ပါတီမွထုတ္ပယ္ျခင္းသည္ စည္းမ်ည္းစည္းကမ္းမ်ားႏွင့္ ကိုက္ညီျခင္းမရွိဟု သူရဦးေရႊမန္း ေျပာ



ဧျပီ ၂၂ ရက္ေန႔က ျပည္ခိုင္ျဖိဳးပါတီမွ ထုတ္ပယ္ျခင္းခံလိုက္ရေသာ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ဥကၠဌ သူရဦးေရႊမန္းက ၎အေနႏွင့္ မည္သည့္ျပစ္ခ်က္ျဖင့္ စြဲခ်က္တင္ျပီး ပါတီမွ ထုတ္ပယ္ခံရျခင္းကို မသိရွိေၾကာင္း၊ ယင္းသို႔ ထုတ္ပယ္ျခင္းသည္ ပါတီ၏စည္းမ်ည္းစည္းကမ္း လုပ္ထံုးလုပ္နည္းမ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း ယေန႔ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ဧျပီ ၂၂ ရက္ေန႔ အစည္းအေ၀းအျပီး ထုတ္ပယ္ျခင္းခံရသူ စုစုေပါင္း ၁၇ ဦးရွိျပီး သူရဦးေရႊမန္း ဥကၠဌအျဖစ္ေဆာင္ရြက္သည့္ ေကာ္မရွင္အဖြဲ႔၀င္ ၁၁ ဦးလံုး ပါ၀င္သည္။

ယင္းႏွင့္ပတ္သက္၍ သူရဦးေရႊမန္းက“ဘာအျပစ္ေတြနဲ႔ စြဲခ်က္တင္ထားသလဲ မသိဘူး။ ျပီးတဲ့အခါမွာ ဘယ္လို စံုစမ္းသလဲ မသိဘူး။ ဘယ္လို ဆံုးျဖတ္သလဲလည္း မသိဘူး။ ဘယ္လို အေရးယူတယ္ဆိုတာက အစ ဂဃနဏ မသိဘူး”ဟု ေျပာၾကားသည္။

ယင္းအျပင္ ပါတီမွထုတ္ပယ္ျခင္းခံရသူ ၁၁ ဦးမွ သတင္းစာရွင္းလင္းပြဲမတိုင္မီ ထုတ္ျပန္ခ်က္၌ “၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လ(၁၂)ရက္ ည(၁၀)နာရီခဲြအခိ်န္ခန္႔တြင္ လုံၿခဳံေရး အဖြဲ႕အင္အား အသံုးျပဳၿပီး ပါတီဌာနခ်ဳပ္ရံုးကို စီးနင္းေနရာယူ သိမ္းပိုက္ရွာေဖြၿပီးေနာက္ ပါတီဗဟိုအလုပ္ အမႈေဆာင္ေကာ္မတီ အား ျပင္ဆင္ဖဲြ႔စည္းလုပ္ေဆာင္ခဲ့ပါသည္။ ပါတီ ညီလာခံႏွင့္ ပါတီဗဟို
ေကာ္မတီကေရြးခ်ယ္တင္ေျမွာက္ထားသည့္ ဗဟိုအလုပ္အမႈ
ေဆာင္ ေကာ္မတီ၀င္မ်ားကို ဖယ္ရွားၿပီးရက္ပိုင္းအတြင္းမွ ပါတီ၀င္ျဖစ္လာသူမ်ားႏွင့္ သာမန္ ပါတီ၀င္အခိ်ဳ႕တို႔ကို ပါတီဗဟို အလုပ္အမႈေဆာင္ေကာ္မတီ၀င္အျဖစ္ တိုက္ရိုက္ခန္႔အပ္ျခင္း တို႔သည္ တည္ဆဲဥပေဒႏွင့္ ပါတီ၏ဖဲြ႔စည္းပံုအေျခခံစည္းမ်ဥ္းကို ခိ်ဳးေဖာက္ျခင္း ရိွ/မရိွ အလြယ္တကူ သိျမင္ႏိုင္မည္ျဖစ္ပါသည္”ဟု ေဖာ္ျပပါရွိသည္။

ဧျပီ ၂၂ ရက္ေန႔က ျပည္ခိုင္ျဖိဳးပါတီမွ ထုတ္ပယ္ျခင္းခံခဲ့ရသူ ၁၇ ဦးမွာ
၁-သူရဦးေရႊမန္း
၂-ဦးေဇာ္ျမင့္ေဖ
၃-ဦးေမာင္တိုး
၄-ဦးၾကည္သာ
၅-ဦးေအးေမာက္
၆-ဦးကိုကိုႏိုင္
၇-ဦးျမင့္ထြန္း
၈-ဦးတင္ေမာင္ဦး
၉-ဦးလွျမင့္ဦး
၁၀-ဦးစိုးျမင့္
၁၁-ဦးေမာင္သိန္း
၁၂-သူရဦးေအာင္ကို
၁၃-ဦးမ်ဳိးျမင့္
၁၄-ဦးဆန္းဆင့္
၁၅-ဦး၀င္းသန္း
၁၆-ဦးခင္ေရႊ
၁၇-ဦးစံေရႊေအာင္

တို႔ျဖစ္သည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

........................................................




ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံလိုက်ရသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ၎င်းအနေနှင့် မည်သည့်ပြစ်ချက်ဖြင့် စွဲချက်တင်ပြီး ပါတီမှ ထုတ်ပယ်ခံရခြင်းကို မသိရှိကြောင်း၊ ယင်းသို့ ထုတ်ပယ်ခြင်းသည် ပါတီ၏စည်းမျည်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်နေ့ အစည်းအဝေးအပြီး ထုတ်ပယ်ခြင်းခံရသူ စုစုပေါင်း ၁၇ ဦးရှိပြီး သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ၁၁ ဦးလုံး ပါ၀င်သည်။

ယင်းနှင့်ပတ်သက်၍ သူရဦးရွှေမန်းက“ဘာအပြစ်တွေနဲ့ စွဲချက်တင်ထားသလဲ မသိဘူး။ ပြီးတဲ့အခါမှာ ဘယ်လို စုံစမ်းသလဲ မသိဘူး။ ဘယ်လို ဆုံးဖြတ်သလဲလည်း မသိဘူး။ ဘယ်လို အရေးယူတယ်ဆိုတာက အစ ဂဃနဏ မသိဘူး”ဟု ပြောကြားသည်။

ယင်းအပြင် ပါတီမှထုတ်ပယ်ခြင်းခံရသူ ၁၁ ဦးမှ သတင်းစာရှင်းလင်းပွဲမတိုင်မီ ထုတ်ပြန်ချက်၌ “၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက် ည(၁၀)နာရီခွဲအချိန်ခန့်တွင် လုံခြုံရေး အဖွဲ့အင်အား အသုံးပြုပြီး ပါတီဌာနချုပ်ရုံးကို စီးနင်းနေရာယူ သိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အား ပြင်ဆင်ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါသည်။ ပါတီ ညီလာခံနှင့် ပါတီဗဟို
ကော်မတီကရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှု
ဆောင် ကော်မတီဝင်များကို ဖယ်ရှားပြီးရက်ပိုင်းအတွင်းမှ ပါတီဝင်ဖြစ်လာသူများနှင့် သာမန် ပါတီဝင်အချို့တို့ကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း တို့သည် တည်ဆဲဥပဒေနှင့် ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူ သိမြင်နိုင်မည်ဖြစ်ပါသည်”ဟု ဖော်ပြပါရှိသည်။

ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ၁၇ ဦးမှာ
၁-သူရဦးရွှေမန်း
၂-ဦးဇော်မြင့်ဖေ
၃-ဦးမောင်တိုး
၄-ဦးကြည်သာ
၅-ဦးအေးမောက်
၆-ဦးကိုကိုနိုင်
၇-ဦးမြင့်ထွန်း
၈-ဦးတင်မောင်ဦး
၉-ဦးလှမြင့်ဦး
၁၀-ဦးစိုးမြင့်
၁၁-ဦးမောင်သိန်း
၁၂-သူရဦးအောင်ကို
၁၃-ဦးမျိုးမြင့်
၁၄-ဦးဆန်းဆင့်
၁၅-ဦးဝင်းသန်း
၁၆-ဦးခင်ရွှေ
၁၇-ဦးစံရွှေအောင်

တို့ဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)