လူမႈေရးေဖာက္ျပန္မႈေၾကာင့္ မိန္းမသားခ်င္း စကားမ်ားရာမွ ဓာတ္ဆီႏွင့္ပက္ မီး႐ိႈ႕မႈျဖစ္ပြား


Tuesday, 05 April 2016

ပဲခူးၿမိဳ႕နန္းေတာ္ရာရပ္ကြက္ အင္းဝင္(၁၁)လမ္းတြင္ ယမန္ေန႕ ည ၈နာရီခြဲက လူမႈေရးေဖာက္ျပန္ ျခင္းေၾကာင့္ မိန္းမသားခ်င္းစကား မ်ားရာမွ ဓာတ္ဆီႏွင့္ပက္မီး႐ိႈ႕မႈ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ပဲခူးၿမိဳ႕ နန္းေတာ္ ရာရပ္ကြက္ အင္းဝင္(၁၁)လမ္းေန မညြန္႕ၾကည္(၄၅ႏွစ္)ႏွင့္ တစ္လမ္း တည္းေန မမူ(ခ)မျမင့္ျမင့္မူ (၅၆ ႏွစ္) သမီးမ်ားျဖစ္ေသာ မအင္ ၾကင္းခိုင္ အသက္(၂ဝ)၊ မေအးမိ ခိုင္ အသက္(၂ဝ)တို႕သည္ အင္းဝင္ (၁၁)လမ္း လမ္းမေပၚတြင္ မမူ(ခ) မျမင့္ျမင့္မူ၏ခင္ပြန္း ေမာင္သီဟ ႏွင့္ မညြန္႕ၾကည္တို႔ လူမႈေရး ေဖာက္ျပန္ေနျခင္းေၾကာင့္ မခံမရပ္ ႏိုင္ျဖစ္ၿပီး မိန္းမသားခ်င္းစကား မ်ား ရန္ျဖစ္ၾကရာ မမူႏွင့္ မညြန္႕ ၾကည္တို႔ လံုးေထြးေနစဥ္ မမူ၏ သမီးျဖစ္သူ မေအးမိခိုင္က ဓာတ္ ဆီဘူး(ေရသန္႔ဘူး တစ္လီတာဘူး) ျဖင့္ပစ္ေပါက္ၿပီး မမူက မီးျခစ္ ျဖင့္ ျခစ္ေတာက္မီး႐ိႈ႕ရာ မညြန္႕ ၾကည္၏ မ်က္ႏွာ၊ လည္ပင္းဝဲယာ၊ လက္ေမာင္းရင္းမွ လက္ဖ်ားထိ မီးစြဲေလာင္ဒဏ္ရာမ်ား ရရွိခဲ့ေသာ ေၾကာင့္ ပဲခူးေဆး႐ံု၌ အတြင္းလူနာ (စိုးရိမ္ရ)ျဖင့္ ေဆးကုသမႈခံယူ လ်က္ရွိသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မညြန္႕ၾကည္အား မီးျဖင့္အျပင္းအ ထန္ဒဏ္ရာရရွိေအာင္ ျပဳလုပ္သူ မမူ(ခ)ေဒၚျမင့္ျမင့္မူပါ သံုးဦးအား ပဲခူးၿမိဳ႕မရဲတပ္ဖြဲ႕စခန္းက(ပ)၁၃၂/ ၂ဝ၁၆ ျပစ္မႈပုဒ္မ ၃၂၆/၁၁၄တို႕ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

တင္စိုး(ပဲခူး)
The Union Daily
http://uniondaily.net

..............................................


Tuesday, 05 April 2016

ပဲခူးမြို့နန်းတော်ရာရပ်ကွက် အင်းဝင်(၁၁)လမ်းတွင် ယမန်နေ့ ည ၈နာရီခွဲက လူမှုရေးဖောက်ပြန် ခြင်းကြောင့် မိန်းမသားချင်းစကား များရာမှ ဓာတ်ဆီနှင့်ပက်မီးရှို့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော် ရာရပ်ကွက် အင်းဝင်(၁၁)လမ်းနေ မညွန့်ကြည်(၄၅နှစ်)နှင့် တစ်လမ်း တည်းနေ မမူ(ခ)မမြင့်မြင့်မူ (၅၆ နှစ်) သမီးများဖြစ်သော မအင် ကြင်းခိုင် အသက်(၂ဝ)၊ မအေးမိ ခိုင် အသက်(၂ဝ)တို့သည် အင်းဝင် (၁၁)လမ်း လမ်းမပေါ်တွင် မမူ(ခ) မမြင့်မြင့်မူ၏ခင်ပွန်း မောင်သီဟ နှင့် မညွန့်ကြည်တို့ လူမှုရေး ဖောက်ပြန်နေခြင်းကြောင့် မခံမရပ် နိုင်ဖြစ်ပြီး မိန်းမသားချင်းစကား များ ရန်ဖြစ်ကြရာ မမူနှင့် မညွန့် ကြည်တို့ လုံးထွေးနေစဉ် မမူ၏ သမီးဖြစ်သူ မအေးမိခိုင်က ဓာတ် ဆီဘူး(ရေသန့်ဘူး တစ်လီတာဘူး) ဖြင့်ပစ်ပေါက်ပြီး မမူက မီးခြစ် ဖြင့် ခြစ်တောက်မီးရှို့ရာ မညွန့် ကြည်၏ မျက်နှာ၊ လည်ပင်းဝဲယာ၊ လက်မောင်းရင်းမှ လက်ဖျားထိ မီးစွဲလောင်ဒဏ်ရာများ ရရှိခဲ့သော ကြောင့် ပဲခူးဆေးရုံ၌ အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူ လျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မညွန့်ကြည်အား မီးဖြင့်အပြင်းအ ထန်ဒဏ်ရာရရှိအောင် ပြုလုပ်သူ မမူ(ခ)ဒေါ်မြင့်မြင့်မူပါ သုံးဦးအား ပဲခူးမြို့မရဲတပ်ဖွဲ့စခန်းက(ပ)၁၃၂/ ၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄တို့ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်စိုး(ပဲခူး)
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)