ရကၡိဳင့္တပ္မေတာ္နဲ႔တုိက္ပြဲ အစုိးရ တပ္က ယာယီတပ္ရင္းမွဴးက်ဆံုး

ရကၡိဳင့္တပ္မေတာ္ AA မွ စစ္သားတခ်ိဳ႕ကို ဧၿပီလ ၁၉ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ ေလာရမေတာင္တန္းတစ္ဝိုက္မွာ ေတြ႔ရစဥ္။ Photo: ရကၡိဳင့္တပ္မေတာ္၊ သတင္းႏွင့္ ျပန္ၾကားေရးဌာန/ Facebook
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေလာရမေတာင္တန္းတစ္ဝိုက္မွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ AA တို႔ ၿပီးခဲ့တဲ့ ဧၿပီလ ၁၆ ရက္ေန႔ကစၿပီး တုိက္ပြဲျဖစ္ပြားေနရာ တပ္မေတာ္ဘက္က ယာယီတပ္ရင္းမွဴး အပါအ၀င္ အရာရွိစစ္သည္တခ်ဳိ႕ က်ဆံုးခဲ့ၿပီး ဒီေန႔အထိ တုိက္ပဲြျဖစ္ပြားေနဆဲျဖစ္ပါတယ္။

AA တပ္ေတြ ရိွေနတဲ့ ေလာရမေတာင္တန္းတ၀ိုက္မွာ ယာယီတပ္ရင္းမွဴး ဗိုလ္မွဴးမ်ိဳးမင္းထြန္း ဦးေဆာင္တဲ့ အစိုးရ တပ္မေတာ္နဲ႔ တိုက္ပဲြျဖစ္ပြားခဲ့တာလို႔ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေျပာပါတယ္။

"ဒီျမန္မာ့တပ္မေတာ္ ခလရ ၂၃၂ က ဗိုလ္မွဴးမ်ိဳးမင္းထြန္း ဦးေဆာင္တဲ့ စစ္ေၾကာင္းက က်ေနာ္တို႔ရခိုင့္ တပ္မေတာ္ အမွတ္ ၂ စစ္ေဒသရဲ႕တပ္ဖြဲ႔ေတြ ရွိေနတဲ့ေနရာကို ထိုးေဖာက္ဝင္တဲ့အတြက္ေၾကာင့္မို႔လို တိုက္ပြဲျဖစ္တာပါ၊ သူတို႔ဝင္မလာရင္ေတာ့ တိုက္ပြဲျဖစ္စရာအေၾကာင္းမရွိပါဘူး၊ အသစ္တက္လာတဲ့အစိုးရ လက္ထက္မွာ က်ေနာ္တို႔က အေကာင္းဆံုးကိုေမွ်ာ္လင့္ထားတယ္"

တိုက္ပြဲျဖစ္ပြားေနတဲ့ ေနရာအနီးတစ္ဝိုက္က နတ္သရဲ၊ ဖက္ဝန္း၊ ေမာင္ႏွမ၊ ေက်ာက္ဆည္ေတာင္၊ သဲျဗဳေခ်ာင္း၊ ေနအိုင္၊ မိေခ်ာင္းေခါက္ စတဲ့ ေက်းရြာေတြ က ေဒသခံေတြဟာ ေတာင္ယာေတြနဲ႔ လုပ္ငန္းခြင္ေတြကို သြားေရာက္ဖို႔ အခက္အခဲျဖစ္ေနၾကပါတယ္။

လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သံေတြကို ဒီေန႔ ေန႔လည္ပိုင္းအထိ ၾကားေနရဆဲျဖစ္တယ္လို႔ တုိက္ပဲြျဖစ္ပြားရာအနီး အနားရြာက ေဒသခံတစ္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ရြာက လူေတြက အခက္အခဲျဖစ္ေနတယ္၊ ေသနတ္သံေတြကို ေၾကာက္တယ္၊ ေတာထဲ ကိုမဝင္ရဲေတာ့ဘူး၊ က်ေနာ္တို႔ရြာ ကိုေတာ့ ျမန္မာ့တပ္မေတာ္ကလူေတြက တစ္ႏွစ္တစ္ေခါက္၊ ႏွစ္ႏွစ္ တစ္ေခါက္အသြား အျပန္ေတာ့ ရွိေနတယ္၊ လက္နက္ႀကီးအသံေတြေတာ့ ၾကားရတယ္"

ဧၿပီလ ၁၆ရက္ေန႔က တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြားခဲ့ရာ AA တပ္ဖြဲ႔က ရြာသားေတြ အသြင္ေဆာင္ၿပီး ခ်ံဳခိုတိုက္ခိုက္ခဲ့ တာျဖစ္ေၾကာင္း တုိက္ပြဲေတြအတြင္း AA ရဲ႕ ယာယီ အေျချပဳစခန္းေတြ၊ လူေနတဲေတြ၊ ေဒသႏၱရလက္လုပ္မိုင္းေတြ နဲ႔ တျခားအသံုး အေဆာင္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဒီေန႔ထုတ္ အစိုးရသတင္းစာမွာ ေဖာ္ျပထား ပါတယ္။

အစိုးရတပ္မေတာ္အေနနဲ႔ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒ စိုးမိုးေရးနဲ႔ ျပည္သူလူထု ရဲ႕အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးတို႔အတြက္ AA အဖဲြ႔ကို အၿပီးတိုင္ေခ်မွဴန္းႏိုင္ေရး ေဆာင္ရြက္ေနတယ္လို႔လည္း ပါရွိပါတယ္။

အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ AA တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္က စၿပီး ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္ နယ္ ေက်ာက္ေတာ္၊ ဘူးသီးေတာင္ စတဲ့ ၿမိဳ႕နယ္ေတြမွာ တုိက္ပြြဲေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................


ရက္ခိုင့်တပ်မတော် AA မှ စစ်သားတချို့ကို ဧပြီလ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ် လောရမတောင်တန်းတစ်ဝိုက်မှာ တွေ့ရစဉ်။ Photo: ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန/ Facebook
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လောရမတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေရာ တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

AA တပ်တွေ ရှိနေတဲ့ လောရမတောင်တန်းတဝိုက်မှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

"ဒီမြန်မာ့တပ်မတော် ခလရ ၂၃၂ က ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ စစ်ကြောင်းက ကျနော်တို့ရခိုင့် တပ်မတော် အမှတ် ၂ စစ်ဒေသရဲ့တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကို ထိုးဖောက်ဝင်တဲ့အတွက်ကြောင့်မို့လို တိုက်ပွဲဖြစ်တာပါ၊ သူတို့ဝင်မလာရင်တော့ တိုက်ပွဲဖြစ်စရာအကြောင်းမရှိပါဘူး၊ အသစ်တက်လာတဲ့အစိုးရ လက်ထက်မှာ ကျနော်တို့က အကောင်းဆုံးကိုမျှော်လင့်ထားတယ်"

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတစ်ဝိုက်က နတ်သရဲ၊ ဖက်ဝန်း၊ မောင်နှမ၊ ကျောက်ဆည်တောင်၊ သဲဗြုချောင်း၊ နေအိုင်၊ မိချောင်းခေါက် စတဲ့ ကျေးရွာတွေ က ဒေသခံတွေဟာ တောင်ယာတွေနဲ့ လုပ်ငန်းခွင်တွေကို သွားရောက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ဒီနေ့ နေ့လည်ပိုင်းအထိ ကြားနေရဆဲဖြစ်တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီး အနားရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ရွာက လူတွေက အခက်အခဲဖြစ်နေတယ်၊ သေနတ်သံတွေကို ကြောက်တယ်၊ တောထဲ ကိုမဝင်ရဲတော့ဘူး၊ ကျနော်တို့ရွာ ကိုတော့ မြန်မာ့တပ်မတော်ကလူတွေက တစ်နှစ်တစ်ခေါက်၊ နှစ်နှစ် တစ်ခေါက်အသွား အပြန်တော့ ရှိနေတယ်၊ လက်နက်ကြီးအသံတွေတော့ ကြားရတယ်"

ဧပြီလ ၁၆ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့က ရွာသားတွေ အသွင်ဆောင်ပြီး ချုံခိုတိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း တိုက်ပွဲတွေအတွင်း AA ရဲ့ ယာယီ အခြေပြုစခန်းတွေ၊ လူနေတဲတွေ၊ ဒေသန္တရလက်လုပ်မိုင်းတွေ နဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထား ပါတယ်။

အစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် AA အဖွဲ့ကို အပြီးတိုင်ချေမှူန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့နှစ်က စပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည် နယ် ကျောက်တော်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ တိုက်ပွွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)