ကခ်င္ မူးယစ္ျပႆနာ ႀကီးထြား

ကခ်င္ျပည္နယ္ ဖားကန္႔မွာ မူးယစ္ေဆး သံုးစြဲေနသူမ်ား။
ျမန္မာႏိုင္ငံေျမာက္ပုိင္း ကခ်င္ျပည္နယ္မွာ လက္နက္ကိုင္ ပဋိပကၡေၾကာင့္ ေသဆုံးရတဲ့ လူဦးေရထက္ မူးယစ္ေဆးဝါးေၾကာင့္ ေသဆုံးရသူ အေရအတြက္က ပိုမ်ားေနတယ္လို႔ အေမရိကန္ျပည္ေထာင္စု အေျခစိုက္ Transnational Institute (TNI) အဖြဲ႔က ထုတ္ျပန္တဲ့ အစီရင္ခံစာ မွာ ေဖၚျပလုိက္ပါတယ္။ ဒီျပႆနာေတြကို ေလ်ာ့က်သြားေအာင္ NLD အရပ္သား အစိုးရသစ္ လက္ထက္မွာ လုပ္ေဆာင္ဖို႔လိုေၾကာင္း TNI အဖြဲ႔က တိုက္တြန္းလိုက္ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ဘိန္းခင္းေတြဘိန္းခင္းေတြ
ကခ်င္ျပည္နယ္နဲ႔ ႐ွမ္းျပည္နယ္ေျမာက္ပိုင္းက ေက်းရြာေတြမွာ မူးယစ္ေဆး၀ါးသုံးစြဲတဲ့ လူငယ္ေတြ ပိုမ်ားလာၿပီး HIV ေရာဂါစြဲကပ္ၾကတဲ့ လူနာ အေရအတြက္ ဟာ ျမန္မာႏိုင္ငံတြင္း အျခားျပည္နယ္နဲ႔ တိုင္းေတြထက္စာရင္ ကခ်င္ျပည္နယ္မွာက ပိုမ်ားေနသလို အေ႐ွ႕ေတာင္အာ႐ွေဒသ ထဲမွာလည္း ကခ်င္ေဒသက HIV ေဝဒနာသည္အေရအတြက္က ပုိမ်ားေနေၾကာင္း ၀ါ႐ွင္တန္ဒီစီအေျခစိုက္ Transnational Institute (TNI) အဖြဲ႔က ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ မူးယစ္ေဆးသုံးစြဲမႈဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ထိန္းမရ ႏိုင္ေအာင္ တုိးပြားလာေၾကာင္းလည္း အစီရင္ခံစာက ဆုိပါတယ္။

ဘိန္းစြဲေနသူမ်ား
အရင္စစ္အစိုးရလက္ထက္နဲ႔ ဦးသိန္းစိန္အစိုးရလက္ထက္မွာ မူးယစ္ေဆး၀ါးျပသနာကို ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖ႐ွင္းခဲ့ဲျခင္း မ႐ွိတာ ေၾကာင့္လဲ အခုလို မူးယစ္ေဆးသုံးသူေတြ ပုိၿပီးေသဆုံးေနရတယ္လို႔ TNI အစီရင္ခံစာကဆုိပါတယ္။ ကခ်င္ျပည္နယ္အတြင္း မူးယစ္ေဆး သုံးစြဲမႈေၾကာင့္ ေသဆုံးေနရသူ အေရအတြက္ ပိုမ်ားေနေၾကာင္း TNI အဖြဲ႔ရဲ့ ေျပာခြင့္ရပုဂၢဳိလ္ မစၥတာ Nick Buxton ကေျပာပါတယ္။

"မူးယစ္ေဆး သုံးစြဲမႈေၾကာင့္ ေသဆုံးသူ ပုိမ်ားေနၿပီး ၊ မူးယစ္ေဆးေၾကာင့္ျဖစ္လာရတဲ့ HIV ေ၀ဒနာေၾကာင့္ ကခ်င္ျပည္နယ္တြင္း ေသဆုံးရသူဦးေရဟာ ကခ်င္ျပည္တြင္းစစ္ေၾကာင့္ ေသဆုံးရသူ ဦးေရထက္ပိုမ်ားေနတာကို က်ေနာ္တုိ႔ ေလ့လာေတြ႔႐ွိရပါတယ္။ ဒါဟာ အဓိကျပႆနာ ျဖစ္ပါတယ္။"

pat jasan လူထုအေျချပဳ ဘိန္းခင္းဖ်က္အဖြဲ ့
ကခ်င္ျပည္နယ္တြင္း မူးယစ္ေဆးစြဲတဲ့ ျပႆနာကို အရင္အစိုးရေတြက ေသခ်ာေျဖ႐ွင္း မေပးတာေၾကာင့္ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ KBC အဖြဲ႔ဝင္ေတြ ကမကထျပဳျပီး “ပတ္ဂ်ဆန္”ဆိုတဲ့ မူးယစ္ေဆးတုိက္ဖ်က္ေရးအဖြဲ႔ကို လြန္ခဲ့တဲ့ ၂ႏွစ္ကစလို႔ ကိုယ္ထူကိုယ္ထ ထူေထာင္ခဲ့ ၾကပါတယ္။ ဒီအဖြဲ႔အေနနဲ႔ မူးယစ္ေဆးစြဲသူေတြကို ဖမ္းဆီးတာမ်ဳိး ေဆးျပတ္ေအာင္ ကုသေပးတာမ်ဳိး တပုိင္တႏို္င္လုပ္ေနေပမယ့္ ကခ်င္ ျပည္နယ္တြင္းက မူးယစ္ေဆးျပႆနာကိုေတာ့ အျပီးအျပတ္ ေျဖ႐ွင္းႏုိင္ျခင္း မ႐ွိေသးပါဘူး။

ဘိန္းဖ်က္ဖို႔အသြား
အရင္အစိုးရအဆက္ဆက္ဟာ မူးယစ္ေဆး တုိက္ဖ်က္ေရးလုပ္ငန္းကို လုပ္တယ္ဆိုေပမယ့္ မူ၀ါဒနဲ႔ ကိုင္တြယ္ပုံ ကိုင္တြယ္နည္း မွားယြင္းေနတာေၾကာင့္ မူးယစ္ေဆး သုံးစြဲသူတခ်ဳိ႕နဲ႔ အေသးစား မူးယစ္ေဆးအေရာင္းအ၀ယ္ သမားေတြကို ႏွိမ္နင္းႏိုင္တာမ်ဳိးေလာက္သာ လုပ္ႏိုင္ခဲ့တယ္လို႔ TNI အဖြဲ႔ကေျပာပါတယ္။ ဒါ့ေၾကာင့္ အခု အသစ္တက္လာတဲ့ NLD အရပ္သားအစိုးရသစ္ လက္ထက္မွာ ပုိၿပီးထိေရာက္တဲ့ လုပ္ေဆာင္မႈေတြ႐ွိဖို႔လိုတယ္လို႔ TNI အဖြဲ႔ကေတာင္း ဆိုလိုက္ပါတယ္။

"ေဒသတြင္းက ျပည္သူ႔စစ္အဖြဲ႔ေတြကို အဓိပစ္မွတ္ထားၿပီး မူးယစ္ေဆး၀ါးျပသနာကို ေျဖ႐ွင္းဖို႔လိုပါတယ္။ ဒီလက္နက္ကိုင္အဖြဲ႔ေတြဟာ သူတို႔ အဖြဲ႔ ရပ္တည္ႏို္င္ေရးအတြက္ မူးယစ္ေဆးထုတ္လုပ္ေရာင္းခ်မႈေတြမွာ ပါ၀င္ပတ္သက္ေနတာ ေတြ႔ရလို႔ပဲ ျဖစ္ပါတယ္။ ေနာက္တပုိင္းကေတာ့ မူးယစ္ေဆး အႏၱရာယ္ႀကဳံေနရတဲ့ အျခားတုိင္းျပည္ေတြမွာ မူးယစ္ေဆးစြဲသူေတြနဲ႔ စုိက္ပ်ဳိးသူေတြကို ေဖးမကူညီတဲ့ အစီစဥ္ေတြ အေလးေပး ေဆာင္ရြက္ေနၾကသလို၊ အႀကီးစား မူးယစ္ရာဇာဂုိဏ္းေတြကို အဓိကပစ္မွတ္ထားၿပီး ေခ်မႈန္းေနၾကပါတယ္။ ဒီနည္းေတြက ေအာင္ျမင္မႈ ပိုရ ေနတာေတြ႔ရပါတယ္။"

ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆးျပႆနာမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းတခ်ဳိ႕နဲ႔ မူးယစ္ေဆး ထုတ္လုပ္ေရာင္းဝယ္တဲ့ လုပ္ငန္းေတြ ၾကား အဆက္အစပ္႐ွိေနတာ ကို ေလ့လာေတြ႔ရတယ္လို႔လည္း TNI ရဲ႕အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

မူးယစ္ေဆးရဲ႕ မူလဇစ္ျမစ္ျဖစ္တဲ့ စုိက္ပ်ဳိး ထုတ္လုပ္သူ အဓိကအရင္းအျမစ္ေတြကို ႏွိမ္နင္းႏိုင္မွသာ ျမန္မာအစိုးရသစ္အေနနဲ႔ ေအာင္ျမင္မႈေတြ ရႏိုင္မွာျဖစ္တယ္လု႔ိလည္း အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ကုလသမဂၢ မူးယစ္ေဆးနဲ႔ ရာဇ၀တ္မႈထိန္းခ်ဳပ္ေရး UNODC အဖြဲ႔ရဲ႕ လြန္ခဲ့တဲ့ႏွစ္ေတြအထိ စာရင္းအရ ကမၻာေပၚမွာ အာဖဂန္နစၥတန္ႏုိင္ငံၿပီးရင္ ျမန္မာႏို္င္ငံဟာ ဒုတိယေျမာက္ ဘိန္းျဖဴအထြက္ဆုံး ႏိုင္ငံလဲျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္/ ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................


ကချင်ပြည်နယ် ဖားကန့်မှာ မူးယစ်ဆေး သုံးစွဲနေသူများ။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။


ဘိန်းခင်းတွေဘိန်းခင်းတွေ
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ပိုများလာပြီး HIV ရောဂါစွဲကပ်ကြတဲ့ လူနာ အရေအတွက် ဟာ မြန်မာနိုင်ငံတွင်း အခြားပြည်နယ်နဲ့ တိုင်းတွေထက်စာရင် ကချင်ပြည်နယ်မှာက ပိုများနေသလို အရှေ့တောင်အာရှဒေသ ထဲမှာလည်း ကချင်ဒေသက HIV ဝေဒနာသည်အရေအတွက်က ပိုများနေကြောင်း ၀ါရှင်တန်ဒီစီအခြေစိုက် Transnational Institute (TNI) အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မူးယစ်ဆေးသုံးစွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိန်းမရ နိုင်အောင် တိုးပွားလာကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။


ဘိန်းစွဲနေသူများ
အရင်စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးပြသနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲဲ့ခြင်း မရှိတာ ကြောင့်လဲ အခုလို မူးယစ်ဆေးသုံးသူတွေ ပိုပြီးသေဆုံးနေရတယ်လို့ TNI အစီရင်ခံစာကဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးနေရသူ အရေအတွက် ပိုများနေကြောင်း TNI အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Nick Buxton ကပြောပါတယ်။

"မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးသူ ပိုများနေပြီး ၊ မူးယစ်ဆေးကြောင့်ဖြစ်လာရတဲ့ HIV ဝေဒနာကြောင့် ကချင်ပြည်နယ်တွင်း သေဆုံးရသူဦးရေဟာ ကချင်ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ ဦးရေထက်ပိုများနေတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။"


pat jasan လူထုအခြေပြု ဘိန်းခင်းဖျက်အဖွဲ ့
ကချင်ပြည်နယ်တွင်း မူးယစ်ဆေးစွဲတဲ့ ပြဿနာကို အရင်အစိုးရတွေက သေချာဖြေရှင်း မပေးတာကြောင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အဖွဲ့ဝင်တွေ ကမကထပြုပြီး “ပတ်ဂျဆန်”ဆိုတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ကိုယ်ထူကိုယ်ထ ထူထောင်ခဲ့ ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ မူးယစ်ဆေးစွဲသူတွေကို ဖမ်းဆီးတာမျိုး ဆေးပြတ်အောင် ကုသပေးတာမျိုး တပိုင်တနို်င်လုပ်နေပေမယ့် ကချင် ပြည်နယ်တွင်းက မူးယစ်ဆေးပြဿနာကိုတော့ အပြီးအပြတ် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။


ဘိန်းဖျက်ဖို့အသွား
အရင်အစိုးရအဆက်ဆက်ဟာ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်တယ်ဆိုပေမယ့် မူဝါဒနဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်း မှားယွင်းနေတာကြောင့် မူးယစ်ဆေး သုံးစွဲသူတချို့နဲ့ အသေးစား မူးယစ်ဆေးအရောင်းအဝယ် သမားတွေကို နှိမ်နင်းနိုင်တာမျိုးလောက်သာ လုပ်နိုင်ခဲ့တယ်လို့ TNI အဖွဲ့ကပြောပါတယ်။ ဒါ့ကြောင့် အခု အသစ်တက်လာတဲ့ NLD အရပ်သားအစိုးရသစ် လက်ထက်မှာ ပိုပြီးထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိဖို့လိုတယ်လို့ TNI အဖွဲ့ကတောင်း ဆိုလိုက်ပါတယ်။

"ဒေသတွင်းက ပြည်သူ့စစ်အဖွဲ့တွေကို အဓိပစ်မှတ်ထားပြီး မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းဖို့လိုပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ အဖွဲ့ ရပ်တည်နို်င်ရေးအတွက် မူးယစ်ဆေးထုတ်လုပ်ရောင်းချမှုတွေမှာ ပါ၀င်ပတ်သက်နေတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ မူးယစ်ဆေး အန္တရာယ်ကြုံနေရတဲ့ အခြားတိုင်းပြည်တွေမှာ မူးယစ်ဆေးစွဲသူတွေနဲ့ စိုက်ပျိုးသူတွေကို ဖေးမကူညီတဲ့ အစီစဉ်တွေ အလေးပေး ဆောင်ရွက်နေကြသလို၊ အကြီးစား မူးယစ်ရာဇာဂိုဏ်းတွေကို အဓိကပစ်မှတ်ထားပြီး ချေမှုန်းနေကြပါတယ်။ ဒီနည်းတွေက အောင်မြင်မှု ပိုရ နေတာတွေ့ရပါတယ်။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်တဲ့ လုပ်ငန်းတွေ ကြား အဆက်အစပ်ရှိနေတာ ကို လေ့လာတွေ့ရတယ်လို့လည်း TNI ရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မူးယစ်ဆေးရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ စိုက်ပျိုး ထုတ်လုပ်သူ အဓိကအရင်းအမြစ်တွေကို နှိမ်နင်းနိုင်မှသာ မြန်မာအစိုးရသစ်အနေနဲ့ အောင်မြင်မှုတွေ ရနိုင်မှာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုထိန်းချုပ်ရေး UNODC အဖွဲ့ရဲ့ လွန်ခဲ့တဲ့နှစ်တွေအထိ စာရင်းအရ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနို်င်ငံဟာ ဒုတိယမြောက် ဘိန်းဖြူအထွက်ဆုံး နိုင်ငံလဲဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)