ေပါက္ေတာျမိဳ႕နယ္တြင္ လွံထိုးမႈျဖစ္၍ တစ္ဦးျပင္းထန္စြာ ဒဏ္ရာရ



ရန္ကုန္ ဧျပီ ၁၀ ရက္

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္ သဝင္ေခ်ာင္းေက်း႐ြာတြင္ ဧျပီ ၉ ရက္ေန႕ ညေန ၆ နာရီ ေက်ာ္ေလာက္က လွံထိုးမႈ တစ္ခုျဖစ္ပြားခဲ့ရာ လူတစ္ဦး ျပင္းထန္စြာ ဒဏ္ရာ ရရွိသြားသည္ဟု သိရသည္။

ယင္းျဖစ္စဥ္နွင့္ဆက္စပ္ၿပီး ေပါက္ေတာၿမိဳ့နယ္ ဒုရဲမွုး ဦးဘစိုးက"လွံနဲ႕ အထိုးခံရတဲ့သူက ဦးဦးေမာင္စိန္ (၅၃) နွစ္ပါ။ ျပစ္မွုက်ဴးလြန္သူ ကေတာ့ ဦးလွေဖာ္ေအာင္ရဲ႕သား အသက္ (၃၅) ႏွစ္အရြယ္ ကိုေမာင္လွသိန္း ျဖစ္ပါတယ္။ ေန႕လယ္က ကေလးရန္ျဖစ္တဲ့ ကိစၥနဲ႕ အျငိဳးထားျပီး အခုလိုျဖစ္ပြားခဲ့တာပါ” ဟု နိရဥၥရာသိုက ေျပာသည္။

တရားလို အျဖစ္ ဦးဦးေမာင္စိန္၏ သမက္ျဖစ္သူ ကိုေအာင္ဆန္းဝင္းက အမႈဖြင့္ တိုင္ၾကားသျဖင့္ အမႈအမွတ္ (ပ)၃၆၊ ျပစ္မႈ ပုဒ္မ ၃၂၅/၃၂၆ နဲ႕ အမႈဖြင့္ထားသည္ဟု သိရသည္။

လွံႏွင့္ထိုးသူ တရားခံ ကိုေမာင္လွသိန္းမွာ ထြက္ေျပးတိမ္း ေရွာင္ေနေၾကာင္း၊ ရဲတပ္ဖြဲ႕ အေနျဖင့္ လိုက္လံရွာေဖြေနေၾကာင္း ၎ရဲအရာရွိက ဆက္ေျပာသည္။

လွံႏွင့္ ထုိးခံရသူ ဦးဦးေမာင္စိန္တြင္ ဒဏ္ရာမွာ ညာဘက္ ညွပ္ရို းအထက္မွာ တခ်က္၊ ဘယ္ဘက္ ညွပ္ရိုးေအာက္မွာ တစ္ခ်က္ႏွင့္ ေခါင္းကိုလွံျဖင့္ ရိုက္တာ တစ္ခ်က္ ရရွိေၾကာင္း သိရသည္။

အေရးေပၚေဆးကုသရန္ အတြက္ေပါက္ေတာမွ စစ္ေတြ ေဆးရံုသို႕ ညဥ့္ ၁၂ ေက်ာ္မွရာက္ရွိလာေၾကာင္း ေပါက္ေတာ နာေရးကူညီမႈအသင္း ၊ ေပါက္ေတာလူမႈကြန္ယက္၊ ABD ေသြးလႈရွင္မ်ားအသင္း၊ ေပါက္ေတာ သာေရးနာေရး အသင္း( စစ္ေတြ) တို ႔ပူးေပါင္း ကူညီၿပီး စစ္ေတြေဆးရံုႀကီးသို႕ ပို႕ေဆာင္ခဲ့ေၾကာင္း သိရသည္။

(ဓာတ္ပံု- ေဖ့စ္ဘုတ္)
ေရႊရေအာင္(ေတာင္ကုတ္)
Arakan State
https://www.facebook.com/NarinjaraNews

................................................




ရန်ကုန် ဧပြီ ၁၀ ရက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာတွင် ဧပြီ ၉ ရက်နေ့ ညနေ ၆ နာရီ ကျော်လောက်က လှံထိုးမှု တစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး ပေါက်တောမြို့နယ် ဒုရဲမှုး ဦးဘစိုးက"လှံနဲ့ အထိုးခံရတဲ့သူက ဦးဦးမောင်စိန် (၅၃) နှစ်ပါ။ ပြစ်မှုကျူးလွန်သူ ကတော့ ဦးလှဖော်အောင်ရဲ့သား အသက် (၃၅) နှစ်အရွယ် ကိုမောင်လှသိန်း ဖြစ်ပါတယ်။ နေ့လယ်က ကလေးရန်ဖြစ်တဲ့ ကိစ္စနဲ့ အငြိုးထားပြီး အခုလိုဖြစ်ပွားခဲ့တာပါ” ဟု နိရဥ္စရာသိုက ပြောသည်။

တရားလို အဖြစ် ဦးဦးမောင်စိန်၏ သမက်ဖြစ်သူ ကိုအောင်ဆန်းဝင်းက အမှုဖွင့် တိုင်ကြားသဖြင့် အမှုအမှတ် (ပ)၃၆၊ ပြစ်မှု ပုဒ်မ ၃၂၅/၃၂၆ နဲ့ အမှုဖွင့်ထားသည်ဟု သိရသည်။

လှံနှင့်ထိုးသူ တရားခံ ကိုမောင်လှသိန်းမှာ ထွက်ပြေးတိမ်း ရှောင်နေကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့် လိုက်လံရှာဖွေနေကြောင်း ၎င်းရဲအရာရှိက ဆက်ပြောသည်။

လှံနှင့် ထိုးခံရသူ ဦးဦးမောင်စိန်တွင် ဒဏ်ရာမှာ ညာဘက် ညှပ်ရို းအထက်မှာ တချက်၊ ဘယ်ဘက် ညှပ်ရိုးအောက်မှာ တစ်ချက်နှင့် ခေါင်းကိုလှံဖြင့် ရိုက်တာ တစ်ချက် ရရှိကြောင်း သိရသည်။

အရေးပေါ်ဆေးကုသရန် အတွက်ပေါက်တောမှ စစ်တွေ ဆေးရုံသို့ ညဉ့် ၁၂ ကျော်မှရာက်ရှိလာကြောင်း ပေါက်တော နာရေးကူညီမှုအသင်း ၊ ပေါက်တောလူမှုကွန်ယက်၊ ABD သွေးလှုရှင်များအသင်း၊ ပေါက်တော သာရေးနာရေး အသင်း( စစ်တွေ) တို ့ပူးပေါင်း ကူညီပြီး စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- ဖေ့စ်ဘုတ်)
ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)