ေမှာင််ရိပ်ခို အတွဲများ ပေါ်တော်မူ ဂေါက်ကွင်းအတွင်း တွေ့ရှိ

 
မြိတ်ပေါ်တော်မူ ဘုရားတွင် ညအချိန် မတော် ချိန်းတွေ့ နေကြသည့် စုံတွဲ (၂၇) တွဲကို မြိတ်ခရိုင် ရဲမှူး ဦးဆောင် အဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁၀) ရက်နေ့၊ ည( ၉) နာရီခွဲ အချိန်ခန့်က ကလွင်နယ်မြေ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူပြီး ပေါ်တော်မူ ဘုရားအနီး တဝိုက်တွင် ညပိုင်း အချိန်များတွင် လုယှက်မှုများ ရှိနေသဖြင့် နောက်နောင် ဘုရား ကုန်းမြေပေါ်ရှိ မှောင်ရိပ် ကျသည့် နေရာများတွင် အချိန်မတော် ချိန်းတွေ့မှုများ မပြုလုပ်ကြရန် ဆုံးမ စကားပြောကြားပြီး ခံဝန် လက်မှတ်ရေးထိုး ခိုင်းကာ ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ အတွဲများသည် မြိတ်မြို့တွင် ချိန်းတွေ့ရန် အတွက် နေရာ မရှိသဖြင့် ပန်းခြံ တခု တည်ဆောက်ပေးရန် တောင်းဆို ခဲ့ကြောင်း သိရပါသည်။
Myat Htut - Myeik

Originally published at - https://www.facebook.com/Myat-Htut-Myeik
.
..................................
မှောင်ရိပ်ခို အတွဲများ ပေါ်တော်မူ ဂေါက်ကွင်းအတွင်း တွေ့ရှိ


Myat Htut - Myeik

.
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)