ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး

ဝမ်းတွင်း၊ ဧပြီ (၁၀) ရက်

မန္တလေးတိုင်း ဒေသကြီး မိတ္တီလာ ခရိုင် ဝမ်းတွင်း မြို့နယ် ရွှေတောင် တိုက်နယ် သနပ်ခါးတော ကျေးရွာအုပ်စု ကျွတ်ကန် ကျေးရွာမှ အုပ်ချုပ်ရေးမှူး အသက် (၄၁)နှစ် အရွယ် ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ် သောက်လိုက်သဖြင့် ဆေးရုံ တင်ပို့ ထားရာမှ သေဆုံး သွားကြောင်း သိရသည်။

ရွှေတောင် တိုက်နယ် ရဲစခန်းမှ ဒု-ရဲအုပ် ခင်မောင်တင့်သည် ဧပြီလ (၉) ရက်နေ့ ညနေ (၅) နာရီ (၃၀) မိနစ်ခန့်တွင် သတင်း ရရှိသဖြင့် သွားရောက် စုံစမ်းရာ ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများ ပြီးနောက် အိမ်တွင် ဘက်ထရီအိုး ထည့်ရန် ထားသည့် အက်စစ်ကို ယူသောက် လိုက်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းအား ကျောက်ဆည် ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ကုသသော်လည်း ည (၈) နာရီ ၄၂ မိနစ်တွင် သေဆုံး သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေတောင် တိုက်နယ် ရဲစခန်းတွင် သေမှု သေခင်း အမှတ်စဉ် (၁/၂၀၁၆)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း။ ။ ‪ကိုလင်း‬(၀မ်းတွင်း)
Tachileik News Agency

Originally published at - http://www.tachileik.net/

...............
ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး အက္စစ္ေသာက္လိုက္သည့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ေသဆံုး



ဝမ္းတြင္း၊ ဧၿပီ (၁၀) ရက္

မႏၱေလးတိုင္း ေဒသႀကီး မိတၲီလာ ခရိုင္ ဝမ္းတြင္း ၿမိဳ႕နယ္ ေရႊေတာင္ တိုက္နယ္ သနပ္ခါးေတာ ေက်းရြာအုပ္စု ကၽြတ္ကန္ ေက်းရြာမွ အုပ္ခ်ဳပ္ေရးမွဴး အသက္ (၄၁)ႏွစ္ အရြယ္ ဦးေက်ာ္ေဆြသည္ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး အက္စစ္ ေသာက္လုိက္သျဖင့္ ေဆးရံု တင္ပို႔ ထားရာမွ ေသဆံုး သြားေၾကာင္း သိရသည္။

ေရႊေတာင္ တုိက္နယ္ ရဲစခန္းမွ ဒု-ရဲအုပ္ ခင္ေမာင္တင့္သည္ ဧၿပီလ (၉) ရက္ေန႔ ညေန (၅) နာရီ (၃၀) မိနစ္ခန္႔တြင္ သတင္း ရရွိသျဖင့္ သြားေရာက္ စုံစမ္းရာ ဦးေက်ာ္ေဆြသည္ ဇနီးျဖစ္သူႏွင့္ စကားမ်ား ၿပီးေနာက္ အိမ္တြင္ ဘက္ထရီအိုး ထည့္ရန္ ထားသည့္ အက္စစ္ကို ယူေသာက္ လိုက္ျခင္း ျဖစ္ေၾကာင္းႏွင့္ ၎အား ေက်ာက္ဆည္ ေဆးရံုသို႔ ခ်က္ခ်င္း ပို႔ေဆာင္ ကုသေသာ္လည္း ည (၈) နာရီ ၄၂ မိနစ္တြင္ ေသဆံုး သြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေရႊေတာင္ တိုက္နယ္ ရဲစခန္းတြင္ ေသမွဳ ေသခင္း အမွတ္စဥ္ (၁/၂၀၁၆)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း။ ။ ‪ကိုလင္း‬(၀မ္းတြင္း)
Tachileik News Agency

Originally published at - http://www.tachileik.net/


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)