ဧရာ၀တီတုိင္းမွာ လာဘ္ေပးလာဘ္ယူကင္းရမည္

Photo: Thiha Tun/ RFA ( ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီကို ဧၿပီလ ၂၅ ရက္ေန႔က ေတြ႔ရစဥ္ )
ဧရာ၀တီတုိင္းေဒသၾကီးမွာ ေနထိုင္တဲ့ ျပည္သူေတြအားလံုး ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ တိုးတက္မႈရွိေစဖို႔အတြက္ တရားဥပေဒစိုးမိုးျပီး လာဘ္ေပး လာဘ္ယူ ကင္းစင္ေအာင္ ေဆာင္ရြက္ သြားမယ္လို႔ ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီ က ေျပာလိုက္ပါတယ္။

ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖဲြ႔ရဲ့ ေဆာင္ရြက္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီကို RFA က ေတြ႕ဆံုေမးျမန္းရာမွာ ၀န္ၾကီးခ်ဳပ္က အစိုးရအဖဲြ႕ရဲ႕ လုပ္ေဆာင္သြားမယ့္ ရည္ရြယ္ခ်က္ကို ေျပာလိုက္တာျဖစ္ပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့ အစိုးရ လက္ထက္မွာ ေရးဆြဲခဲ့တဲ့ စီမံကိန္းေတြကို ဆက္လက္ လုပ္ေဆာင္ဖို႔ သင့္မသင့္ ဆိုတာ ျပည္သူေတြကို ခ်ျပၿပီး ေဆာင္ရြက္သြားမယ္လို႔ ေျပာပါတယ္။

ဧရာ၀တီတိုင္းအတြင္း တပ္မေတာ္နဲ႔ ပုဂၢလိကကုမၸဏီႀကီးေတြက သိမ္းယူထားတဲ့ လယ္ယာေျမ ေတြကို မူလေတာင္သူေတြထံ ျပန္လည္ေပးအပ္ေပးေနေပမယ့္ အားရေက်နပ္ေလာက္တဲ့အထိ မရွိေသးဘူးလို႔လည္း ေျပာပါတယ္။

လြန္ခဲ့တဲဲ့ ၂၀၀၈ ခုႏွစ္ ေမလအတြင္း ျဖစ္ပြားခဲ့တဲ့ နာဂစ္မုန္တိုင္းဒဏ္ေၾကာင့္ ဧရာ၀တီတုိင္းက ပ်က္စီးဆံုးရံႈးခဲ့တဲ့ လယ္ယာေျမေတြမွာ ျပန္လည္စိုက္ပ်ိဳးႏို္င္ဖို႔ ႀကိဳးစားေနသလို လယ္သမားေတြ အတြက္ လယ္ပိုင္ခြင့္ရရွိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

၀န္ၾကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီဟာ အန္အယ္လ္ဒီပါတီကေန ၁၉၉၀ ေရြးေကာက္ပဲြ၊ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပဲြ နဲ႔ ၂၀၁၅ ေရြးေကာက္ပဲြတုိ႔မွာ ၃ၾကိမ္တုိင္တုိင္ ေရြးေကာက္ခံခဲ့ရသူျဖစ္ပါတယ္။

သူဟာ အစိုးရ၀န္ထမ္းအျဖစ္ လက္ေထာက္ၿမိဳ႕နယ္ ပညာေရးမွဴးအဆင့္အထိ တာ၀န္ထမ္းေဆာင္ ခဲ့သူျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

.................................


ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူတွေအားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေဖို့အတွက် တရားဥပဒေစိုးမိုးပြီး လာဘ်ပေး လာဘ်ယူ ကင်းစင်အောင် ဆောင်ရွက် သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ က ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီကို RFA က တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်သွားမယ့် ရည်ရွယ်ချက်ကို ပြောလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ သင့်မသင့် ဆိုတာ ပြည်သူတွေကို ချပြပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း တပ်မတော်နဲ့ ပုဂ္ဂလိကကုမ္ပဏီကြီးတွေက သိမ်းယူထားတဲ့ လယ်ယာမြေ တွေကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ပေးနေပေမယ့် အားရကျေနပ်လောက်တဲ့အထိ မရှိသေးဘူးလို့လည်း ပြောပါတယ်။

လွန်ခဲ့တဲဲ့ ၂၀၀၈ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းက ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးနို်င်ဖို့ ကြိုးစားနေသလို လယ်သမားတွေ အတွက် လယ်ပိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း ၀န်ကြီးချုပ်က ပြောပါတယ်။

၀န်ကြီးချုပ် ဦးမန်းဂျော်နီဟာ အန်အယ်လ်ဒီပါတီကနေ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ ၃ကြိမ်တိုင်တိုင် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ အစိုးရဝန်ထမ်းအဖြစ် လက်ထောက်မြို့နယ် ပညာရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)