မိုင္းတုံၿမိဳ႕မေစ်းေရွ႕ ဆိုင္ခန္း(၅)ခန္း မီးေလာင္ကၽြမ္းမႈျဖစ္



မိုင္းတုံ ဧၿပီ ၁၀

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းတုံၿမိဳ႕မေစ်းေရွ႕ ေစ်းဆိုင္တန္း၌ ဧၿပီ ၉ ရက္ ည ၈ နာရီ ၄၀ မိနစ္က ဆိုင္ခန္း အမွတ္(၂၄၊၂၅၊၂၆) ဆိုင္ခန္းပိုင္ရွင္ ဦးစိုင္းစံထြန္း၏ အ၀တ္အထည္ဆိုင္မွ ဆိုလာအင္ဗာတာမီး ၀ါယာေရွာ႔ျဖစ္ၿပီး မီးေလာင္မႈျဖစ္ ပြား၍ ေဘးဆိုင္ခန္း(၂၃)ႏွင့္(၂၇)သို႔ မီးကူးစက္ေလာင္ ကၽြမ္းခဲ့သည္။


အဆိုပါ မီးေလာင္မႈကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္း၀င္းႏွင့္ အဖဲြ႕၀င္ မ်ား၊ ေဒသခံျပည္သူမ်ား၊ နယ္ ေျမခံတပ္မေတာ္သားမ်ားႏွင့္ ဦးေက်ာ္သူလြင္ ဦးေဆာင္ေသာ မီးသတ္တပ္ဖဲြ႔၀င္(၁၀)ဦး၊ အရန္မီးသတ္တပ္ဖဲြ႕၀င္ (၃၀)ဦးတို႔က အုပ္ခ်ဳပ္မႈယာဥ္(၁) စီး၊ မီးသတ္ယာဥ္(၂)စီးျဖင့္ ၀ိုင္း၀န္းမီးၿငိမ္းသတ္ရာ ည ၉ နာရီ ၄၅ မိနစ္တြင္ မီးလုံး၀ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ဆိုင္ခန္း(၅) ခန္း မီးေလာင္ဆုံး႐ႈံးခဲ့သည္။


မီးေပါ့ဆစြာသုံးစဲြသူ ဦးစိုင္းစံထြန္းအား မိုင္းတုံၿမိဳ႕နယ္ရဲစခန္း၌ (ပ) ၂/၂၀၁၆ ၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ျမင့္ေမာင္ေမာင္(ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

...................................




မိုင်းတုံ ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့မစျေးရှေ့ စျေးဆိုင်တန်း၌ ဧပြီ ၉ ရက် ည ၈ နာရီ ၄၀ မိနစ်က ဆိုင်ခန်း အမှတ်(၂၄၊၂၅၊၂၆) ဆိုင်ခန်းပိုင်ရှင် ဦးစိုင်းစံထွန်း၏ အဝတ်အထည်ဆိုင်မှ ဆိုလာအင်ဗာတာမီး ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ် ပွား၍ ဘေးဆိုင်ခန်း(၂၃)နှင့်(၂၇)သို့ မီးကူးစက်လောင် ကျွမ်းခဲ့သည်။



အဆိုပါ မီးလောင်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းနှင့် အဖွဲ့ဝင် များ၊ ဒေသခံပြည်သူများ၊ နယ် မြေခံတပ်မတော်သားများနှင့် ဦးကျော်သူလွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးတို့က အုပ်ချုပ်မှုယာဉ်(၁) စီး၊ မီးသတ်ယာဉ်(၂)စီးဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ရာ ည ၉ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၅) ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။



မီးပေါ့ဆစွာသုံးစွဲသူ ဦးစိုင်းစံထွန်းအား မိုင်းတုံမြို့နယ်ရဲစခန်း၌ (ပ) ၂/၂၀၁၆ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြင့်မောင်မောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)