ေနျပည္ေတာ္ေကာင္စီဥကၠဌအသစ္ တာဝန္ယူ

ေနျပည္ေတာ္ေကာင္စီဥကၠဌ ေဒါက္တာမ်ိဳးေအာင္ ကို ေတြ႔ရစဥ္။ Photo: Win Ko Ko Latt/RFA
ၿပီးခဲ့တဲ့ ဧၿပီလ ၂ ရက္ေန႔က ေနျပည္ေတာ္ေကာင္စီ ဥကၠဌအျဖစ္ တာဝန္လဲႊေျပာင္းယူခဲ့တဲ့ ေဒါက္တာမ်ဳိးေအာင္ က ေနျပည္ေတာ္ေကာင္စီရံုးမွာ ဌာနဆုိင္ရာဝန္ထမ္းေတြနဲ႔ ဒီေန႔ ၃ နာရီေက်ာ္ၾကာ ေတြ႔ဆံုခဲ့ပါတယ္။

အဲ့ဒီလိုေတြ႔ဆုံရာမွာ ဝန္ထမ္းေတြ အဂတိတရားကင္းရွင္းဖို႔၊ လာဘ္ေပးလာဘ္ယူတာေတြ မလုပ္ဖုိ႔နဲ႔ ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္းေတြနဲ႔အညီ ေနထုိင္ၾကဖု႔ိ မွာၾကားခဲ့တယ္လို႔ ေတြ႔ဆံုပဲြကို တက္ေရာက္ခဲ့တဲ့ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

လက္ရွိ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းမွာ လုပ္ေဆာင္ဆဲျဖစ္တဲ့ စီမံကိန္းေတြ၊ ေဒသဖြံၿဖိဳးေရးလုပ္ငန္းေတြ ကို ေကာင္စီ ဥကၠဌ ေဒါက္တာမ်ိဳးေအာင္ထံ တင္ျပခဲ့ၾကတယ္လုိ႔လည္း ေျပာပါတယ္။

ေနျပည္ေတာ္ေကာင္စီ ဥကၠဌ ေဒါက္တာမ်ိဳးေအာင္ရဲ႕  အုပ္ခ်ဳပ္မႈေအာက္မွာ  ေကာင္စီအဖဲြ႔ဝင္ ၈ ဦးကုိ ထပ္မံခန္႔အပ္ရမွာျဖစ္ၿပီး အ့ဲဒီေကာင္စီဝင္ ၈ ဦးဟာ ေနျပည္ေတာ္ေကာင္စီနယ္ေျမထဲက ၈ ၿမိဳ႕နယ္ကို တစ္ၿမိဳ႕နယ္စီ တာဝန္ယူရမွာျဖစ္ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ဒကၡိဏသီရိ၊ ဇမၺဴသီရိ၊ ပုဗၺသီရိ၊ ဥတၱရသီရိ၊ ေဇယ်ာသီရိ၊ လယ္ေဝး၊ တပ္ကုန္းနဲ႔ ပ်ဥ္းမနားၿမိဳ႕နယ္ေတြ ပါဝင္ပါတယ္။ အရင္က ေနျပည္ေတာ္ေကာင္စီ ဥကၠဌအျဖစ္ သမၼတရံုးဝန္ႀကီးေဟာင္း ဦးသိန္းညြန္႔ က ပူးတဲြတာဝန္ယူခဲ့တာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...............................................


နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် တာဝန်လွှဲပြောင်းယူခဲ့တဲ့ ဒေါက်တာမျိုးအောင် က နေပြည်တော်ကောင်စီရုံးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒီနေ့ ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ ဝန်ထမ်းတွေ အဂတိတရားကင်းရှင်းဖို့၊ လာဘ်ပေးလာဘ်ယူတာတွေ မလုပ်ဖို့နဲ့ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်ကြဖို့ မှာကြားခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လုပ်ဆောင်ဆဲဖြစ်တဲ့ စီမံကိန်းတွေ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ကို ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ထံ တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ရဲ့  အုပ်ချုပ်မှုအောက်မှာ  ကောင်စီအဖွဲ့ဝင် ၈ ဦးကို ထပ်မံခန့်အပ်ရမှာဖြစ်ပြီး အဲ့ဒီကောင်စီဝင် ၈ ဦးဟာ နေပြည်တော်ကောင်စီနယ်မြေထဲက ၈ မြို့နယ်ကို တစ်မြို့နယ်စီ တာဝန်ယူရမှာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ တပ်ကုန်းနဲ့ ပျဉ်းမနားမြို့နယ်တွေ ပါဝင်ပါတယ်။ အရင်က နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဟောင်း ဦးသိန်းညွန့် က ပူးတွဲတာဝန်ယူခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)