လက္က်န္ ႏိုင္က်ဥ္းအားလုံး အျမန္ဆံုး ျပန္လႊတ္ေပးဖုိ႔ ကုလတိုက္တြန္း



ျမန္မာသမၼတ ဦးထင္ေက်ာ္ရဲ႕ လြတ္ၿငိမ္းခြင့္အမိန္႔နဲ႔ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ႏိုင္ငံေရးအက်ဥ္သား ၈၃ ဦး ထပ္ၿပီး လြတ္ေျမာက္လာတာကို ကုလသမဂၢက ႀကိဳဆိုလိုက္ပါတယ္။

တခ်ိန္တည္းမွာပဲ က်န္ရွိေနေသးတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ အျမန္ဆံုး လြတ္ေျမာက္ေရး ေသခ်ာေအာင္ ေဆာင္ရြက္ေပးဖို႔ ျမန္မာအစိုးရကို တိုက္တြန္းေၾကာင္း မေန႔က ဂ်နီဗာကုလသမဂၢမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္မင္းႀကီးရဲ႕ ေျပာခြင့္ရပုဂၢိဳလ္က ေျပာသြားပါတယ္။ အေသးစိတ္ကို မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD အစိုးရဟာ ဧၿပီလ ၁ ရက္ေန႔မွာ အာဏာယူၿပီးေနာက္ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရး ရက္ပိုင္းအတြင္း စတင္ ေဆာင္ရြက္ခဲ့ပါတယ္။ မတရား ဖမ္းဆီးထားသူေတြ လြတ္ေျမာက္လာေရး ႀကိဳးပမ္းေဆာင္ရြက္ေနတဲ့အေၾကာင္း ဧၿပီလ ၇ ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အၿပီး ေနာက္တရက္ ဧၿပီလ ၈ ရက္ေန႔မွာ ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ ေနာက္ ၁၇ ရက္ေန႔မွာ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဆက္တိုက္ လႊတ္ေပးခဲ့ပါတယ္။

ဒီလိုေဆာင္ရြက္မႈကို ကုလသမဂၢက လိႈက္လိႈက္လွဲလွဲ ႀကိဳဆိုေၾကာင္း မေန႔ အဂၤါေန႔က ဂ်နီဗာ ကုလသမဂၢမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီးရဲ႕ ေျပာခြင့္ရအမ်ဳိးသမီး Ravina Shamdasani က ေျပာသြားပါတယ္။

“ျမန္မာသမၼတ ဦးထင္ေက်ာ္ရဲ႕ လြတ္ၿငိမ္းခြင့္အမိန္႔နဲ႔ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔က ႏိုင္ငံေရးအက်ဥ္သား ၈၃ ဦး ထပ္ၿပီး လြတ္ေျမာက္လာတာကို ကုလသမဂၢက ေႏြးေထြးစြာ ႀကိဳဆိုလိုက္ပါတယ္။ လြတ္ေျမာက္လာသူေတြထဲမွာ လူ႔အခြင့္အေရးနဲ႔ ေျမယာပိုင္ဆိုင္ခြင့္အေရး လႈပ္ရွားေနသူလည္း ျဖစ္တဲ့အျပင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြအတြက္ ၆ ႀကိမ္တိုင္ ဖမ္းဆီးခံခဲ့ရတဲ့ ေနာ္အုန္းလွ၊ လူ႔အခြင့္အေရး ကာကြယ္ေရး လွႈပ္ရွားသူ ကိုေနမ်ဳိးဇင္၊ လူမႈအဖဲြ႔အစည္းအေရး တိုက္ပဲြ၀င္ေနသူ ကိုထင္ေက်ာ္၊  ၂၀၁၄ ခုနွစ္က ကာကြယ္ေရးပစၥည္းစက္႐ံုကို လွ်ိဳ႕ဝွက္ဓာတု လက္နက္စက္႐ံုဆိုၿပီး သတင္းေဖာ္ျပမႈနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခံထားရတဲ့ ယူနတီဂ်ာနယ္က အယ္ဒီတာခ်ဳပ္ အပါအ၀င္ သတင္းသမား ၅ ဦး၊ အထည္ခ်ဳပ္စက္႐ံု အလုပ္သမားေတြရဲ႕ ဆႏၵျပပဲြကို ေထာက္ခံကူညီခဲ့တဲ့အတြက္ ထိန္းသိမ္းခံခဲ့ရတဲ့ အလုပ္သမားအေရး လႈပ္ရွားသူ ၄ ဦး၊ ေနာက္ မဘသ ဘုန္းႀကီးေတြကို ေ၀ဖန္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရတဲ့ ဦးထင္လင္းဦး တို႔ ပါ၀င္ၾကပါတယ္။”

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ ႏိုင္ငံေရးအက်ဥ္းသားေတြ မရွိေစဖို႔ ဆက္လက္ ႀကိဳးပမ္းသြားမယ္ဆိုတဲ့ သမၼတ ဦးထင္ေက်ာ္ရဲ႕ မိန္႔ခြန္းေျပာဆိုခ်က္ကိုလည္း ကုလသမဂၢက ခ်ီးက်ဴးေၾကာင္း Ms. Shamdasani က ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ မတ္လက အမ်ဳိးသားပညာေရးဥပေဒ ျပင္ဆင္ေရး ဆႏၵျပခဲ့လို႔ အၾကမ္းဖက္ ဖမ္းဆီးထိန္းသိမ္းခံရၿပီး စြပ္စဲြခ်က္ေပါင္းမ်ားစြာနဲ႔ အမႈေတြကို တရား႐ံုးမွာ တႏွစ္ေက်ာ္ၾကာေအာင္ စစ္ေဆးခံခဲ့ရတဲ့ ေက်ာင္းသူေက်ာင္းသားေတြကိုလည္း သူတို႔ရဲ႕အမႈေတြကို ႐ုပ္သိမ္းေပးလိုက္ၿပီး ျပန္လႊတ္ေပးလိုက္တာ အပါအ၀င္ ႏိုင္ငံေရးအက်ဥ္းသားေပါင္း ၁၉၉ ဦးဟာ ဧၿပီလ ၈ ရက္ေန႔က ပထမဆံုးအႀကိမ္္ လြတ္ေျမာက္ခဲ့ပါတယ္။

အခုလို ႏိုင္ငံေရးအက်ဥ္းသားေတြ အဆက္မျပတ္ လြတ္ေျမာက္လာမႈနဲ႔ အကာအကြယ္ေပးႏိုင္ေအာင္ ေဆာင္ရြက္ေပးဖို႔ ႀကိဳးစားမႈဟာ မွန္ကန္တဲ့လမ္းေၾကာင္းကို ဦးတည္ဖို႔ အေရးပါတဲ့ အဆင့္ေတြျဖစ္တယ္လို႔ Ms. Shamdasani က ေျပာပါတယ္။

“ျမန္မာျပည္သူေတြအားလံုး သူတို႔ရဲ႕ အေျခခံလြတ္လပ္ခြင့္ အျပည့္အ၀ရရွိဖို႔ အခုလို လူ႔အခြင့္အေရး ရရွိမႈေတြကို တည္ေဆာက္ေပးဖို႔ ျမန္မာအစိုးရကို ကုလသမဂၢက အားေပးပါတယ္။ ဒီျဖစ္စဥ္အရ နယ္စြန္နယ္ဖ်ား ေဒသေတြ အပါအ၀င္ အက်ဥ္းေထာင္ေတြထဲမွာ ဆက္ၿပီးရွိေနတဲ့ မတရား ဖမ္းဆီးခံထားရသူေတြ အားလံုး အျမန္ဆံုးလႊတ္ေပးေရး ေသခ်ာေအာင္ ေဆာင္ရြက္ေပးဖို႔ အစိုးရကို တိုက္တြန္းပါတယ္။”

တဆက္တည္းပဲ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္မင္းႀကီး႐ံုးအေနနဲ႔ NLD အစိုးရေရာ လႊတ္ေတာ္ကပါ ျပင္ဆင္ေျပာင္းလဲဖို႔ ႀကိဳးစားေနတဲ့ ဥပေဒေတြနဲ႔ပတ္သက္ၿပီး အကူအညီေပးဖို႔ အဆင္သင့္ ျဖစ္ေနတယ္လို႔လည္း Ravina Shamdasani က အခုလို ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာစံႏႈန္းနဲ႔ ကိုက္ညီမႈမရွိတဲ့အျပင္ အရင္ အစိုးရလက္ထက္ေတြတုန္းက ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူေတြကို ေထာင္ခ်ဖို႔ အသံုးျပဳခဲ့တဲ့ လက္ရိွ တည္ဆဲဥပေဒေတြကို ျပင္ဆင္ဖို႔ အစိုးရနဲ႔ လႊတ္ေတာ္က ႀကိဳးပမ္းခ်က္ေတြကို ကူညီဖို႔အတြက္ ဥပေဒကြ်မ္းက်င္သူေတြကို ေစလႊတ္ဖို႔ က်မတို႐ံုးက အဆင့္သင့္ ျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးကို ျမႇင့္တင္ေရးနဲ႔ ကာကြယ္ေရးအတြက္ ေနာက္ထပ္္ တိုးတက္မႈေတြကို ေဆာင္ရြက္ေပးႏိုင္ေရး အတြက္လည္း ျဖစ္ပါတယ္။”

လက္ရွိ လြတ္ေျမာက္ဖို႔ က်န္ေနသူေတြထဲမွာ အေရးေပၚအက္ဥပေဒပုဒ္မနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရတဲ့ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးနဲ႔ လြတ္လပ္ခြင့္ လႈပ္ရွားေနသူေတြျဖစ္တဲ့ မပြင့္ျဖဴလတ္နဲ႔ ကိုေဇာ္ေဇာ္လတ္တို႔ ၂ ဦး အပါအ၀င္ အလားတူပုဒ္မနဲ႔ အမႈရင္ဆိုင္ေနရတဲ့ မႏၱေလးအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရသူ ၂၀၀၇ ေရႊ၀ါေရာင္ေတာ္လွန္ေရးမွာ လူသိမ်ားတဲ့ ဦးဂမၻီရ ေခၚ ညီညီလြင္ တို႔ ပါ၀င္ေနတယ္လို႔ လူ႔အခြင့္အေရး ေကာ္မရွင္မင္းႀကီး႐ံုးရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................




မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နိုင်ငံရေးအကျဉ်သား ၈၃ ဦး ထပ်ပြီး လွတ်မြောက်လာတာကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး သေချာအောင် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မနေ့က ဂျနီဗာကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဟာ ဧပြီလ ၁ ရက်နေ့မှာ အာဏာယူပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ရက်ပိုင်းအတွင်း စတင် ဆောင်ရွက်ခဲ့ပါတယ်။ မတရား ဖမ်းဆီးထားသူတွေ လွတ်မြောက်လာရေး ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း ဧပြီလ ရ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်အပြီး နောက်တရက် ဧပြီလ ၈ ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ နောက် ၁၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်တိုက် လွှတ်ပေးခဲ့ပါတယ်။

ဒီလိုဆောင်ရွက်မှုကို ကုလသမဂ္ဂက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း မနေ့ အင်္ဂါနေ့က ဂျနီဗာ ကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောသွားပါတယ်။

“မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံရေးအကျဉ်သား ၈၃ ဦး ထပ်ပြီး လွတ်မြောက်လာတာကို ကုလသမဂ္ဂက နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ လူ့အခွင့်အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်အရေး လှုပ်ရှားနေသူလည်း ဖြစ်တဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအတွက် ၆ ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ နော်အုန်းလှ၊ လူ့အခွင့်အရေး ကာကွယ်ရေး လှှုပ်ရှားသူ ကိုနေမျိုးဇင်၊ လူမှုအဖွဲ့အစည်းအရေး တိုက်ပွဲဝင်နေသူ ကိုထင်ကျော်၊  ၂၀၁၄ ခုနှစ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သတင်းသမား ၅ ဦး၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို ထောက်ခံကူညီခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ၄ ဦး၊ နောက် မဘသ ဘုန်းကြီးတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ဦးထင်လင်းဦး တို့ ပါ၀င်ကြပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ မရှိစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းပြောဆိုချက်ကိုလည်း ကုလသမဂ္ဂက ချီးကျူးကြောင်း Ms. Shamdasani က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့လို့ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံရပြီး စွပ်စွဲချက်ပေါင်းများစွာနဲ့ အမှုတွေကို တရားရုံးမှာ တနှစ်ကျော်ကြာအောင် စစ်ဆေးခံခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း သူတို့ရဲ့အမှုတွေကို ရုပ်သိမ်းပေးလိုက်ပြီး ပြန်လွှတ်ပေးလိုက်တာ အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉၉ ဦးဟာ ဧပြီလ ၈ ရက်နေ့က ပထမဆုံးအကြိမ်် လွတ်မြောက်ခဲ့ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ အဆက်မပြတ် လွတ်မြောက်လာမှုနဲ့ အကာအကွယ်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကြိုးစားမှုဟာ မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်ဖို့ အရေးပါတဲ့ အဆင့်တွေဖြစ်တယ်လို့ Ms. Shamdasani က ပြောပါတယ်။

“မြန်မာပြည်သူတွေအားလုံး သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့် အပြည့်အဝရရှိဖို့ အခုလို လူ့အခွင့်အရေး ရရှိမှုတွေကို တည်ဆောက်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက အားပေးပါတယ်။ ဒီဖြစ်စဉ်အရ နယ်စွန်နယ်ဖျား ဒေသတွေ အပါအဝင် အကျဉ်းထောင်တွေထဲမှာ ဆက်ပြီးရှိနေတဲ့ မတရား ဖမ်းဆီးခံထားရသူတွေ အားလုံး အမြန်ဆုံးလွှတ်ပေးရေး သေချာအောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်။”

တဆက်တည်းပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးအနေနဲ့ NLD အစိုးရရော လွှတ်တော်ကပါ ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့လည်း Ravina Shamdasani က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အရင် အစိုးရလက်ထက်တွေတုန်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ထောင်ချဖို့ အသုံးပြုခဲ့တဲ့ လက်ရှိ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးပမ်းချက်တွေကို ကူညီဖို့အတွက် ဥပဒေကျွမ်းကျင်သူတွေကို စေလွှတ်ဖို့ ကျမတိုရုံးက အဆင့်သင့် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မြှင့်တင်ရေးနဲ့ ကာကွယ်ရေးအတွက် နောက်ထပ်် တိုးတက်မှုတွေကို ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်း ဖြစ်ပါတယ်။”

လက်ရှိ လွတ်မြောက်ဖို့ ကျန်နေသူတွေထဲမှာ အရေးပေါ်အက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့် လှုပ်ရှားနေသူတွေဖြစ်တဲ့ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ်တို့ ၂ ဦး အပါအဝင် အလားတူပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ လူသိများတဲ့ ဦးဂမ္ဘီရ ခေါ် ညီညီလွင် တို့ ပါ၀င်နေတယ်လို့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)