တုိက္ပဲြေတြေၾကာင့္ ရခုိင္ဒုကၡသည္ရာခ်ီတိမ္းေရွာင္

တုိက္ပဲြေတြျဖစ္ပြားသည္ေနရာ
ရခိုင္လက္နက္ကိုင္တပ္ AA တပ္ဖြဲ႔ေတြနဲ႔ ျမန္မာ စစ္တပ္ၾကား သၾကၤန္ကာလ ကတည္းက ျဖစ္ေနတဲ႔ တိုက္ပြဲေတြဟာ အခုအခ်ိန္ထိ ဆက္ျဖစ္ပြားေနတယ္လို႔ ရခုိင္တပ္ဘက္က ေျပာဆိုပါတယ္။ ႏွစ္ဘက္တုိက္ပြဲေတြေၾကာင့္ စစ္ေရွာင္ ဒုကၡသည္ ၁ ေထာင္နီးပါးေလာက္ကိုလည္း ယာယီ ခိုလံႈေရး စခန္းဖြင့္ ကယ္ဆယ္ထားရပါတယ္။ တိုက္ပြဲေတြ ၿငိမ္းေအးေရး အတြက္ ႏုိင္ငံေရး အရ ေျဖရွင္းႏုိင္တဲ႔ အေျခအေနမ်ိဳးလိုအပ္တယ္လို႔လည္း ရခုိင္ လက္နက္ကိုင္ တပ္ဘက္က ေထာက္ျပပါတယ္။ မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AA နဲ႔ ျမန္မာ့ တပ္မေတာ္တို႔ၾကား ၿပီးခဲ႔တဲ႔ ရက္ေတြက စလို႔ ထိပ္တိုက္ တိုက္ပြဲေတြ မရွိေပမယ့္ ရေသ႔ေတာင္ၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ၾကား၊ ပုဏၰားကြ်န္းၿမိဳ႕နယ္ အနီးက ေတာင္တန္းေတြေပၚမွာေတာ့ ႏွစ္ဘက္ စစ္ေရးတင္းမာေနဆဲ ျဖစ္ပါတယ္။ ျမန္မာ့တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ႀကိဳၾကား ပစ္ခတ္ေနတယ္လို႔ ရခုိင္ လက္နက္ကိုင္တပ္ AA ရဲ႕ ျပန္ၾကားေရး တာ၀န္ခံ ဦးခိုင္သုခ က ေျပာပါတယ္။

“ဒီေန႔လက္ရွိအေျခအေနကေတာ့ တိုက္ပြဲကေတာ့ နည္းနညးၿငိမ္ေနတယ္။ ဒါေပမယ့္လို႔ ျမန္မာ့တပ္မေတာ္ဘက္ကေန အရင္တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာေတြကို လက္နက္ႀကီးေတြနဲ႔ လွမ္းၿပီးေတာ့ ႀကိဳၾကား ႀကိဳၾကား ပစ္ေနတာေတြရွိတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ရေသ႔ေတာင္ၿမိဳ႕နယ္ၾကားက အဲဒီ ေလာရမေတာင္လွမ္းတေလွ်ာက္ရယ္ ၊ ေနာက္ၿပီးလို႔ရွိရင္ ပုဏၰားကြ်န္းၿမိဳ႕နယ္ထဲက နတ္သေရြး ရြာတ၀ိုက္ေပါ့ အဲဒီေတာင္တန္းေတြမွာျဖစ္ေနတာ။ ဆိုေတာ့ တိုက္ပြဲျဖစ္ခါစေတာ့ လြန္ခဲ့တဲ့ ၁၆ ရက္ေန႔ကတည္းကေနျဖစ္ေနတာေပါ့ေလ။”

ရခုိင္လက္နက္ကိုင္တပ္နဲ႔ ျမန္မာ့တပ္မေတာ္ၾကား တုိက္ပြဲေတြကေတာ့ ဧၿပီလ ၁၆ ရက္ေန႔ကစလို႔ ျဖစ္ပြားခဲ႔တာ ျဖစ္ၿပီး ႏွစ္ဘက္ က်ဆံုး ထိခုိက္မႈေတြ ရွိခဲ႔ပါတယ္။ ျမန္မာ့ တပ္မေတာ္ဘက္က ယာယီ တပ္ရင္းမွဴး တဦးနဲ႔ စစ္သည္တခ်ိဳ႕ က်ဆံုးတယ္လို႔လည္း ျမန္မာ့ တပ္မေတာ္က တရား၀င္ သတင္းထုတ္ျပန္ပါတယ္။ ႏွစ္ဘက္တိုက္ပြဲေတြအတြင္း ေပါက္ကြဲသံေတြ ပစ္ခတ္သံေတြေၾကာင့္ စစ္ေရွာင္ ဒုကၡသည္ ၁ ေထာင္နီးပါးကိုလည္း ေစာင့္ေရွာက္ထားရပါတယ္။ ရေသ႔ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေမာင္ ကေတာ့ စစ္ေရွာင္ေတြ အေျခအေနကို အခုလို ေျပာပါတယ္။

“စစ္ေဘးေရွာင္လာရတာ အားလံုးေပါင္း ၃ ေနရာေပါ့ေလ။ စုစုေပါင္း အိမ္ေထာင္စုက ၉၂ စု ၊ လူဦးေရ ၄၂၈ ေယာက္ပါ။ သူတို႔စားလို႔ေသာက္လို႔ရေအာင္ အကုန္လံုးဆန္အိတ္ေတြေရာ ၊ ေခါက္ဆြဲေျခာက္ေတြေရာ၊ က်ေနာ္တို႔ ႏို႔မႈန္႔ေတြေရာ အကုန္စီစဥ္ေပးတာေပါ့ေလ။ ဒီေန႔လည္း အစိုးရအဖြဲ႔ကေန ၀န္ႀကီး ၂ ေယာက္ သူတို႔ တအိမ္ေထာင္ကို ဆန္ ၊ ဆီ အဲလိုမ်ိဳးက်ေနာ္တို႔ အကုန္လံုးသံုးဖို႔အတြက္လည္း တအိမ္ေထာင္ကို ၁၂ ျပည္ႏွဳန္းနဲ႔ ၊ အိမ္ေထာင္စုတစုကို တအိတ္ႏွုန္းနဲ႔ ေထာက္ပံ့တာေပါ့ေလ။ ဆီ ၁ ပိႆာႏွုန္းနဲ႔”

ဘူးသီးေတာင္ၿမိဳ႕နယ္မွာလည္း စစ္ေရွာင္ ဒုကၡသည္ေတြကို ေစာင့္ေရွာက္ထားရပါတယ္။ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္လတ္က အခုလို ေျပာပါတယ္။

“ဘယ္ေလာက္ေလာက္ရွိသလဲဆိုေတာ့ အိမ္ေထာင္စုက ၁၁၂၊ လူဦးေရက ၄၈၉ ။ လံုေလာက္တယ္ဆိုတာက အခု ၁၅ ရက္စာကေတာ့ လံုေလာက္ေနၿပီ လွဴထားတဲ့ဟာေတြနဲ႔ ။ ရြာအလိုက္လည္းလွဴတယ္။ က်ေနာ္တို႔အစိုးရအဖြဲ႔လည္းေထာက္ပံ႕တယ္။ ဘူးသီးေတာင္နဲ႔ ေမာင္းေတာနဲ႔ ေထြအုပ္ကလည္းသြားေထာက္ပ့ံထားတယ္။ သဘာကေတာ့ သူတို႔ ေသနတ္သံေတြၾကားၿပီးေတာ့ ေၾကာက္ၿပီးေတာ့ ခဏလာၾကတာေပါ့ေနာ္။”

ျမန္မာႏုိင္ငံ ေျမာက္ပိုင္းမွာ အေျခစိုက္ၿပီး ရခုိင္ျပည္နယ္ထဲကို အေျခခ်လာတဲ႔ ရခုိင္လက္နက္ကိုင္တပ္ဖြဲ႔ AA ဟာ ဖြဲ႔စည္းခဲ႔တာ ၇ ႏွစ္ အတြင္း ေရာက္ရွိလာၿပီ ျဖစ္ၿပီး ဦးသိန္းစိန္ အစိုးရ လက္ထက္မွာ ရခုိင္ျပည္နယ္တြင္း တုိက္ပြဲေတြ ျဖစ္လာခဲ႕တာ ျဖစ္ပါတယ္။ ဦးသိန္းစိန္ အစိုးရ လက္ထက္ တႏုိင္ငံလံုး အပစ္အခတ္ ရပ္စဲေရး လုပ္ငန္းစဥ္မွာလည္း ပါ၀င္ေဆြးေႏြးခဲ႔တာ ရွိေပမယ့္ ေနာက္ပိုင္း အပစ္အခတ္ ရပ္စဲေရးမွာေတာ့ အရင္ ျမန္မာ အစိုးရဘက္က AA ကို တိုင္းရင္းသား လက္နက္ကိုင္ အျဖစ္ အသိအမွတ္ မျပဳပါဘူး။ ေသာင္းက်န္သူ အဖြဲ႔ အျဖစ္ သံုးႏႈန္းထားတာ ျဖစ္ပါတယ္။ လက္ရွိ အစိုးရ လက္ထက္မွာလည္း ရခုိင္ လက္နက္ကိုင္ တပ္ဖြဲ႔ AA ကို တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ တခု အျဖစ္ လက္သင့္ခံမလား လက္သင့္ မခံဘူးလား ဘယ္လုိပံုစံမ်ိဳးနဲ႔ ေျဖရွင္းေဆာင္ရြက္မလဲ ဆိုတဲ႔ တိက်တဲ႔ မူ၀ါဒ မေတြ႔ရေသးပါဘူး။ ရခုိင္လက္နက္ကိုင္ တပ္ဖြဲ႔ AA ဘက္ကေတာ့ ၿငိမ္းခ်မ္းေရး အတြက္ ႏုိင္ငံေရး အရ အစိုးရနဲ႔ ေဆြးေႏြးညွိႏိႈင္းႏုိင္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................


တိုက်ပွဲတွေဖြစ်ပွားသည်နေရာ
ရခိုင်လက်နက်ကိုင်တပ် AA တပ်ဖွဲ့တွေနဲ့ မြန်မာ စစ်တပ်ကြား သင်္ကြန်ကာလ ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အခုအချိန်ထိ ဆက်ဖြစ်ပွားနေတယ်လို့ ရခိုင်တပ်ဘက်က ပြောဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည် ၁ ထောင်နီးပါးလောက်ကိုလည်း ယာယီ ခိုလှုံရေး စခန်းဖွင့် ကယ်ဆယ်ထားရပါတယ်။ တိုက်ပွဲတွေ ငြိမ်းအေးရေး အတွက် နိုင်ငံရေး အရ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးလိုအပ်တယ်လို့လည်း ရခိုင် လက်နက်ကိုင် တပ်ဘက်က ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ပြီးခဲ့တဲ့ ရက်တွေက စလို့ ထိပ်တိုက် တိုက်ပွဲတွေ မရှိပေမယ့် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား၊ ပုဏ္ဏားကျွန်းမြို့နယ် အနီးက တောင်တန်းတွေပေါ်မှာတော့ နှစ်ဘက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ကြိုကြား ပစ်ခတ်နေတယ်လို့ ရခိုင် လက်နက်ကိုင်တပ် AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က ပြောပါတယ်။

“ဒီနေ့လက်ရှိအခြေအနေကတော့ တိုက်ပွဲကတော့ နည်းနညးငြိမ်နေတယ်။ ဒါပေမယ့်လို့ မြန်မာ့တပ်မတော်ဘက်ကနေ အရင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ကြိုကြား ကြိုကြား ပစ်နေတာတွေရှိတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားက အဲဒီ လောရမတောင်လှမ်းတလျှောက်ရယ် ၊ နောက်ပြီးလို့ရှိရင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက နတ်သရွေး ရွာတဝိုက်ပေါ့ အဲဒီတောင်တန်းတွေမှာဖြစ်နေတာ။ ဆိုတော့ တိုက်ပွဲဖြစ်ခါစတော့ လွန်ခဲ့တဲ့ ၁၆ ရက်နေ့ကတည်းကနေဖြစ်နေတာပေါ့လေ။”

ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေကတော့ ဧပြီလ ၁၆ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နှစ်ဘက် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့ တပ်မတော်ဘက်က ယာယီ တပ်ရင်းမှူး တဦးနဲ့ စစ်သည်တချို့ ကျဆုံးတယ်လို့လည်း မြန်မာ့ တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေအတွင်း ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေကြောင့် စစ်ရှောင် ဒုက္ခသည် ၁ ထောင်နီးပါးကိုလည်း စောင့်ရှောက်ထားရပါတယ်။ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင် ကတော့ စစ်ရှောင်တွေ အခြေအနေကို အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်လာရတာ အားလုံးပေါင်း ၃ နေရာပေါ့လေ။ စုစုပေါင်း အိမ်ထောင်စုက ၉၂ စု ၊ လူဦးရေ ၄၂၈ ယောက်ပါ။ သူတို့စားလို့သောက်လို့ရအောင် အကုန်လုံးဆန်အိတ်တွေရော ၊ ခေါက်ဆွဲခြောက်တွေရော၊ ကျနော်တို့ နို့မှုန့်တွေရော အကုန်စီစဉ်ပေးတာပေါ့လေ။ ဒီနေ့လည်း အစိုးရအဖွဲ့ကနေ ၀န်ကြီး ၂ ယောက် သူတို့ တအိမ်ထောင်ကို ဆန် ၊ ဆီ အဲလိုမျိုးကျနော်တို့ အကုန်လုံးသုံးဖို့အတွက်လည်း တအိမ်ထောင်ကို ၁၂ ပြည်နှုန်းနဲ့ ၊ အိမ်ထောင်စုတစုကို တအိတ်နှုန်းနဲ့ ထောက်ပံ့တာပေါ့လေ။ ဆီ ၁ ပိဿာနှုန်းနဲ့”

ဘူးသီးတောင်မြို့နယ်မှာလည်း စစ်ရှောင် ဒုက္ခသည်တွေကို စောင့်ရှောက်ထားရပါတယ်။ အုပ်ချုပ်ရေးမှူး ဦးတင်လတ်က အခုလို ပြောပါတယ်။

“ဘယ်လောက်လောက်ရှိသလဲဆိုတော့ အိမ်ထောင်စုက ၁၁၂၊ လူဦးရေက ၄၈၉ ။ လုံလောက်တယ်ဆိုတာက အခု ၁၅ ရက်စာကတော့ လုံလောက်နေပြီ လှူထားတဲ့ဟာတွေနဲ့ ။ ရွာအလိုက်လည်းလှူတယ်။ ကျနော်တို့အစိုးရအဖွဲ့လည်းထောက်ပံ့တယ်။ ဘူးသီးတောင်နဲ့ မောင်းတောနဲ့ ထွေအုပ်ကလည်းသွားထောက်ပ့ံထားတယ်။ သဘာကတော့ သူတို့ သေနတ်သံတွေကြားပြီးတော့ ကြောက်ပြီးတော့ ခဏလာကြတာပေါ့နော်။”

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ်ထဲကို အခြေချလာတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ဟာ ဖွဲ့စည်းခဲ့တာ ရ နှစ် အတွင်း ရောက်ရှိလာပြီ ဖြစ်ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်မှာလည်း ပါ၀င်ဆွေးနွေးခဲ့တာ ရှိပေမယ့် နောက်ပိုင်း အပစ်အခတ် ရပ်စဲရေးမှာတော့ အရင် မြန်မာ အစိုးရဘက်က AA ကို တိုင်းရင်းသား လက်နက်ကိုင် အဖြစ် အသိအမှတ် မပြုပါဘူး။ သောင်းကျန်သူ အဖွဲ့ အဖြစ် သုံးနှုန်းထားတာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာလည်း ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ AA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု အဖြစ် လက်သင့်ခံမလား လက်သင့် မခံဘူးလား ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းဆောင်ရွက်မလဲ ဆိုတဲ့ တိကျတဲ့ မူဝါဒ မတွေ့ရသေးပါဘူး။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA ဘက်ကတော့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အရ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)