လွတ်မြောက် ကျောင်းသား၊ ကျောင်းသူနှင့် ၀န်းရံသူများ ကြိုဆိုမည့် အစီအစဉ် ရွှေညဝါဆရာတော် ဖျက်သိမ်း

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ကျောင်းသား၊ ကျောင်းသူ၊ တက်ကြွလှုပ်ရှား၊ ၀န်းရံပြည်သူ နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲကို ယခင်က ဧပြီ ၁၂ ရက်တွင် ကျရောက်မည့် သင်္ကြန်အကြိုနေ့၌ ကျင်းပရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်ကို ဖျက်သိမ်းကြောင်း ရွှေညဝါဆရာတော်က ကြေငြာလိုက်သည်။
မည့်သည့်အကြောင်းရင်းကြောင့် ဖျက်သိမ်းရသည်ကို မသိရသော်လည်း မှော်ဘီ ရွှေညဝါတောရကျောင်း၌ သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ အထိ ယင်းကြိုဆိုပွဲအား ကျင်းပရန် စီစဉ်၍ ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း ဧပြီ ၁၀ ရက်တွင် ဆရာတော်က ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်၏ တပည့်သံဃာတစ်ပါးက အတည်ပြုပြောကြားလိုက်သည်။
Photo:Shwenyawar Sayadaw
KLT, News
.................
"လြတ္ေျမာက္ ေက်ာင္းသား၊ ေက်ာင္းသူႏွင့္ ၀န္းရံသူမ်ား ႀကိဳဆိုမည့္ အစီအစဥ္ ေရႊည၀ါဆရာေတာ္ ဖ်က္သိမ္း"

အက်ဥ္းေထာင္အသီးသီးမွ လြတ္ေျမာက္လာၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူ၊ တက္ၾကြလႈပ္ရွား၊ ၀န္းရံျပည္သူ ႏိုင္ငံေရး အက်ဥ္းသားမ်ား ႀကိဳဆိုဂုဏ္ျပဳပြဲကို ယခင္က ဧၿပီ ၁၂ ရက္တြင္ က်ေရာက္မည့္ သႀကၤန္အႀကိဳေန႔၌ က်င္းပရန္ စီစဥ္ထားေသာ္လည္း ယင္းအစီအစဥ္ကို ဖ်က္သိမ္းေၾကာင္း ေရႊည၀ါဆရာေတာ္က ေၾကျငာလိုက္သည္။
မည့္သည့္အေၾကာင္းရင္းေၾကာင့္ ဖ်က္သိမ္းရသည္ကို မသိရေသာ္လည္း ေမွာ္ဘီ ေရႊည၀ါေတာရေက်ာင္း၌ သႀကၤန္အႀကိဳေန႔ နံနက္ ၉ နာရီမွ ေန႔လည္ ၁ နာရီ အထိ ယင္းႀကိဳဆိုပြဲအား က်င္းပရန္ စီစဥ္၍ ဖိတ္ၾကားမႈမ်ား ရွိခဲ့ေသာ္လည္း ဧၿပီ ၁၀ ရက္တြင္ ဆရာေတာ္က ယင္းအစီအစဥ္ကို ဖ်က္သိမ္းလိုက္ျခင္း ျဖစ္ေၾကာင္း အဆိုပါေက်ာင္းတိုက္မွ ဆရာေတာ္၏ တပည့္သံဃာတစ္ပါးက အတည္ျပဳေျပာၾကားလိုက္သည္။
Photo:Shwenyawar Sayadaw
KLT, News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)