ေနာက္ ၃ ရက္အထိ ေလျပင္းတုိက္ခတ္တာ ၊ မုိးႀကိဳးပစ္တာေတြ ျဖစ္နုိင္ေသး



တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၂ ခုမွာ ေလျပင္းတိုက္ခတ္တာ၊ မုိးသီးေၾကြတာ၊ မုိးႀကိဳးပစ္တာ၊ အခ်ိန္အခါမဟုတ္ မိုးရြာတာေတြဟာ ဆက္ျဖစ္ေနဦးမယ္လို႔ မုိးေလဝသနဲ႔ဇလေဗဒ ပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာပါတယ္။

မုိးတိမ္ေတာင္ျဖစ္ထြန္းမႈေတြဟာ ေနာက္ ၃ ရက္ေလာက္အထိ ဆက္ျဖစ္ႏုိင္တယ္လို႔ မုိးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာပါတယ္။

"အရင္တုန္းကေတာ့ ျမန္မာႏိုင္ငံေျမာက္ပိုင္းေလာက္ပဲ မိုးတိမ္ေတာင္ေတြျဖစ္ၿပီးေတာ့ ဒီျဖစ္စဥ္ေတြျဖစ္ခဲ့တယ္ေပါ့၊ အခုေတာ့ ပိုၿပီးက်ယ္ျပန္႔လာၿပီးေတာ့ ဘယ္ကဆင္းလာသလဲဆိုရင္ ေျမာက္ဘက္ကေန ေတာင္ဘက္ကိုျဖတ္ဆင္းလာတယ္၊ အခုဆို ဘယ္ေလာက္အထိေရာက္လဲဆိုရင္ ျမစ္ဝကြ်န္းေပၚအစပ္ေလာက္ထိ ေရာက္သြားၿပီေပါ့၊ ေနာက္လာမယ့္ ေလးငါးရက္အထိ ခန္႔မွန္းခ်က္ ထုတ္ၾကည့္တဲ့အခါမွာ မိုးတိမ္ေတာင္ျဖစ္တာ ေနာက္ရက္ေတြမွာ အနည္းဆံုးေနာက္ထပ္ ၃ ရက္ေလာက္ ၂၅ ရက္ေန႔ေလာက္အထိ ပုိလို႔ ပိုလို႔ ဆိုးလာဖို႔ရာရွိတယ္၊ ၂၅ ရက္ေန႔ ေနာက္ပိုင္းက်မွသာ ျပန္က်သြားမယ္ေပါ့၊ အဲ့ဒီအေနအထားရွိပါတယ္"

ဒီရက္ပိုင္းမွာ ျဖစ္သြားတဲ႔ ကေလးၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕နယ္ေတြမွာ ေလျပင္းတုိက္တာ၊ ကခ်င္ျပည္နယ္မွာ မုိးသီးေၾကြတာေတြဟာ မိုးတိမ္ေတာင္ေတြေၾကာင့္လို႔ ေျပာပါတယ္။

မုိးတိမ္ေတာင္ေၾကာင့္ မိုးသီးေၾကြတာ၊ မုိးခ်ိန္းတာ၊ ေလျပင္းက်တာ၊ မုိးႀကိဳးပစ္တာ၊ အခ်ိန္အခါမဟုတ္မုိးရြာတာ၊ ေနရာကြက္ၿပီး မုိးႀကီးတာ၊ ေလဆင္ႏွာေမာင္းတုိက္တာ၊ ျဖစ္တတ္တယ္လို႔ ဆိုပါတယ္။

ေနာက္ သံုးရက္ေလာက္အထိ ကခ်င္၊ ရွမ္း၊ မေကြး၊ စစ္ကိုင္း၊ မႏၱေလး၊ ပဲခူး၊ ခ်င္း၊ ဧရာဝတီတုိင္းအေရွ႕ပိုင္း၊ ရန္ကုန္တုိင္းေျမာက္ပိုင္း၊ ကယား၊ ကရင္၊ မြန္ စတဲ႔ေဒသေတြမွာ မုိးတိမ္ေတာင္ျဖစ္ႏုိင္တယ္လို႔ လည္းေျပာပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

..........................................




တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

"အရင်တုန်းကတော့ မြန်မာနိုင်ငံမြောက်ပိုင်းလောက်ပဲ မိုးတိမ်တောင်တွေဖြစ်ပြီးတော့ ဒီဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပေါ့၊ အခုတော့ ပိုပြီးကျယ်ပြန့်လာပြီးတော့ ဘယ်ကဆင်းလာသလဲဆိုရင် မြောက်ဘက်ကနေ တောင်ဘက်ကိုဖြတ်ဆင်းလာတယ်၊ အခုဆို ဘယ်လောက်အထိရောက်လဲဆိုရင် မြစ်ဝကျွန်းပေါ်အစပ်လောက်ထိ ရောက်သွားပြီပေါ့၊ နောက်လာမယ့် လေးငါးရက်အထိ ခန့်မှန်းချက် ထုတ်ကြည့်တဲ့အခါမှာ မိုးတိမ်တောင်ဖြစ်တာ နောက်ရက်တွေမှာ အနည်းဆုံးနောက်ထပ် ၃ ရက်လောက် ၂၅ ရက်နေ့လောက်အထိ ပိုလို့ ပိုလို့ ဆိုးလာဖို့ရာရှိတယ်၊ ၂၅ ရက်နေ့ နောက်ပိုင်းကျမှသာ ပြန်ကျသွားမယ်ပေါ့၊ အဲ့ဒီအနေအထားရှိပါတယ်"

ဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ ကလေးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တွေမှာ လေပြင်းတိုက်တာ၊ ကချင်ပြည်နယ်မှာ မိုးသီးကြွေတာတွေဟာ မိုးတိမ်တောင်တွေကြောင့်လို့ ပြောပါတယ်။

မိုးတိမ်တောင်ကြောင့် မိုးသီးကြွေတာ၊ မိုးချိန်းတာ၊ လေပြင်းကျတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ်မိုးရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

နောက် သုံးရက်လောက်အထိ ကချင်၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)