စကၤာပူက အိမ္အကူေတြ ဖိႏွိပ္မႈေပါင္းစုံ ခံရဆဲ

စကၤာပူႏိုင္ငံက လူေပါင္း ႏွစ္သိန္းသုံးေသာင္းဟာ ျပည္ပကေန ေရာက္လာတဲ့ အိမ္အကူအလုပ္သမားေတြ ျဖစ္ၾကပါတယ္။ (Credit: Reuters)
စကၤာပူႏိုင္ငံက ​အိမ္အကူေတြဟာ ​အစားအစာကို ​အကန္႔အသတ္နဲ႔ ​သာစားရၿပီး ​နာရီေပါင္းမ်ားစြာ ​အလုပ္လုပ္ရသလို ​တခါတရံမွာ ​လိင္ပိုင္းဆိုင္ရာ ​မဖြယ္မရာ ​ျပဳက်င့္မႈေတြ ​ခံေနရတယ္လို႔ ​သိရပါတယ္။

စကၤာပူႏိုင္ငံမွာ ​အိမ္အကူ ​အလုပ္လုပ္တဲ့ ​အမ်ဳိးသမီး ​၂၃၀၀၀၀ ​ေက်ာ္ ​ရွိၿပီး ​အမ်ားအားျဖင့္ ​ဖိလစ္ပိုင္၊ ​အင္ဒိုနီးရွား၊ ​ကေမာၻဒီးယားနဲ႔ ​ျမန္မာႏိုင္ငံကေန ​လာေရာက္ ​အလုပ္လုပ္သူေတြ ​ျဖစ္ပါတယ္။

Humanitarian ​Organisation ​for ​Migration ​Economics ​ဒါမွမဟုတ္ ​HOME ​လို႔ေခၚတဲ့ ​အဖြဲ႔က ​အိမ္အကူေပါင္း ​၆၇၀ ​အေပၚ ​စစ္တမ္းေကာက္ယူတဲ့အခါမွာ ​အမ်ားစုက ​အႏိုင္က်င့္ခံရတာကို ​ေတြ႔ရွိတာ ​ျဖစ္ပါတယ္။

အလုပ္ရွင္က ​အလုပ္သမားကို ​အကူအညီရတဲ့လူလို႔ ​သေဘာမထားပဲ ​ႏွိမ္တာေတြ၊ ​တခ်ဳိ႕ဆိုရင္ ​မနက္စာ၊ ​ေန႔လည္စာနဲ႔ ​ညစာကို ​ေပါင္မွဳန္႔တမ်ဳိးတည္းသာ ​စားရၿပီး ​ဟင္းသီး ​ဟင္းရြက္ေတြ၊ ​အသားငါးေတြ ​မစားၾကရဘူးလို႔ ​ေျဖဆိုထားၾကပါတယ္။

တပတ္ကို ​တစ္ရက္ေလာက္ ​အလုပ္က ​နားခိုင္းရမယ္လို႔ ​အစိုးရက ​သတ္မွတ္ထားေပမယ့္ ​အိမ္အကူ ​၄၀% ​ေလာက္ဟာ ​နားရက္မွာေတာင္ ​နားခြင့္ ​မရွိဘူးလို႔ ​သိရပါတယ္။

အိမ္အကူ ​၆၇ ​ရာခိုင္ႏွဳန္းကေတာ့ ​သူတို႔ရဲ့ ​ႏုိင္ငံကူးလက္မွတ္ကို ​အိမ္ရွင္ေတြက ​သိမ္းပိုက္လိုက္တာကို ​ခံရၿပီး ​၆၅% ​ကေတာ့ ​အိမ္ရွင္ေတြရဲ့ ​ႏွိမ္မႈကို ​ခံရတယ္လို႔ ​ဆိုပါတယ္။

အိမ္အကူ ​၇% ​ကေတာ့ ​အိမ္ရွင္ ​ဒါမွမဟုတ္ ​အိမ္ရွင္ရဲ့ ​ေဆြမ်ဳိးသားျခင္းထဲက ​လူေတြရဲ့ ​လိင္ပိုင္းဆိုင္ရာ ​အႏိုင္က်င့္မႈကို ​ခံရတယ္လို႔ ​HOME ​က ​ေကာက္ခံတဲ့ ​စစ္တမ္းမွာ ​ေျဖဆိုထားၾကပါတယ္။

စကၤာပူ ​ႏိုင္ငံရဲ့ ​လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ​လုပ္ငန္းခြင့္ ​ဥပေဒက ​အလုပ္ရွင္က ​အလုပ္သမားကို ​ထိန္းခ်ဳပ္ပိုင္ခြင့္ ​ရွိေအာင္ ​လုပ္ထားသလို ​ျဖစ္ေနလို႔ ​ဒီလို ​အႏိုင္က်င့္မႈေတြ ​ျဖစ္ေနရတာလို႔ ​HOME ​အဖြဲ႔က ​Anja ​Wessels ​က ​ေျပာပါတယ္။

တခ်ဳိ႕ ​အိမ္အကူေတြက ​သေဘာေကာင္းတဲ့ ​အိမ္မွာ ​အလုပ္လုပ္ရေပမယ့္ ​တခ်ဳိ႕ကံဆိုးတဲ့ ​လူေတြက ​အိမ္တစ္အိမ္မွာ ​အဆင္မေျပလို႔ ​ေနာက္တစ္အိမ္ ​ေျပာင္းတဲ့အခါမွာလည္း ​သေဘာမေကာင္းတဲ့ ​အိမ္ရွင္နဲ႔ပဲ ​ႀကဳံေနၾကရတယ္လို႔ ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

............................................


စင်္ကာပူနိုင်ငံက လူပေါင်း နှစ်သိန်းသုံးသောင်းဟာ ပြည်ပကနေ ရောက်လာတဲ့ အိမ်အကူအလုပ်သမားတွေ ဖြစ်ကြပါတယ်။ (Credit: Reuters)
စင်္ကာပူနိုင်ငံက ​အိမ်အကူတွေဟာ ​အစားအစာကို ​အကန့်အသတ်နဲ့ ​သာစားရပြီး ​နာရီပေါင်းများစွာ ​အလုပ်လုပ်ရသလို ​တခါတရံမှာ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်မှုတွေ ​ခံနေရတယ်လို့ ​သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ ​အိမ်အကူ ​အလုပ်လုပ်တဲ့ ​အမျိုးသမီး ​၂၃၀၀၀၀ ​ကျော် ​ရှိပြီး ​အများအားဖြင့် ​ဖိလစ်ပိုင်၊ ​အင်ဒိုနီးရှား၊ ​ကမ္ဘောဒီးယားနဲ့ ​မြန်မာနိုင်ငံကနေ ​လာရောက် ​အလုပ်လုပ်သူတွေ ​ဖြစ်ပါတယ်။

Humanitarian ​Organisation ​for ​Migration ​Economics ​ဒါမှမဟုတ် ​HOME ​လို့ခေါ်တဲ့ ​အဖွဲ့က ​အိမ်အကူပေါင်း ​၆၇၀ ​အပေါ် ​စစ်တမ်းကောက်ယူတဲ့အခါမှာ ​အများစုက ​အနိုင်ကျင့်ခံရတာကို ​တွေ့ရှိတာ ​ဖြစ်ပါတယ်။

အလုပ်ရှင်က ​အလုပ်သမားကို ​အကူအညီရတဲ့လူလို့ ​သဘောမထားပဲ ​နှိမ်တာတွေ၊ ​တချို့ဆိုရင် ​မနက်စာ၊ ​နေ့လည်စာနဲ့ ​ညစာကို ​ပေါင်မှုန့်တမျိုးတည်းသာ ​စားရပြီး ​ဟင်းသီး ​ဟင်းရွက်တွေ၊ ​အသားငါးတွေ ​မစားကြရဘူးလို့ ​ဖြေဆိုထားကြပါတယ်။

တပတ်ကို ​တစ်ရက်လောက် ​အလုပ်က ​နားခိုင်းရမယ်လို့ ​အစိုးရက ​သတ်မှတ်ထားပေမယ့် ​အိမ်အကူ ​၄၀% ​လောက်ဟာ ​နားရက်မှာတောင် ​နားခွင့် ​မရှိဘူးလို့ ​သိရပါတယ်။

အိမ်အကူ ​၆၇ ​ရာခိုင်နှုန်းကတော့ ​သူတို့ရဲ့ ​နိုင်ငံကူးလက်မှတ်ကို ​အိမ်ရှင်တွေက ​သိမ်းပိုက်လိုက်တာကို ​ခံရပြီး ​၆၅% ​ကတော့ ​အိမ်ရှင်တွေရဲ့ ​နှိမ်မှုကို ​ခံရတယ်လို့ ​ဆိုပါတယ်။

အိမ်အကူ ​၇% ​ကတော့ ​အိမ်ရှင် ​ဒါမှမဟုတ် ​အိမ်ရှင်ရဲ့ ​ဆွေမျိုးသားခြင်းထဲက ​လူတွေရဲ့ ​လိင်ပိုင်းဆိုင်ရာ ​အနိုင်ကျင့်မှုကို ​ခံရတယ်လို့ ​HOME ​က ​ကောက်ခံတဲ့ ​စစ်တမ်းမှာ ​ဖြေဆိုထားကြပါတယ်။

စင်္ကာပူ ​နိုင်ငံရဲ့ ​လူဝင်မှုကြီးကြပ်ရေးနဲ့ ​လုပ်ငန်းခွင့် ​ဥပဒေက ​အလုပ်ရှင်က ​အလုပ်သမားကို ​ထိန်းချုပ်ပိုင်ခွင့် ​ရှိအောင် ​လုပ်ထားသလို ​ဖြစ်နေလို့ ​ဒီလို ​အနိုင်ကျင့်မှုတွေ ​ဖြစ်နေရတာလို့ ​HOME ​အဖွဲ့က ​Anja ​Wessels ​က ​ပြောပါတယ်။

တချို့ ​အိမ်အကူတွေက ​သဘောကောင်းတဲ့ ​အိမ်မှာ ​အလုပ်လုပ်ရပေမယ့် ​တချို့ကံဆိုးတဲ့ ​လူတွေက ​အိမ်တစ်အိမ်မှာ ​အဆင်မပြေလို့ ​နောက်တစ်အိမ် ​ပြောင်းတဲ့အခါမှာလည်း ​သဘောမကောင်းတဲ့ ​အိမ်ရှင်နဲ့ပဲ ​ကြုံနေကြရတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)