ေျမာက္ဦးတြင္ စစ္တပ္ကား အိမ္ကို ၀င္တိုက္၊ ေလ်ာ္ေၾကးေပး၍ ေက်ေအးခဲ့ရ


နိရဥၥရာ၊ ဧျပီ ၂

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕ တြင္ စစ္ကားတစ္စီးမွ အိမ္တစ္အိမ္မ်က္နာစာ တစ္ခုကို ၀င္တိုက္ရာမွ က်ပ္ ၇ သိန္း ေလ်ာ္ေၾကးေပးျပီး စစ္တပ္မွ ေက်ေအးလုိက္ရသည္ဟု သတင္း ရရွိသည္။

ဧျပီလ ၁ ရက္ေန႕က စစ္ကားၾကီး တစ္စီးသည္ စႏၵာမုနိေက်ာင္းဘက္ကို အေကြ႕တြင္ ေရွ႕ကတက္လာေသာ သံုးဘီးကို ေရွာင္ကြင္းရာမွ ညာဘက္ ပလက္ေဖာင္းကို တက္ျပီး ဗႏၶဳလရပ္ကြက္ ရြာထိပ္ရွိ ေဒၚမေရႊေအး အိမ္ေရွ႕ မ်က္ႏွာစာကို ၀င္တိုက္ခဲ့သည္ဟု ဆိုသည္။

ကားတိုက္မႈေၾကာင့္ ၀င္းေရွ႕ အုတ္ထရံ ျပိဳက်သြားျပီး အိမ္ေရွ႕မ်က္နာစာ သံေဘာင္ျဖင့္ ျပဳလုပ္ထားေသာ အမိုးမွာ ျပိဳလဲ ပ်က္စီးသြားခဲ့ကာ စစ္တပ္က ကားတြင္လည္း ေရွ႕မွန္မ်ား ကြဲက်သြားခဲ့သည္ဟု မ်က္ျမင္မ်ားက ေျပာသည္။ တစ္စံုတစ္ဦးမွ် ထိခိုက္ဒဏ္ရာ ရရွိခဲ့ျခင္း မရွိေၾကာင္း သိရသည္။

ကားတိုက္မႈေၾကာင့္ ခမရ ၃၇၈ မွ ဗိုလ္မွဴး တစ္ဦး လာေရာက္ ေျဖရွင္းခဲ့ျပီး အပ်က္အစီးအတြက္ အိမ္ရွင္ေလ်ာ္ေၾကးေတာင္းရာ က်ပ္ (၇) သိန္းေပး၍ ေက်ေအးလိုက္သည္ဟု သိရသည္။

ကားတိုက္မႈျဖစ္ပြားျပီးေနာက္ ယာဥ္ထိန္းႏွစ္ဦးေရာက္ရွိလာေသာ္လည္း စစ္တပ္က ကားျဖစ္သျဖင့္ တစ္စံုတစ္ရာ အေရးယူေဆာင္ရြက္ျခင္း မရွိဘဲ ျပန္လည္ ထြက္ခြာသြားခဲ့သည္ဟု သိရသည္။

(ဓာတ္ပံု- ေနာင္ေအး fb)
Arakan State
https://www.facebook.com/NarinjaraNews/

............................................................


နိရဥ္စရာ၊ ဧပြီ ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့ တွင် စစ်ကားတစ်စီးမှ အိမ်တစ်အိမ်မျက်နာစာ တစ်ခုကို ၀င်တိုက်ရာမှ ကျပ် ရ သိန်း လျော်ကြေးပေးပြီး စစ်တပ်မှ ကျေအေးလိုက်ရသည်ဟု သတင်း ရရှိသည်။

ဧပြီလ ၁ ရက်နေ့က စစ်ကားကြီး တစ်စီးသည် စန္ဒာမုနိကျောင်းဘက်ကို အကွေ့တွင် ရှေ့ကတက်လာသော သုံးဘီးကို ရှောင်ကွင်းရာမှ ညာဘက် ပလက်ဖောင်းကို တက်ပြီး ဗန္ဓုလရပ်ကွက် ရွာထိပ်ရှိ ဒေါ်မရွှေအေး အိမ်ရှေ့ မျက်နှာစာကို ၀င်တိုက်ခဲ့သည်ဟု ဆိုသည်။


ကားတိုက်မှုကြောင့် ၀င်းရှေ့ အုတ်ထရံ ပြိုကျသွားပြီး အိမ်ရှေ့မျက်နာစာ သံဘောင်ဖြင့် ပြုလုပ်ထားသော အမိုးမှာ ပြိုလဲ ပျက်စီးသွားခဲ့ကာ စစ်တပ်က ကားတွင်လည်း ရှေ့မှန်များ ကွဲကျသွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ကားတိုက်မှုကြောင့် ခမရ ၃၇၈ မှ ဗိုလ်မှူး တစ်ဦး လာရောက် ဖြေရှင်းခဲ့ပြီး အပျက်အစီးအတွက် အိမ်ရှင်လျော်ကြေးတောင်းရာ ကျပ် (၇) သိန်းပေး၍ ကျေအေးလိုက်သည်ဟု သိရသည်။

ကားတိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်ထိန်းနှစ်ဦးရောက်ရှိလာသော်လည်း စစ်တပ်က ကားဖြစ်သဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

(ဓာတ်ပုံ- နောင်အေး fb)
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)