ညောင်လေးပင်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်များ မီးလောင်ဆုံးရှုံး


နေပြည်တော် ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ညောင်လေးပင်ရွာတွင် ဧပြီ ၇ ရက် ညနေ ၃ နာရီ မိနစ် ၃ဝ က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မိုးညိုမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးငြိမ်းသွားခဲ့သည်။


(ကြေးမုံ)

......................................



မီးလောင်နေတဲ့ နမူနာ ဓါတ်ပုံပါ
နေပြည်တော် ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ညောင်လေးပင်ရွာတွင် ဧပြီ ရ ရက် ညနေ ၃ နာရီ မိနစ် ၃ဝ က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မိုးညိုမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါရွာနေ ဒေါ်ကြော့(၅ဝ)နှစ်က နောက်ဖေး နွားတင်းကုပ် အနီး စွန့်ပစ်ထားသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် နွားတင်းကုပ်တစ်လုံးနှင့် လူနေအိမ် ၁၅လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဒေါ်ကြော့အား မိုးညိုမြို့နယ် ဆင်မနိုင်နယ်မြေရဲစခန်းက (ပ)၆/၂ဝ၁၆၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)