျိုးတောင် နောက်ကွယ်မှာ ရှိနေတယ်ဆိုပြီး ကျိုက်ထိုတစ်ခွင်မှာ နာမည်ကြီးပါတယ်။ အဲဒီလိုလူမျိုးရဲ ့စီးပွားရေး ( အထူးသဖြင့် ကျိုက်ထီးရိုး ဘုရား ) ပေါ်ကစီးပွားရေးလုပ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန်ဖြစ်အောင် ကိုင်တွယ်ဖို ့ ဦးမင်းမင်းဦး အတွက်တော့ ရေထဲက လိပ်ကို ဖမ်းရသလိုမျိုးပဲ ဖြစ်မှာပါ။ အဲဒီလိုလုပ်ငန်းရှင်တွေဟာရိုးရိုးလေးသိန်းနိုင် တစ်ယောက်ထဲလားဆိုရင် မဟုတ်ပါဘူး။ မွန်ပြည်နယ်မှာ နယ်စားပယ်စား ဖြစ်နေတဲ့ ဂိုဏ်းစတားတစ်ဝက်/ ဘုရားဂေါပက တစ်ဝက် လူကြီးတွေ အများကြီးမှ အများကြီးပါ။

နောက်ထပ် ဦးမင်းမင်းဦး အနေနဲ ့မမျှော်လင့်ဘဲ ရင်ဆိုင်ရနိုင်တဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါက Communal Violent ( ဒါမှမဟုတ် ) Religious Conflict ပါ။ အထူးသဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို ့နဲ ့ကျိုက်မရောမြို ့နယ်တွေမှာ ဘာသာခြားတွေ များပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၉၆၉ လို ့ နာမည်ကြီးတဲ့ မဘသ အဖွဲ ့ဟာ မွန်ပြည်နယ်မှာ အင်မတန် အားကြီးပါတယ်။ အဲဒီအနေအထားမှာ ဦးမင်းမင်းဦး အနေနဲ ့ငြင်ငြင်သာသာကိုင်တွယ်ဖို ့လိုအပ်သလို နယ်/လုံဝန်ကြီးအပေါ် သြဇာညောင်းဖို ့လဲ အရေးကြီးလာပါတယ်။ ဒါ့ပြင် မွန်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတမ်းပြည်နယ် တစ်ခုဖြစ်လို ့ နိုင်ငံခြား ငါးခိုးဖမ်းလှေ ကိစ္စဖြစ်စေ ၊Boat Peoples ပြသနာတွေ ဖြစ်စေ တစ်ခုခု အရေးပေါ်လာရင် ပင်လယ်ပြင်ထိ စိုးမိုးနိုင်အောင် လိုအပ်ပါလိ့်မ်မယ်။ အဲဒီအတွက် ဦးမင်းမင်းဦး ဟာ အရှေ ့တောင်တိုင်း စစ်ဌာနချုပ်၊မောရဝတီရေတပ်စခန်းဌာနချုပ် ၊ နယ်လုံဝန်ကြီး နဲ ့ပြည်နယ်ရဲတပ်ဖွဲ ့တွေနဲ ့ကောင်းမွန်တဲ့ Relationship ရှိထားမှ ဖြစ်မှာပါ။ ဒီအချက်ဟာ ၂၀၀၈ ဖွဲ ့စည်းပုံရဲ ့အားနည်းချက်ကြောင့် ဖြစ်လာတဲ့ အရပ်သား ဝန်ကြီးချုပ်တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှု လို ့အတိအကျ ပြောလို ့ရပါတယ်။

ကျန်တဲ့ ပြဿနာတွေကတော့ တရားရုံးနဲ ့အစိုးရရုံးဌာနတွေမှာ နေရာတိုင်းဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူကိစ္စပါ။ အဲဒီပြဿနာတွေကို ကိုင်တွယ်ဖို ့ဆိုရင် ဦးမင်းမင်းဦး တစ်ယောက်ထဲ မလုံလောက်ပါဘူး။ သူ ့ဝန်ကြီးတွေအားလုံး Capacity ရှိဖို ့နဲ ့enthusiasm ဖြစ်ဖို ့လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ခေါက်ရိုးကျိုးနေတဲ့ ဝန်ထမ်းအဖွဲ ့ကို ဘယ်လိုမှ ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ပြင်တရားရုံးမှာ မတရားပြုကျင့်နေတာတွေ ၊မြို ့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ ပြည်နယ်အဆင့် ဝန်ထမ်းတွေ အဂတိလိုက်စားမှုလုပ်နေတာတွေကို ထင်ရှားပေါ်လွင်အောင် ပြောဆိုထောက်ပြနိုင်မဲ့ Advisory Team တွေလည်း ရှိထားရအုံးမှာပါ။ အဲဒီလို အကြံပေးအဖွ ဲ့ကောင်းကောင်းမရှိဘူးဆိုရင် အရင်လူဟောင်းတွေရဲ ့လက်တလုံးခြားအကွက်တွေ ( လွှတ်တော်ကိုယ်စားလှယ်တွေ ကုမ္ပဏီထောင်ပြီး ပြည်နယ်တွင်းမှာ တင်ဒါယူတဲ့ ကိစ္စတွေ ၊ ဝန်ကြီးတွေနဲ ရင်းနှီးတဲ့ ကုမ္ပဏီတွေ ဖွံ ့ဖြိုးရေး တင်ဒါယူကြ တဲ့ကိစ္စတွေ ထပ်ပြီး မြင်တွေ ့ကြရအုံးမှာပါ ) ။ ပြောရမယ်ဆိုရင် မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမင်းမင်းဦးအတွက် စိန်ခေါ်မှုတွေက သိပ်ကို များလွန်းပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာမှာဝန်ကြီးချုပ်လုပ်ခဲ့တဲ့ဦးအုန်းမြင့်ဟာ စစ်တပ်အသွင်ပြောင်း တစ် ယောက်မို ့သြဇာသက်ရောက်မှု အပိုင်းမှာ သံသယဖြစ်စရာမလိုပါဘူး။ အခုအရပ်သားစစ်စစ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးအတွက်တော့ စစ်တပ်အသွင်ပြောင်း မြို ့နယ်အုပ်ချုပ်ရေးမှူးတွေနဲ ့ဌာနအသီးသီးမှာ ရောက်နေကြတဲ့ မိုးကျရွှေကိုယ်တွေကို ဘယ်လိုကိုင်တွယ်သွားမလဲ ဆိုတာ စိတ်ဝင်စားဖို ့ကောင်းပါတယ်။ မွန်ပြည်နယ်တွင်းက မဲဆန္ဒရှင် ပြည်သူတစ်ယောက်အနေနဲ ့တော့ ဝန်ကြီးချုပ်ဦးမင်းမင်းဦး ကိုလာမည့် ၅ နှစ်တာကာလအတွင်းမှာ ပြည်နယ်အတွက်အကောင်းဆုံး စွမ်းဆောင်နိုင်ပါစေလို ့နှစ်သစ်ဆုမွန်ကောင်း တောင်းရင်း Congratulation လုပ်ပါတယ် ။

လေးစားစွာဖြင့်
မင်းညီ
ပေါင်မြို ့
...................................
မြန္ဝန္ၾကီးခ်ဳပ္ဦးမင္းမင္းဦး အတြက္ ေစာင့္ႀကိဳေနတ့ဲ စိန္ေခၚမႈေတြ

မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အျဖစ္ ဘီးလင္းမဲဆႏၵနယ္ ၂ က ဦးမင္းမင္းဦး ကုိေရြးလုိက္ေတာ့ ေတာ္ေတာ္ေလးအံ့ၾသသြားၾကတယ္။ ေျပာရမယ္ဆုိရင္ေတာ့ ဦးမင္းမင္းဦးဟာ မြန္ျပည္နယ္ အတြင္းမွာ No Profile တစ္ေယာက္ပါ။ ဒါ့ေၾကာင့္ မြန္ျပည္နယ္ NLD ပါတီထဲမွာ ေနာက္ခံအင္အားအသီးသီးေမြးထားတဲ့ ေဒါက္တာေအးဇံ အုပ္စု နဲ ့ မင္းထင္ေအာင္ဟန္ အုပ္စု တုိ ့ကုိ လာမယ့္ ၅ ႏွစ္အတြင္းမွာ သူ ခက္ခက္ခဲခဲေက်ာ္ျဖတ္ရမွာပါ။

ျပီးခဲ့တဲ့ မြန္ျပည္နယ္ လႊတ္ေတာ္မွာ Outstanding player ျဖစ္ခဲ့လို ့ ဝန္ၾကီးခ်ဳပ္ေနရာအထိ သတင္းၾကီးခဲ့တဲ့ Egrass ဆင္း ေဒါက္တာေအာင္ႏုိင္ဦး ဟာလည္း ဦးမင္းမင္းဦး ေသခ်ာေပါက္ ရင္ဆုိင္ရမယ့္ အတုိက္အခံတစ္ေယာက္ပဲ ဆုိပါေတာ့။ ဘာေၾကာင့္ ဒီလုိ အတိအက် ေျပာႏုိင္လဲဆုိရင္ ေဒါက္တာေအာင္ႏုိင္ဦးဟာ ဝန္ၾကီးခ်ဳပ္ဦးအုန္းျမင့္ လုိ လူမ်ိဳးကုိေတာင္ ျပည္နယ္တြင္း ဖြံ ့ျဖိဳးေရးကိစၥေတြ နဲ ့ပတ္သက္ျပီး မ်က္ႏွာခ်င္းဆုိင္ ေ၀ဖန္ခဲ့သူ တစ္ဦးျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ မြန္ျပည္နယ္ လႊတ္ေတာ္မွာ ၂၅ ရာခုိင္ႏွဳန္းေနရာယူထားတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ရဲ ့မ်က္ႏွာကုိ မေထာက္ဘဲ စစ္ဗုိလ္ခ်ဳပ္ ( ေဟာင္း ) ဝန္ၾကီးခ်ဳပ္ ဦးအုန္းျမင့္ကုိ ေဒါက္တာေအာင္ႏိုိင္ဦးဟာ အၾကိမ္ၾကိမ္ ေထာက္ျပခဲ့တဲ့ ျဖစ္စဥ္ေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ( facebook သံုးတဲ့ကိစၥ ၊ ဘက္ဂ်က္ကိစၥ ၊ ဘီးလူးကြ်န္းျမစ္ကူးတံတားကိစၥ ၊ အခုေနာက္ဆံုး ေမာ္လျမိဳင္ကမ္းနားလမ္း တင္ဒါကိစၥ ) အစုံပါပဲ။

ဒါေၾကာင့္ ဒီလာမဲ့သက္တမ္းမွာ အရပ္သား ဝန္ၾကီးခ်ဳပ္တစ္ေယာက္ကုိ ေဒါက္တာေအာင္ႏုိင္ဦး အေနနဲ ့လံုးဝ အေလ်ာ့ေပးလိမ့္မယ္လုိ ့မထင္ပါဘူး။

ေနာက္ထပ္ ဦးမင္းမင္းဦး ရင္ဆုိင္ရမယ့္ လူ ၂ ေယာက္က မြန္အမ်ိဳးသားပါတီက ေဒါက္တာမင္းစုိးလင္းန ဲ့ ေဒါက္တာမင္းၾကည္ဝင္း တုိ ့ပဲျဖစ္ပါတယ္။ အဲဒီ ကုိယ္စားလွယ္ ႏွစ္ေယာက္ဟာ မြန္ျပည္သူေတြၾကားမွာ High Profile ေတြပါ။ လူသိမ်ားသလုိ ႏုိင္ငံေရးအက်ဥ္သားေဟာင္း ျဖစ္ခဲ့ဖူးတဲ့ အတြက္ႏုိင္ငံေရးၾသဇာလည္း ၾကီးပါတယ္။

အထူးသျဖင့္ မြန္လူမ်ိဳးစုအေရး ( မြန္စာေပ ၊ ယဥ္ေက်းမွဳ ၊ဘာသာစကား နဲ ့တုိင္းရင္းသားအခြင့္အေရး ) စတဲ့ အေၾကာင္းတရားေတြ နဲ ့ပတ္သက္ျပီး မြန္ျပည္နယ္ ဝန္ၾကီးခ်ဳပ္ ဦးမင္းမင္းဦး ဟာ အဲဒီ လႊတ္ေတာ္ကုိယ္စားလွယ္ ႏွစ္ေယာက္နဲ ့ထိပ္တုိက္ေတြ ့ရဖုိ ့ရွိေနပါတယ္။ ဒါ့ျပင္ မြန္အမ်ိဳးသားပါတီ ဒုဥကၠဌ ႏုိင္သက္လြင္ နဲ ့သမီးျဖစ္တဲ့ မိကြန္ခ်မ္းတုိ ့ႏွစ္ဦးဟာ NLD ပါတီရဲ ့ၾသဇာခံ ဘဝ ေရာက္သြားလုိ ့သူတုိ ့့နဲ ့ပတ္သက္ၿပီး မြန္ႏုိင္ငံေရး အသုိင္းအဝုိင္းမွာ မေက်နပ္သံေတြ ညံေနပါတယ္။

အဲဒီအက်ိဳးဆက္ေၾကာင္ ့မြန္ပါတီေတြနဲ ့NLD အစုိးရ၊ NLD လႊတ္ေတာ္ၾကားမွာ ပြတ္တုိက္မႈေတြမလြဲမေသြ ၾကံဳလာၾကအံုးမွာပါ။ အထူးသျဖင့္ လူမ်ိဳးေရး Nationalism Ideology အားႀကီးတဲ့ မြန္ျပည္သူအမ်ားစုရဲ့ေထာက္ခံမႈ မရဘူးဆုိရင္ ဝန္ႀကီးခ်ဳပ္ဦးမင္းမင္းဦး အတြက္ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြမွာ အခက္အခဲေတြ အမ်ားၾကီးၾကံဳေတြ ့ရမွာပါ။ ဒါေၾကာင့္လဲ ဦးမင္းမင္းဦး ကုိယ္တုိင္ “ မြန္ေတြက အစြဲႀကီးတယ္” လုိ ့VOA အင္တာဗ်ဴး ေျဖၾကားခဲ့ပါတယ္။

ဒီေနရာမွာ ေနာက္ထပ္ ဦးမင္းမင္းဦး ရင္ဆုိင္ရမဲ့ လူစြမ္းေကာင္းေတြ ရွိေနပါေသးတယ္။ အဲဒီလူေတြက NLD ပါတီဝင္ထဲက သူ ့ကုိ အတုိက္အခံမလုပ္ရင္ေတာင္ Cooperation ပူးေပါင္းေဆာင္ရြက္မႈ သိပ္လုပ္မွာမဟုတ္တဲ့ မိခင္ပါတီထဲက ဇာတ္ပုိ ့ဇာတ္ရံေတြပါပဲ။ အဲဒီလူေတြကေတာ့ သံလြင္ျမစ္ေျမာက္ပုိ္င္းက ေဒါက္တာေအးဇံ ၊ သံလြင္ျမစ္ေတာင္ပုိင္းက မင္းထင္ေအာင္ဟန္ နဲ ့သံလြင္ျမစ္လယ္ ( ဘီးလူးကြ်န္း ) က ေဒၚခင္ေဌးၾကြယ္ တုိ ့ရဲ ့ေျခသံလက္သံေတြလုိ ့ေျပာမယ္ဆုိ ေျပာလုိ ့ရပါတယ္။

မြန္ျပည္နယ္ ၀န္ၾကီးခ်ဳပ္ အမည္စာရင္း မထြက္ခင္အထိ ေဒါက္တာ ေအးဇံ ဟာ ဝန္ႀကီးခ်ဳပ္ျဖစ္မယ္လုိ ့တစ္ေျပးေနသူတစ္ဦးပါ။ ဆရာဝန္ ဂုဏ္ပုဒ္ နဲ ့ အသက္အရြယ္အရ ေဒါက္တာေအးဇံ နာမည္ၾကီးမယ္ဆုိလည္း ၾကီးထုိက္ပါတယ္။ ဒါေပမယ့္ သူအေရြးမခံလုိက္ ရပါဘူး။ ျပစ္ခ်က္တစ္ခ်ိဳ ့ရွိေနတ့ဲအတြက္ ေၾကာင့္လုိ ့မြန္ျပည္နယ္လႊတ္ေတာ္ေစာင့္ၾကည့္ေလ့လာေရး အဖြဲ ့ကဆုိပါတယ္။ အဲဒီအက်ိဳးဆက္ေၾကာင့္ပဲ ေဒါက္တာေအးဇံ နဲ ့ရင္းႏွီးသူေတြကေတာ့ ဦးမင္းမင္းဦးကုိ အိမ္ကြင္းအေဝးကြင္း ေရြးေနေတာ့မွာ မဟုတ္ဘူးလုိ ့ေျပဆုိသံေတြၾကားက်ယ္က်ယ္ျပန္ ့ျပန္ ့ထြက္ေနပါတယ္။

ေနာက္ထပ္ ဦးမင္းမင္းဦး ရင္ဆုိင္ရမယ့္ တစ္ေယာက္က စီးပြားေရးလုပ္ငန္းရွင္ မင္းထင္ေအာင္ဟန္ပါ။ ဝန္ႀကီးခ်ဳပ္ရာထူးအတြက္ NLD ဗဟုိအထိ ဆုိင္ရာပုိင္ရာ ကတဆင့္ လုိက္တယ္ဆုိျပီး ေတာ္ေတာ္ေလး နာမည္ၾကီးခဲ့တဲ့ မင္းထင္ေအာင္ဟန္ပါ။ အထူးသျဖင့္ ကုိယ္က်ိဳးစီးပြားလုပ္ဖုိ ့ဝန္ၾကီးခ်ဳပ္ရာထူး လုိခ်င္ေနတဲ့ လူတစ္ေယာက္ဆုိၿပီး ပါတီထဲမွာ ေတာ္ေတာ္ေလးေဝဖန္ခံရသူပါ။ အခု သူကုိယ္တုိင္ ဝန္ၾကီးခ်ဳပ္မလုပ္ရေတာ့ ဦးမင္းမင္းဦးကုိ လုပ္ေဖာ္ကုိင္ဖက္ တစ္ေယာက္ ထက္ ျပိဳင္ဖက္တစ္ေယာက္ လုိ ့ပဲ သေဘာထားလိမ့္မယ္ ျမင္ပါတယ္။

ဘယ္လုိျဖစ္ျဖစ္ ဦးမင္းမင္းဦးဟာ ေဒါက္တာေအးဇံ ထက္ မင္းထင္ေအာင္ဟန္ အုပ္စုကုိ ကုိင္တြယ္ဖုိ ့ခက္ခဲမဲ့အပုိင္းေတြ အမ်ားၾကီးရွိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မင္းထင္ေအာင္ဟန္ အေနာက္မွာ တုိင္းရင္းသားေရးရာဝန္ၾကီးျဖစ္ေနတဲ့ ႏုိင္သက္လြင္ တုိ ့အုပ္စုရွိေနပါတယ္။ ဝန္ၾကီးခ်ဳပ္ဦးအုန္းျမင့္လက္ထက္ ကတည္းက မြန္ျပည္နယ္မွာ စီးပြားေရးလုပ္ကြက္ေတြ အမ်ားၾကီးရထားတဲ့ အုပ္စုေတြပါ။ ဒါေၾကာင့္လည္း မြန္ျပည္နယ္ လႊတ္ေတာ္ေလ့လာေစာင့္ၾကည့္ေရးအဖြဲ ့က “ ဦးမင္းထင္ေအာင္ဟန္ မွာလည္း စီးပြားေရးလုပ္ငန္းမ်ားတြင္ ဆိုးသတင္းမ်ားရိွခ့ဲတ့ဲအတြက္ ရံုးခ်ဳပ္မွပယ္ရွားခ့ဲျခင္းသာျဖစ္” လုိ ့ထုတ္ေဖာ္ေရးသားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ မြန္ျပည္နယ္ ႏုိ္င္ငံေရးမွာ ဘီးလူးကြ်န္းက ျပည္သူ ့လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခင္ေဌးၾကြယ္ရဲ ့အခန္းက႑ကုိလည္း ေမ့ပစ္ထားလုိ ့မရပါဘူး။ လက္ရွိ မြန္ျပည္နယ္လႊတ္ေတာ္ထဲမွာ ေဒၚခင္ေဌးၾကြယ္ရဲ ့ေျခတံလက္တံေတြ အမ်ားၾကီး ရွိပါတယ္။အဲဒီလူေတြကုိ ဦးမင္းမင္းဦး ခက္ခက္ခဲခဲကုိင္တြယ္ရမွာပါ။ အဲဒီလူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ အနားကုိ ၀င္ထြက္ခြင့္ရထားတဲ့ ေဒၚခင္ေဌးၾကြယ္ကုိ အမွီျပဳျပီး မြန္ျပည္နယ္မွာ ၾသဇာတည္ေဆာက္ဖုိ ့ၾကိဳးစားေနတဲ့ အေျခအေနတစ္ရပ္ ရွိေနပါတယ္။

ေနာက္ထပ္ ဦးမင္းမင္းဦး ရင္ဆုိင္ရမယ့္ သူေတြက အေရွ့ေတာင္တုိင္းစစ္ဌာနာခ်ဳပ္တုိင္းမွဴး နဲ ့လႊတ္ေတာ္ထဲက ၂၅ ရာခုိင္ႏွဳန္းတပ္မေတာ္သားေတြပါ ။ ႏွစ္ေပါင္းမ်ားစြာ ျမန္မာႏုိင္ငံေရးမွာ ဆရာၾကီးလုပ္ခဲ့တဲ့ ယူနီေဖာင္းဝတ္ တပ္မေတာ္သားေတြဟာ ဦးမင္းမင္းဦးအတြက္ အၾကီးမားဆံုးစိန္ေခၚခ်က္ပါပဲ။ လက္ရွိမြန္ျပည္နယ္မွာ စစ္တပ္က ေရာ္ဘာျခံေတြ ၊ေျမလြတ္ေတြသိမ္းထားတာ ကိစၥေတြ အမ်ားၾကီးရွိသလုိ စီးပြားေရးလုပ္ငန္းေတြလည္း အမ်ားၾကီးလုပ္ကုိင္ထားပါတယ္။
သဘာဝပတ္ဝန္က်င္ကုိဖ်က္ဆီးေနတဲ့ ေက်ာက္မုိင္းလုပ္ငန္း ၊ဘိလပ္ေျမလုပ္ငန္း ေတြမွာလည္း စစ္တပ္က ဗုိလ္မွဴး ၊ဒုဗုိလ္မွဴးၾကီး အဆင့္လူေတြကုိယ္တုိင္ ေနာက္ကြယ္က လုပ္ကုိင္ေနၾကတာေတြ ရွိပါတယ္။

အဲဒီလူေတြဟာ သူတုိ ့ရဲ ့အက်ိဳးစီးပြားကုိ အထိခုိက္ခံမွာမဟုတ္ပါဘူး။ ျပီးေတာ့ စစ္အစုိးရေခတ္က ေမြးဖြားခဲ့တဲ့ ေခတ္ပ်က္သူေဌးေတြ ( ဥပမာ - ရုိးရုိးေလး သိန္းႏုိင္ ) တုိ ့လုိလူမ်ိဳးေတြကုိလည္းကုိင္တြယ္ဖုိ ့ရင္ မြန္နယ္/လံုဝန္ႀကီးနဲ ့မြန္ျပည္နယ္ရဲတပ္ဖြဲ ့မွဴးအထိ ဦးမင္းမင္းဦးမွာ ေနာက္ခံအင္အားရွိထားဖုိ ့လုိပါတယ္။ က်ိဳက္ထီးရုိး တစ္ခြင္မွာ ရုိးရုိးေလး- သိန္းႏုိင္ရဲ ့လုပ္ငန္းေတြထဲမွာ အစုိးရက အခြန္စည္းၾကပ္ခြင့္မရဘဲ မ်က္လံုးဖြင့္ ၊ လက္ပုိက္ၾကည့္ေနရတဲ့ ကိစၥေတြ အမ်ားၾကီးရွိပါတယ္။ အရင္တုန္းက မြန္တုိင္းမွဴးလုပ္ခဲ့တဲ့ ဒုတိယဗုိလ္ခ်ဳပ္ၾကီး( ေဟာင္း )သက္ႏုိင္၀င္း လုိလူမ်ိဳးေတာင္ ေနာက္ကြယ္မွာ ရွိေနတယ္ဆုိၿပီး က်ိဳက္ထုိတစ္ခြင္မွာ နာမည္ၾကီးပါတယ္။ အဲဒီလုိလူမ်ိဳးရဲ ့စီးပြားေရး ( အထူးသျဖင့္ က်ိဳက္ထီးရုိး ဘုရား ) ေပၚကစီးပြားေရးလုပ္ပုိင္ခြင့္ေတြကုိ မွန္မွန္ကန္ကန္ျဖစ္ေအာင္ ကုိင္တြယ္ဖုိ ့ ဦးမင္းမင္းဦး အတြက္ေတာ့ ေရထဲက လိပ္ကုိ ဖမ္းရသလုိမ်ိဳးပဲ ျဖစ္မွာပါ။ အဲဒီလုိလုပ္ငန္းရွင္ေတြဟာရုိးရုိးေလးသိန္းႏုိင္ တစ္ေယာက္ထဲလားဆုိရင္ မဟုတ္ပါဘူး။ မြန္ျပည္နယ္မွာ နယ္စားပယ္စား ျဖစ္ေနတဲ့ ဂိုဏ္းစတားတစ္ဝက္/ ဘုရားေဂါပက တစ္ဝက္ လူႀကီးေတြ အမ်ားႀကီးမွ အမ်ားႀကီးပါ။

ေနာက္ထပ္ ဦးမင္းမင္းဦး အေနနဲ ့မေမွ်ာ္လင့္ဘဲ ရင္ဆုိင္ရႏုိင္တဲ့ ျပႆနာတစ္ခုရွိပါတယ္။ အဲဒါက Communal Violent ( ဒါမွမဟုတ္ ) Religious Conflict ပါ။ အထူးသျဖင့္ မြန္ျပည္နယ္ ေမာ္လျမိဳင္ျမိဳ ့နဲ ့က်ိဳက္မေရာျမိဳ ့နယ္ေတြမွာ ဘာသာျခားေတြ မ်ားပါတယ္။ တစ္ျပိဳင္တည္းမွာပဲ ၉၆၉ လုိ ့ နာမည္ၾကီးတဲ့ မဘသ အဖြဲ ့ဟာ မြန္ျပည္နယ္မွာ အင္မတန္ အားႀကီးပါတယ္။ အဲဒီအေနအထားမွာ ဦးမင္းမင္းဦး အေနနဲ ့ျငင္ျငင္သာသာကုိင္တြယ္ဖုိ ့လုိအပ္သလုိ နယ္/လံုဝန္ႀကီးအေပၚ ၾသဇာေညာင္းဖုိ ့လဲ အေရးႀကီးလာပါတယ္။ ဒါ့ျပင္ မြန္ျပည္နယ္ဟာ ပင္လယ္ကမ္းရုိးတမ္းျပည္နယ္ တစ္ခုျဖစ္လုိ ့ ႏုိင္ငံျခား ငါးခုိးဖမ္းေလွ ကိစၥျဖစ္ေစ ၊Boat Peoples ျပသနာေတြ ျဖစ္ေစ တစ္ခုခု အေရးေပၚလာရင္ ပင္လယ္ျပင္ထိ စုိးမုိးႏုိင္ေအာင္ လုိအပ္ပါလိ့္မ္မယ္။ အဲဒီအတြက္ ဦးမင္းမင္းဦး ဟာ အေရွ ့ေတာင္တုိင္း စစ္ဌာနခ်ဳပ္၊ေမာရဝတီေရတပ္စခန္းဌာနခ်ဳပ္ ၊ နယ္လံုဝန္ၾကီး နဲ ့ျပည္နယ္ရဲတပ္ဖြဲ ့ေတြနဲ ့ေကာင္းမြန္တဲ့ Relationship ရွိထားမွ ျဖစ္မွာပါ။ ဒီအခ်က္ဟာ ၂၀၀၈ ဖြဲ ့စည္းပံုရဲ ့အားနည္းခ်က္ေၾကာင့္ ျဖစ္လာတဲ့ အရပ္သား ဝန္ႀကီးခ်ဳပ္ေတြအတြက္ အၾကီးမားဆံုးစိန္ေခၚမႈ လုိ ့အတိအက် ေျပာလုိ ့ရပါတယ္။

က်န္တဲ့ ျပႆနာေတြကေတာ့ တရားရံုးနဲ ့အစုိးရရံုးဌာနေတြမွာ ေနရာတုိင္းျဖစ္ေနတဲ့ လာဘ္ေပးလာဘ္ယူကိစၥပါ။ အဲဒီျပႆနာေတြကုိ ကုိင္တြယ္ဖုိ ့ဆုိရင္ ဦးမင္းမင္းဦး တစ္ေယာက္ထဲ မလံုေလာက္ပါဘူး။ သူ ့ဝန္ႀကီးေတြအားလံုး Capacity ရွိဖုိ ့နဲ ့enthusiasm ျဖစ္ဖုိ ့လုိအပ္ပါတယ္။ အဲဒီလုိမွမဟုတ္ဘူးဆုိရင္ ေခါက္ရုိးက်ဳိးေနတဲ့ ဝန္ထမ္းအဖြဲ ့ကုိ ဘယ္လုိမွ ကုိင္တြယ္ႏုိင္မွာမဟုတ္ပါဘူး။ ဒါ့ျပင္တရားရံုးမွာ မတရားျပဳက်င့္ေနတာေတြ ၊ၿမိဳ ့နယ္အဆင့္ ၊ ခရုိင္အဆင့္ ၊ ျပည္နယ္အဆင့္ ဝန္ထမ္းေတြ အဂတိလုိက္စားမႈလုပ္ေနတာေတြကုိ ထင္ရွားေပၚလြင္ေအာင္ ေျပာဆုိေထာက္ျပႏုိင္မဲ့ Advisory Team ေတြလည္း ရွိထားရအံုးမွာပါ။ အဲဒီလုိ အၾကံေပးအဖြ ဲ့ေကာင္းေကာင္းမရွိဘူးဆုိရင္ အရင္လူေဟာင္းေတြရဲ ့လက္တလံုးျခားအကြက္ေတြ ( လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ကုမၸဏီေထာင္ၿပီး ျပည္နယ္တြင္းမွာ တင္ဒါယူတဲ့ ကိစၥေတြ ၊ ဝန္ႀကီးေတြနဲ ရင္းႏွီးတဲ့ ကုမၸဏီေတြ ဖြံ ့ၿဖိဳးေရး တင္ဒါယူၾက တဲ့ကိစၥေတြ ထပ္ၿပီး ျမင္ေတြ ့ၾကရအံုးမွာပါ ) ။ ေျပာရမယ္ဆုိရင္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္သစ္ ဦးမင္းမင္းဦးအတြက္ စိန္ေခၚမႈေတြက သိပ္ကုိ မ်ားလြန္းပါတယ္။

ျပီးခဲ့တဲ့ ၅ ႏွစ္တာမွာဝန္ႀကီးခ်ဳပ္လုပ္ခဲ့တဲ့ဦးအုန္းျမင့္ဟာ စစ္တပ္အသြင္ေျပာင္း တစ္ ေယာက္မုိ ့ၾသဇာသက္ေရာက္မႈ အပုိင္းမွာ သံသယျဖစ္စရာမလုိပါဘူး။ အခုအရပ္သားစစ္စစ္ ဝန္ႀကီးခ်ဳပ္ဦးမင္းမင္းဦးအတြက္ေတာ့ စစ္တပ္အသြင္ေျပာင္း ၿမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ ့ဌာနအသီးသီးမွာ ေရာက္ေနၾကတဲ့ မုိးက်ေရႊကုိယ္ေတြကုိ ဘယ္လုိကုိင္တြယ္သြားမလဲ ဆုိတာ စိတ္ဝင္စားဖုိ ့ေကာင္းပါတယ္။ မြန္ျပည္နယ္တြင္းက မဲဆႏၵရွင္ ျပည္သူတစ္ေယာက္အေနနဲ ့ေတာ့ ဝန္ႀကီးခ်ဳပ္ဦးမင္းမင္းဦး ကုိလာမည့္ ၅ ႏွစ္တာကာလအတြင္းမွာ ျပည္နယ္အတြက္အေကာင္းဆံုး စြမ္းေဆာင္ႏုိင္ပါေစလုိ ့ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းရင္း Congratulation လုပ္ပါတယ္ ။

ေလးစားစြာျဖင့္
မင္းညီ
ေပါင္ၿမိဳ ့
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)