သံျဖဴဇရပ္ၿမိဳ႕၊ဝယ္ဝကၤရာ ေက်းရြာတြင္ ေဆးေၾကာင္ေနသူတစ္ဦးက လူေျခာက္ဦးကို ဓားျဖင့္ခုတ္သတ္၍ ေန အိမ္မ်ားကို မီးရူိ႕



ေမာ္လၿမိဳင္၊ ဧၿပီ ၄ ။ ။

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝယ္ဝကၤရာေက်းရြာဘက္တြင္ ဧၿပီလ ၄ ရက္ေန႔ နံနက္ ၉ နာရီခန္႔က မူးယစ္ေဆးေၾကာင္ေနသူ ဦးယုန္က ဓါးျဖင့္လိုက္လံခုတ္ရာ လူေျခာက္ဦး ေသဆုံးၿပီး ေလးဦး ဒဏ္ရာရကာ ေနအိမ္ေလးလုံး မီး႐ူိ႕ မႈျဖစ္ပြားခ့ဲေၾကာင္း ေမာ္လၿမိဳင္ခရုိင္မီးသတ္ဦးစီးဌာနမွ သိရသည္။


ဝယ္ဝကၤရာေက်းရြာေန ဦးယုန္သည္ ဝယ္ဝကၤရာေက်းရြာအတြင္းရွိ လူမ်ားကို ဓားျဖင့္ခုတ္ သတ္ခဲ့ျခင္းျဖစ္ၿပီး ေနအိမ္ကုိ မီးျဖင့္ရွုိ႕ခဲ့ျခင္းျဖစ္ေၾကာင္း ေက်းရြာအတြင္းေနထုိင္ေသာရြာသားမ်ားထံမွ သိရသည္။

ထို႔ျပင္ ျပည္သူစစ္တစ္ဦးထံမွ AK 4ေသနတ္အားလုယူခဲ့ေသာေၾကာင့္ အဆုိပါေဆးေၾကာင္ေနသူကုိ သံျဖဴဇ ရပ္ၿမိဳ႕နယ္ရဲစခန္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး နွင့္ (တ.တ.က.၄)နယ္ေျမခံတပ္ရင္းပူးေပါင္းအဖြဲ႕က ပူးေပါင္းဝင္ေရာက္၍ အေသပစ္သတ္ခဲ့ေၾကာင္း အဆုိပါ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကား သည္။.

ယင္းမီးေလာင္မွုေၾကာင့္ အိမ္ေလးလံုပ်က္ဆီးကာ ဆံုးရွံုးမွုတန္ဖုိး က်ပ္ ၁၁ သိန္းေက်ာ္ရွိခဲ့ၿပီး သံျဖဴဇ ရပ္ၿမိဳ႕နယ္ရဲစခန္းက (ပ-၆၄/ ၂၀၁၆ /ျပစ္မွုဆုိင္ရာ ပုဒ္မ ၃၀၂/၄၃၆)ျဖင့္အမွုဖြင့္ထားေၾကာင္း အဆုိပါရဲစခန္းထံမွ သိရသည္။

ထုိ႔ျပင္ ဒဏ္ရာရရွိသူမ်ားကို သံျဖဴဇရပ္ၿမိဳ႕နယ္ျပည္သူ႕ေဆးရံုသို႔ပို႕ေဆာင္ေပးခဲ့ေၾကာင္း ယင္းရဲစခန္းထံမွ သိရသည္။

ဓါတ္ပုံ - ကုိႏွင္းေမာင္
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

......................................................................




မော်လမြိုင်၊ ဧပြီ ၄ ။ ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာဘက်တွင် ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်က မူးယစ်ဆေးကြောင်နေသူ ဦးယုန်က ဓါးဖြင့်လိုက်လံခုတ်ရာ လူခြောက်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရကာ နေအိမ်လေးလုံး မီးရိူ့ မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။



ဝယ်ဝင်္ကရာကျေးရွာနေ ဦးယုန်သည် ဝယ်ဝင်္ကရာကျေးရွာအတွင်းရှိ လူများကို ဓားဖြင့်ခုတ် သတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ကို မီးဖြင့်ရှို့ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအတွင်းနေထိုင်သောရွာသားများထံမှ သိရသည်။

ထို့ပြင် ပြည်သူစစ်တစ်ဦးထံမှ AK 4သေနတ်အားလုယူခဲ့သောကြောင့် အဆိုပါဆေးကြောင်နေသူကို သံဖြူဇ ရပ်မြို့နယ်ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး နှင့် (တ.တ.က.၄)နယ်မြေခံတပ်ရင်းပူးပေါင်းအဖွဲ့က ပူးပေါင်းဝင်ရောက်၍ အသေပစ်သတ်ခဲ့ကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။.


ယင်းမီးလောင်မှုကြောင့် အိမ်လေးလုံပျက်ဆီးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ သိန်းကျော်ရှိခဲ့ပြီး သံဖြူဇ ရပ်မြို့နယ်ရဲစခန်းက (ပ-၆၄/ ၂၀၁၆ /ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂/၄၃၆)ဖြင့်အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူများကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဓါတ်ပုံ - ကိုနှင်းမောင်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)