၂၀၁၆ ျမန္မာ့ စီးပြား တိုးတက္မႈ အားေကာင္းမည္


ျမန္မာႏိုင္ငံမွာ အခုႏွစ္ ကမာၻေပၚမွာ အျမန္ဆံုးႏႈန္းနဲ႕ စီးပြားေရး တိုးတက္မႈေတြ ရမယ္လို႕ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြက ခန္႕မွန္းသံုးသပ္ၾကခ်ိန္မွာ NLD အစိုးရအေနနဲ႕ အခြင့္အလမ္းေကာင္းေတြကို အသံုးခ်ႏိုင္ဖို႕ ထိေရာက္တဲ့ စီးပြားေရး မူ၀ါဒေတြ ခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ႏိုင္ဖို႕ စိန္ေခၚမႈေတြ ၾကံဳရႏိုင္တယ္လို႕ ၀ါရွင္တန္ ဒီစီ အေျခစိုက္ စီးပြားေရး ပညာရွင္ေတြက သံုးသပ္ပါတယ္။ ဒီအေၾကာင္းကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုရဲေခါင္က ေျပာျပပါမယ္။

အခုႏွစ္မွာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ အင္အားေကာင္းေကာင္းနဲ႕ တိုးတက္လာၿပီး၊ ႏိုင္ငံ ဂ်ီဒီပီရဲ႕ ၈.၄ ရာခိုင္ႏႈန္းအထိ တိုးတက္ လိမ့္မယ့္လို႔ ႏိုင္ငံတကာ ေငြေၾကး ရန္ပံုေငြအဖြဲ႕ IMF နဲ႕ အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ ADB တို႕ က ခန္႕မွန္းထားပါတယ္။

၀ါရွင္တန္ အေျခစိုက္ ကမၻာ့ဘဏ္ရဲ႕ အေရွ႕အာရွနဲ႕ ပစိဖိတ္ ေဒသ ဌာနခြဲက Chief Economist ျဖစ္တဲ့ Sudhir Shetty က အခုႏွစ္ ျမန္မာႏိုင္ငံမွာ ပက္သက္ျပီး၊ အစိုးရသစ္ကို အာဏာလြဲေျပာင္းမႈ ေခ်ာေခ်ာေမြ႕ေမြ႔နဲ႕ ၿပီးဆံုးသြားတာဟာ ႏိုင္ငံရဲ႕ စီးပြားေရးအေပၚ အေကာင္းျမင္ရတဲ့ အေၾကာင္းရင္းတစ္ခုျဖစ္တယ္လို႕ သူက ဆိုပါတယ္။ အခုႏွစ္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနအေပၚ ကမၻာ့ဘဏ္ရဲ႕ ခန္႕မွန္းသံုးသပ္ခ်က္ေတြနဲ႕ ပတ္သက္ၿပီး သူက ဗြီအိုေအကို ခုလို ေျပာျပပါတယ္။

” ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး အေျခအေနနဲ႕ ပက္သက္ၿပီး အေကာင္းျမင္ ခန္႕မွန္းထားရတဲ့ အေၾကာင္းရင္း ႏွစ္ခ်က္ရွိပါတယ္။ တခုကေတာ့ ႏိုင္ငံေရး အေျခအေနပါ။ ျမန္မာႏိုင္ငံရဲ႕ အစိုးရသစ္ကို အာဏာလႊဲေျပာင္းမႈက ထင္ထားတာထက္ပိုၿပီး ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ ၿပီးဆံုးသြားတာ ျမင္ခဲ့ရပါတယ္။ ဒီလို ႏိုင္ငံေရးအရ ေသခ်ာမႈ ရွိလာတာေၾကာင့္ အားေကာင္းတဲ့ စီးပြားေရး ျဖစ္လာဖို႕ အေထာက္အပံ့ေပးႏိုင္မွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ အလံုးအရင္းနဲ႕ ၀င္လာဖို႕ရွိေနတာေၾကာင့္ပါ။ အထူးသျဖင့္ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ေရးမွာပါ။ ျမန္မာႏိုင္ငံဟာ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္တာ နဲ႕ ျဖန္႕ျဖဴး အသံုးျပဳမႈ အၾကား ၾကီးမားတဲ့ ကြာဟခ်က္ျဖစ္ေနတာကို ေျဖရွင္းဖို႕ ႀကိဳးပမ္းေနပါတယ္။ ဒီအေျခအေနေတြ အားလံုးေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ လာမယ့္ႏွစ္ေတြမွာ အားေကာင္းေကာင္းနဲ႕ တိုးတက္လာဖို႕ ရွိေနပါတယ္။”

စီးပြားေရးနဲ႕ ပတ္သက္ရင္ NLD အစိုးရသစ္အေနနဲ႕ ရင္ဆိုင္ေျဖရွင္းရမယ့္ စိန္ေခၚမႈအခ်ိဳ႕ကိုလည္း မစၥတာ Sudhir Shetty က အခုလို အၾကံျပဳ ေျပာဆိုခဲ့ပါတယ္။

“အစိုးရအေနနဲ႕ ေငြေၾကးက႑မွာ စိန္ေခၚမႈေတြ အမ်ားၾကီး ၾကံဳရႏိုင္ပါတယ္။ အခုအခ်ိန္မွာ အစိုးရသစ္အေနနဲ႕ အမ်ားျပည္သူ ၀န္ေဆာင္မႈက႑နဲ႕ အေျခခံ အေဆာက္အဦး တည္ေဆာက္တာလိုမ်ိဳး ေနရာေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႕ ေတာင္းဆို တာေတြ အမ်ားၾကီး ရွိေနပါတယ္။ ဒါေပမယ့္ အစိုးရဘက္က အခြန္ ဘ႑ာေငြ ေကာက္ခံရရွိမႈက အရမ္းကို နည္းေနပါေသးတယ္။”

ျမန္မာႏိုင္ငံေရး စီးပြားေရး အေျခအေနကို အနီးကပ္ ေလ့လာေစာင့္ၾကည့္ေနတဲ့ ၀ါရွင္တန္ ဒီစီ အေျခစိုက္ Brooking Institution အဖြဲ႕က စီးပြားေရး ပညာရွင္ Lex Reiffel ကလည္း ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး တိုးတက္မႈ ျမန္မာႏိုင္ငံမွာ မၿပီးျပတ္ေသးတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြရဲ႕ ေအာင္ျမင္မႈဟာ လာမယ့္ ငါးႏွစ္အတြင္း ႏိုင္ငံရဲ႕ စီးပြားေရး တိုးတက္မႈအေပၚ သက္ေရာက္မႈ ရွိႏိုင္တဲ့အေၾကာင္း ခုလို ေျပာပါတယ္။

“NLD အစိုးရအေနနဲ႕ အဓိက ရင္ဆိုင္ရမယ့္ စိန္ေခၚမႈက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ပါ။ ဒါက ျမန္မာႏိုင္ငံအတြက္ တစ္ခုတည္းေသာ တည္ရွိေနတဲ့ ျပႆနာျဖစ္ပါတယ္။ လာမယ့္ ငါးႏွစ္တာ ကာလအတြင္း NLD အေနနဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ေအာင္ျမင္ ၿပီးဆုံး၊ ေရရွည္ ၿငိမ္းခ်မ္းေရး ရေအာင္ယူႏိုင္ဖို႕ အေရးႀကီးပါတယ္။ ”

ၿပီးခဲ့တဲ့ ဇန္န၀ါရီလက စီးပြားေရး ပညာရွင္ Lex Reiffel ေရးသားခဲ့တဲ့ “ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးကို NLD အေနနဲ႕ ျပဳျပင္ေျပာင္းလဲႏိုင္မလား” “Can the NLD reform Myanmar’s economy” ဆိုတဲ့ ေဆာင္းပါးမွာ NLD အစိုးရရဲ႕ စီးပြားေရး ရည္မွန္းခ်က္ေတြ ျပည့္မွီဖို႕အတြက္ အခ်က္ႏွစ္ခ်က္က လႊမ္းမိုးမႈရွိလိမ့္မယ္လို႕ သံုးသပ္ထားပါတယ္။

ပထမအခ်က္အေနနဲ႕ ျမန္မာႏိုင္ငံရဲ႕ လက္ရွိစီးပြားေရးတိုးတက္မႈဟာ သဘာ၀ သယံဇာတေတြ ထုတ္ယူတဲ့ လုပ္ငန္းေတြ အေပၚမွာ မွီခိုေနၿပီး၊ NLD အစိုးရ ရည္မွန္းထားသလို စိုက္ပ်ိဳးေရးကို အေျခခံၿပီး က်ယ္ျပန္႕တဲ့ စီးပြားေရး တိုးတက္မႈေတြ ျဖစ္လာဖို႕ဆိုတာက ေနာက္ငါးႏွစ္အတြင္း မလြယ္ကူေသးတဲ့အတြက္၊ တိုင္းရင္းသားေဒသေတြမွာ ၿငိမ္းခ်မ္းေရး ရဖို႕အတြက္ ေစ့စပ္ညွိႏွိဳင္းမႈေတြ ေအာင္ျမင္မႈရွိမရွိဆိုတာဟာ ႏိုင္ငံ့စီးပြားေရးအေပၚမွာ သက္ေရာက္မႈ ရွိႏိုင္တယ္လို႕ သူက သံုးသပ္ပါတယ္။

ဒါ့အျပင္ ဒုတိယအခ်က္အေနနဲ႕ အစိုးရရဲ႕ ဗ်ဴရိုကေရစီ ယႏၱရားေတြရဲ႕ စြမ္းေဆာင္မႈ မေကာင္းတာကလဲ NLD ရဲ႕ စီးပြားေရး မူ၀ါဒေတြအေကာင္အထည္ေဖာ္ရာမွာ သက္ေရာက္မႈ ရွိလိမ့္မယ္လို႕ သူက ေျပာပါတယ္။ အရင္အစိုးရလက္ထက္မွာ ဆယ္စုႏွစ္ေတြေတာ္ေတာ္မ်ားမ်ားၾကာေအာင္ လူထုရဲ႕ ပညာေရး ျမင့္မားေရးနဲ႕ လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ကိစၥေတြကို လွ်စ္လ်ဴရွခံခဲ့ရတာေၾကာင့္အျပင္၊ ျပည္ပ အစိုးရနဲ႕ အဖြဲ႕အစည္းေတြကလည္း အတိုက္အခံနဲ႕ အရပ္ဖက္အဖြဲ႕အစည္းေတြ အားေကာင္းဖို႕ကိုပဲ အာရံုစိုက္ၿပီး ကူညီေထာက္ခံခဲ့ၾကတာေၾကာင့္ အစိုးရ ယႏၱရားေတြရဲ႕ စြမ္းေဆာင္မႈ အားနည္းေနတာျဖစ္တယ္လို႕ မစၥတာ Lex Reiffel က သံုးသပ္ထားပါတယ္။

ရဲေခါင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................................


မြန်မာနိုင်ငံမှာ အခုနှစ် ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်မှုတွေ ရမယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်းသုံးသပ်ကြချိန်မှာ NLD အစိုးရအနေနဲ့ အခွင့်အလမ်းကောင်းတွေကို အသုံးချနိုင်ဖို့ ထိရောက်တဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်နိုင်ဖို့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ ၀ါရှင်တန် ဒီစီ အခြေစိုက် စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အင်အားကောင်းကောင်းနဲ့ တိုးတက်လာပြီး၊ နိုင်ငံ ဂျီဒီပီရဲ့ ၈.၄ ရာခိုင်နှုန်းအထိ တိုးတက် လိမ့်မယ့်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ က ခန့်မှန်းထားပါတယ်။

၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ဌာနခွဲက Chief Economist ဖြစ်တဲ့ Sudhir Shetty က အခုနှစ် မြန်မာနိုင်ငံမှာ ပက်သက်ပြီး၊ အစိုးရသစ်ကို အာဏာလွဲပြောင်းမှု ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာဟာ နိုင်ငံရဲ့ စီးပွားရေးအပေါ် အကောင်းမြင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

” မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပက်သက်ပြီး အကောင်းမြင် ခန့်မှန်းထားရတဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ တခုကတော့ နိုင်ငံရေး အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုက ထင်ထားတာထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာ မြင်ခဲ့ရပါတယ်။ ဒီလို နိုင်ငံရေးအရ သေချာမှု ရှိလာတာကြောင့် အားကောင်းတဲ့ စီးပွားရေး ဖြစ်လာဖို့ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့ရှိနေတာကြောင့်ပါ။ အထူးသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးမှာပါ။ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တာ နဲ့ ဖြန့်ဖြူး အသုံးပြုမှု အကြား ကြီးမားတဲ့ ကွာဟချက်ဖြစ်နေတာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီအခြေအနေတွေ အားလုံးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်တွေမှာ အားကောင်းကောင်းနဲ့ တိုးတက်လာဖို့ ရှိနေပါတယ်။”

စီးပွားရေးနဲ့ ပတ်သက်ရင် NLD အစိုးရသစ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုအချို့ကိုလည်း မစ္စတာ Sudhir Shetty က အခုလို အကြံပြု ပြောဆိုခဲ့ပါတယ်။

“အစိုးရအနေနဲ့ ငွေကြေးကဏ္ဍမှာ စိန်ခေါ်မှုတွေ အများကြီး ကြံုရနိုင်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်အနေနဲ့ အများပြည်သူ ၀န်ဆောင်မှုကဏ္ဍနဲ့ အခြေခံ အဆောက်အဦး တည်ဆောက်တာလိုမျိုး နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆို တာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အစိုးရဘက်က အခွန် ဘဏ္ဍာငွေ ကောက်ခံရရှိမှုက အရမ်းကို နည်းနေပါသေးတယ်။”

မြန်မာနိုင်ငံရေး စီးပွားရေး အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ၀ါရှင်တန် ဒီစီ အခြေစိုက် Brooking Institution အဖွဲ့က စီးပွားရေး ပညာရှင် Lex Reiffel ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု မြန်မာနိုင်ငံမှာ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့် ငါးနှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအပေါ် သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း ခုလို ပြောပါတယ်။

“NLD အစိုးရအနေနဲ့ အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပါ။ ဒါက မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော တည်ရှိနေတဲ့ ပြဿနာဖြစ်ပါတယ်။ လာမယ့် ငါးနှစ်တာ ကာလအတွင်း NLD အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် ပြီးဆုံး၊ ရေရှည် ငြိမ်းချမ်းရေး ရအောင်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ”

ပြီးခဲ့တဲ့ ဇန်နဝါရီလက စီးပွားရေး ပညာရှင် Lex Reiffel ရေးသားခဲ့တဲ့ “မြန်မာနိုင်ငံရဲ့ စီးပွားရေးကို NLD အနေနဲ့ ပြုပြင်ပြောင်းလဲနိုင်မလား” “Can the NLD reform Myanmar’s economy” ဆိုတဲ့ ဆောင်းပါးမှာ NLD အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် အချက်နှစ်ချက်က လွှမ်းမိုးမှုရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ပထမအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးတိုးတက်မှုဟာ သဘာဝ သယံဇာတတွေ ထုတ်ယူတဲ့ လုပ်ငန်းတွေ အပေါ်မှာ မှီခိုနေပြီး၊ NLD အစိုးရ ရည်မှန်းထားသလို စိုက်ပျိုးရေးကို အခြေခံပြီး ကျယ်ပြန့်တဲ့ စီးပွားရေး တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုတာက နောက်ငါးနှစ်အတွင်း မလွယ်ကူသေးတဲ့အတွက်၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်မှုရှိမရှိဆိုတာဟာ နိုင်ငံ့စီးပွားရေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒုတိယအချက်အနေနဲ့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားတွေရဲ့ စွမ်းဆောင်မှု မကောင်းတာကလဲ NLD ရဲ့ စီးပွားရေး မူဝါဒတွေအကောင်အထည်ဖော်ရာမှာ သက်ရောက်မှု ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။ အရင်အစိုးရလက်ထက်မှာ ဆယ်စုနှစ်တွေတော်တော်များများကြာအောင် လူထုရဲ့ ပညာရေး မြင့်မားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို လျှစ်လျူရှခံခဲ့ရတာကြောင့်အပြင်၊ ပြည်ပ အစိုးရနဲ့ အဖွဲ့အစည်းတွေကလည်း အတိုက်အခံနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ကိုပဲ အာရုံစိုက်ပြီး ကူညီထောက်ခံခဲ့ကြတာကြောင့် အစိုးရ ယန္တရားတွေရဲ့ စွမ်းဆောင်မှု အားနည်းနေတာဖြစ်တယ်လို့ မစ္စတာ Lex Reiffel က သုံးသပ်ထားပါတယ်။

ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)