စိတ်ဖောက်ပြန်ကာ လူငါးဦးကို ဓားဖြင့်ခုတ်သတ်သော အမျိုးသားကို သေနတ်ဖြင့် ပစ်သတ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်၊ ရေး- သံဖြူဇရပ် ကားလမ်းဘေးရှိ ဝယ်ဝင်္ကရာကျေးရွာတွင် ယနေ့ (ဧပြီလ ၄ ရက်) နံနက် ၉ နာရီခန့်က နေအိမ်မီးရှို့ပြီး ရွာသူရွာသား ငါးဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် အသက် ၄၁ နှစ်အရွယ် စိတ်ဖောက်ပြန်နေသူ အမျိုးသား တစ်ဦးကို သေနတ်ဖြင့် ပစ်သတ် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကျေးရွာတွင် နေထိုင်သော ဦးယုံမှာ စိတ်ဖောက်ပြန်ပြီး နေအိမ်ကို မီးရှို့ကာ ဘေးအိမ်တွင် နေထိုင်သော အသက် ရ၈ နှစ်အရွယ် ဦးထွန်းရီကို ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ရွာသူရွာသားများကို ဓားဖြင့် ထပ်မံ လိုက်ခုတ်ရာမှ အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးမှာ သေဆုံးခဲ့ပြီး ခြောက်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

"လူသတ်မှု ကျူးလွန်ခဲ့သူက ထိုင်းမှာ အလုပ်သွားလုပ်ပြီး ရွာပြန်ရောက်တာ သုံးလလောက်ပဲ ရှိသေးတယ်၊ မူးယစ်ဆေးဝါး သုံးစွဲရာက စိတ်ဖောက်ပြန်ပြီး အိမ်မီးရှို့ခဲ့တာလို့ သူ့မိန်းမဖြစ်သူထံက သိရတယ်၊ သူစိတ်ဖောက်ပြန်ချိန်မှာ ဇနီးနဲ့ သမီးက ကြောက်ပြီး ထွက်ပြေးခဲ့လို့ လွတ်သွားခဲ့ပေမယ့် အိမ်နီးနားချင်းနဲ့ ရွာလမ်းမမှာ သွားလာနေသူကို ဓားနဲ့ လိုက်ခုတ်ခဲ့တာကြောင့် ငါးယောက်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခြောက်ယောက် အပြင်းအထန် ဒဏ်ရာတွေ ရခဲ့တယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စိတ်ဖောက်ပြန်သူမှာ ၎င်းနေအိမ်ဘေးရှိ ဦးထွန်းရီကို ဓားဖြင့် ခုတ်သတ်ပြီး ရွာလမ်းတစ်လျှောက်ရှိ ရွာသူရွာသားများကို ဓားဖြင့်လိုက်ခုတ်စဉ် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေ၏ AK 4 သေနတ်ကို ထပ်မံလုယူခဲ့ကြောင်း၊ ဓားဖြင့် ခုတ်ခံရသည့် ၁၁ ဦးတွင် ဦးထွန်းရီ အပါအဝင် အသက် ၆ဝ အရွယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးစိန်ခိုင်နှင့် ၎င်း၏ဇနီး ဒေါ်သန်းစု၊ အသက် ၃ဝ အရွယ်ရှိ ဦးမြင့်လွင်နှင့် အသက် ၄၃ နှစ်အရွယ် ဦးအောင်ထွန်းတို့ သေဆုံးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးတို့မှာ ပြတ်ရှ ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သဖြင့် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများထံ တင်ပို့ ထားရကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

"လူသတ်မှု ကျူးလွန်ခဲ့သူက ပြည်သူ့စစ်ခေါင်းဆောင်ဆီက ယူလာတဲ့ သေနတ်နဲ့ ကျေးရွာထဲ ဝင်ဖမ်းတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပြန်လည်ပစ်ခတ်တာကြောင့် နယ်မြေ(၄)က တပ်မတော်သားတွေက သူ့ကို သေနတ်နဲ့ ပစ်သတ် ဖမ်းဆီးခဲ့တယ်၊ ဒဏ်ရာရသူ ခြောက်ယောက်ထဲမှာ လေးယောက်က အသက်အန္တရာယ် အတော် စိုးရိမ်ရတယ်"ဟု သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နေအိမ်မီးရှို့ပြီး ရွာသူရွာသားများကို ဓားဖြင့် လိုက်ခုတ်ခဲ့သောကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ဖမ်းဆီးခဲ့ရသော ဦးယုံကို သံဖြူဇရပ်မြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂၊ ၄၃၆/ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

..........................
စိတ္ေဖာက္ျပန္ကာ လူငါးဦးကို ဓားျဖင့္ခုတ္သတ္ေသာ အမ်ဳိးသားကို ေသနတ္ျဖင့္ ပစ္သတ္
---------------------------------------
မြန္ျပည္နယ္ ေမာ္လၿမိဳင္ခ႐ိုင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ေရး- သံျဖဴဇရပ္ ကားလမ္းေဘးရွိ ဝယ္ဝကၤရာေက်း႐ြာတြင္ ယေန႔ (ဧၿပီလ ၄ ရက္) နံနက္ ၉ နာရီခန္႔က ေနအိမ္မီး႐ိႈ႕ၿပီး ႐ြာသူ႐ြာသား ငါးဦးကို ဓားျဖင့္ ခုတ္သတ္ခဲ့သည့္ အသက္ ၄၁ ႏွစ္အ႐ြယ္ စိတ္ေဖာက္ျပန္ေနသူ အမ်ဳိးသား တစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္ ဖမ္းဆီးခဲ့ေၾကာင္း ယင္းၿမိဳ႕နယ္ ရဲစခန္းထံမွ စုံစမ္းသိရွိရသည္။

ယင္းေက်း႐ြာတြင္ ေနထိုင္ေသာ ဦးယုံမွာ စိတ္ေဖာက္ျပန္ၿပီး ေနအိမ္ကို မီး႐ိႈ႕ကာ ေဘးအိမ္တြင္ ေနထိုင္ေသာ အသက္ ၇၈ ႏွစ္အ႐ြယ္ ဦးထြန္းရီကို ဓားျဖင့္ခုတ္သတ္ခဲ့ေၾကာင္း၊ ယင္းေနာက္ ေက်း႐ြာအတြင္းရွိ ႐ြာသူ႐ြာသားမ်ားကို ဓားျဖင့္ ထပ္မံ လိုက္ခုတ္ရာမွ အမ်ဳိးသမီးတစ္ဦး အပါအဝင္ ေလးဦးမွာ ေသဆုံးခဲ့ၿပီး ေျခာက္ဦးမွာ ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ေၾကာင္း သံျဖဴဇရပ္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

"လူသတ္မႈ က်ဴးလြန္ခဲ့သူက ထိုင္းမွာ အလုပ္သြားလုပ္ၿပီး ႐ြာျပန္ေရာက္တာ သုံးလေလာက္ပဲ ရွိေသးတယ္၊ မူးယစ္ေဆးဝါး သုံးစြဲရာက စိတ္ေဖာက္ျပန္ၿပီး အိမ္မီး႐ိႈ႕ခဲ့တာလို႔ သူ႔မိန္းမျဖစ္သူထံက သိရတယ္၊ သူစိတ္ေဖာက္ျပန္ခ်ိန္မွာ ဇနီးနဲ႔ သမီးက ေၾကာက္ၿပီး ထြက္ေျပးခဲ့လို႔ လြတ္သြားခဲ့ေပမယ့္ အိမ္နီးနားခ်င္းနဲ႔ ႐ြာလမ္းမမွာ သြားလာေနသူကို ဓားနဲ႔ လိုက္ခုတ္ခဲ့တာေၾကာင့္ ငါးေယာက္ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး ေျခာက္ေယာက္ အျပင္းအထန္ ဒဏ္ရာေတြ ရခဲ့တယ္"ဟု ၎က ဆက္လက္ေျပာၾကားသည္။

စိတ္ေဖာက္ျပန္သူမွာ ၎ေနအိမ္ေဘးရွိ ဦးထြန္းရီကို ဓားျဖင့္ ခုတ္သတ္ၿပီး ႐ြာလမ္းတစ္ေလွ်ာက္ရွိ ႐ြာသူ႐ြာသားမ်ားကို ဓားျဖင့္လိုက္ခုတ္စဥ္ ေက်း႐ြာ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးေရႊ၏ AK 4 ေသနတ္ကို ထပ္မံလုယူခဲ့ေၾကာင္း၊ ဓားျဖင့္ ခုတ္ခံရသည့္ ၁၁ ဦးတြင္ ဦးထြန္းရီ အပါအဝင္ အသက္ ၆ဝ အရြယ္ရွိ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးစိန္ခိုင္ႏွင့္ ၎၏ဇနီး ေဒၚသန္းစု၊ အသက္ ၃ဝ အ႐ြယ္ရွိ ဦးျမင့္လြင္ႏွင့္ အသက္ ၄၃ ႏွစ္အ႐ြယ္ ဦးေအာင္ထြန္းတို႔ ေသဆုံးခဲ့ၿပီး အမ်ဳိးသားသုံးဦးႏွင့္ အမ်ဳိးသမီးသုံးဦးတို႔မွာ ျပတ္ရွ ဒဏ္ရာမ်ား အျပင္းအထန္ ရရွိခဲ့သျဖင့္ ေမာ္လၿမိဳင္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔ရွိ ျပည္သူ႔ေဆး႐ုံမ်ားထံ တင္ပို႔ ထားရေၾကာင္း ေမာ္လၿမိဳင္ခ႐ိုင္ ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

"လူသတ္မႈ က်ဴးလြန္ခဲ့သူက ျပည္သူ႔စစ္ေခါင္းေဆာင္ဆီက ယူလာတဲ့ ေသနတ္နဲ႔ ေက်း႐ြာထဲ ဝင္ဖမ္းတဲ့ လုံၿခံဳေရး တပ္ဖြဲ႕ဝင္ေတြကို ျပန္လည္ပစ္ခတ္တာေၾကာင့္ နယ္ေျမ(၄)က တပ္မေတာ္သားေတြက သူ႔ကို ေသနတ္နဲ႔ ပစ္သတ္ ဖမ္းဆီးခဲ့တယ္၊ ဒဏ္ရာရသူ ေျခာက္ေယာက္ထဲမွာ ေလးေယာက္က အသက္အႏၲရာယ္ အေတာ္ စိုးရိမ္ရတယ္"ဟု သံျဖဴဇရပ္ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

ေနအိမ္မီး႐ိႈ႕ၿပီး ႐ြာသူ႐ြာသားမ်ားကို ဓားျဖင့္ လိုက္ခုတ္ခဲ့ေသာေၾကာင့္ ေနအိမ္ေလးလုံး မီးေလာင္ကြၽမ္းခဲ့ေၾကာင္း၊ ေသနတ္ျဖင့္ ပစ္သတ္ဖမ္းဆီးခဲ့ရေသာ ဦးယုံကို သံျဖဴဇရပ္ၿမိဳ႕မ ရဲစခန္းမွ ျပစ္မႈပုဒ္မ ၃ဝ၂၊ ၄၃၆/ ၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း ေမာ္လၿမိဳင္ခ႐ိုင္ ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။
The Voice Weekly


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)