သႀကၤန္မဏၭပ္ေဆာက္စဥ္ ျပဳတ္က်ေသဆံုး‬


ဧၿပီ ၄

ျမစ္ႀကီးနားၿမိဳ႕ ဧရာရပ္ကြက္တြင္ ေဆာက္လုပ္ေန ေသာ အတာသႀကၤန္ ဗဟိုမ႑ပ္ေဆာက္လုပ္ေရးလုပ္ ငန္းခြင္တြင္ အလုပ္သမားတစ္ဦး ေျခေခ်ာ္ျပဳတ္က်ၿပီး ေသဆုံးခဲ့ေၾကာင္း သတင္း႐ရွိသည္။

မ႑ပ္အမိုးအား မိုးကာစျဖင့္ တက္၍ဖုံးအုပ္စဥ္ ျပဳတ္က်ခဲ့ျခင္းျဖစ္ၿပီး ယာဘက္နားမွေသြးထြက္ ဒဏ္ ရာ၊ ယာဘက္ေမး ေစ့ေအာက္တြင္ တစ္လက္မခန္႔ရွိ ျပတ္ရွဒဏ္ရာတို႔ျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယင္းမေတာ္တဆမႈမွာ ဧၿပီ ၄ ရက္ေန႔လည္ ၂ နာ ရီခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသဆုံးသူမွာ ကိုစိုးမိုး ေအာင္၊ အသက္ ၂၆ ႏွစ္၊ အမွတ္ ၄၈ ၊နယ္ေျမ ၂၁၊ ရမ္ပူရပ္ကြက္ တြင္ေနထိုင္သူ ျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ရာေနရာသို႔ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းမွ တာဝန္က်တာဝန္မွဴး ရဲအုပ္ဇာမဲဖုန္ရမ္ ဧရာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သူဝင္းႏွင့္အဖြဲ႕တုိ႔ သြားေရာက္ စစ္ေဆးၾကည့္ရႈခဲ့ၾကၿပီး အေလာင္းကို ျမစ္ႀကီးနား ျပည္ သူ႔ေဆးရုံသို႔ ရဲေဆးစာျဖင့္ပို႔ေဆာင္ေပးခဲ့ရာ ေဆးရုံႀကီး မွ PR-18 ျဖင့္လက္ခံခဲ့ေၾကာင္း သတင္းရရွိသည္။

ေဝၿဖိဳးေအာင္
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

......................................................................


ဧပြီ ၄

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင် ဆောက်လုပ်နေ သော အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးလုပ် ငန်းခွင်တွင် အလုပ်သမားတစ်ဦး ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မဏ္ဍပ်အမိုးအား မိုးကာစဖြင့် တက်၍ဖုံးအုပ်စဉ် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယာဘက်နားမှသွေးထွက် ဒဏ် ရာ၊ ယာဘက်မေး စေ့အောက်တွင် တစ်လက်မခန့်ရှိ ပြတ်ရှဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းမတော်တဆမှုမှာ ဧပြီ ၄ ရက်နေ့လည် ၂ နာ ရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ကိုစိုးမိုး အောင်၊ အသက် ၂၆ နှစ်၊ အမှတ် ၄၈ ၊နယ်မြေ ၂၁၊ ရမ်ပူရပ်ကွက် တွင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ မြစ်ကြီးနားမြို့မရဲစခန်းမှ တာဝန်ကျတာဝန်မှူး ရဲအုပ်ဇာမဲဖုန်ရမ် ဧရာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူဝင်းနှင့်အဖွဲ့တို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြပြီး အလောင်းကို မြစ်ကြီးနား ပြည် သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ပေးခဲ့ရာ ဆေးရုံကြီး မှ PR-18 ဖြင့်လက်ခံခဲ့ကြောင်း သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)