မႏၱေလး ေရကစားမ႑ပ္မ်ားအား ရဲႏွင့္မႈးယစ္တပ္ဖြဲ႔ အပါအ၀င္ အဖြဲ႔ ၄ ဖြဲ႔ျဖင့္ ေန႔စဥ္ စစ္ေဆးမည္



မႏၱေလး ဧၿပီ ၂

ယခုႏွစ္မႏၲေလးသႀကၤန္ပြဲဆင္ႏႊဲၾကမည့္ ေရကစားမ႑ပ္မ်ားအား မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သာ ယာေရးေကာ္မတီက စည္းကမ္းတင္းၾကပ္ထားရာ လိုက္နာမႈရိွမရိွကိုေတာ့ အဖြဲ႕ ၄ ဖြဲ႕ပူးေပါင္းၿပီး ေန႔စဥ္၀င္ ေရာက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“စည္ပင္ပါမယ္ဗ်ာ၊ ေနာက္ၿပီးေတာ့ နယ္စပ္ေရးရာကတာ ၀န္ရိွသူေတြပါမယ္၊ ရဲတပ္ဖြဲ႕ပါမယ္၊ မူးယစ္(ႏွိမ္ႏွင္းေရး)အဖြဲ႕ပါမယ္၊ အဖြဲ႕ ၄ ဖြဲ႕ေပါင္းၿပီး သႀကၤန္ရက္ငါးရက္စလံုးလိုက္စစ္မယ္၊ စည္းကမ္းေဖာက္ တာေတြ႕ရင္ မ႑ပ္ပိတ္သိမ္းမယ္" ဟု ၿမိဳ႕ေတာ္စည္ပင္ တာ၀န္ရိွသူတစ္ဦးကေျပာသည္။

အဖြဲ႕ ၄ ဖြဲ႕ပူးေပါင္းမႈျဖင့္ ေရွာင္တခင္၀င္ေရာက္စစ္ေဆးမွာျဖစ္ၿပီး မ႑ပ္ပရ၀ုဏ္ အတြင္းအရက္ ေသစာေရာင္းခ်ျခင္း၊ မူးယစ္ေဆး၀ါးသံုး စဲြျခင္း၊ ဒုတ္ဓားလက္နက္ကိုင္ေဆာင္ျခင္း၊ ယဥ္ေက်းမႈ ႏွင့္ဖီလာ ဆန္႔က်င္ေနျခင္း၊ မ႑ပ္တစ္ခု၏ႀကံ့ခိုင္မႈအပါအ၀င္သတ္မွတ္စည္းကမ္းခ်က္ ေဖာက္ဖ်က္ထားျခင္းအစရိွသျဖင့္ ၿမိဳ႕ေတာ္စည္ပင္ကထုတ္ျပန္ထားသည့္စည္းကမ္း ခ်က္မ်ားအား လိုက္နာျခင္းမရိွပါက သက္ဆိုင္ရာဌာနအသီးသီး၏ဥပေဒတစ္ခုခ်င္းဆီျဖင့္ အေရးယူသြားမွာျဖစ္ေၾကာင္းလည္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴးဦးခင္ေမာင္တင့္ကေျပာထားသည္။

 ယခုႏွစ္မႏၲေလးသႀကၤန္ပြဲေတာ္၌ မႏၲေလးၿမိဳ႕ေတာ္မ႑ပ္အပါအ၀င္က်ံဳးေတာင္ဘက္ျခမ္းတြင္ ေရကစားမ႑ပ္ ၁၀ ခု၊ အေရွ႕ဘက္ျခမ္းတြင္ ၁၁ ခု၊ အေနာက္ဘက္ျခမ္တြင္ ၈ ခု၊ ေျမာက္ဘက္ျခမ္းတြင္ ၄ ခု ႏွင့္ ၿမိဳ႕တြင္း ၈ ခုရိွမွာျဖစ္ေၾကာင္းသိရသည္။

ေက်ာ္ေထြး(china.com)
china.com Myanmar
http://myanmar.china.com
....................


မန္တလေး ဧပြီ ၂

ယခုနှစ်မန္တလေးသင်္ကြန်ပွဲဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်များအား မန္တလေးမြို့ တော်စည်ပင်သာ ယာရေးကော်မတီက စည်းကမ်းတင်းကြပ်ထားရာ လိုက်နာမှုရှိမရှိကိုတော့ အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး နေ့စဉ်ဝင် ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“စည်ပင်ပါမယ်ဗျာ၊ နောက်ပြီးတော့ နယ်စပ်ရေးရာကတာ ၀န်ရှိသူတွေပါမယ်၊ ရဲတပ်ဖွဲ့ပါမယ်၊ မူးယစ်(နှိမ်နှင်းရေး)အဖွဲ့ပါမယ်၊ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး သင်္ကြန်ရက်ငါးရက်စလုံးလိုက်စစ်မယ်၊ စည်းကမ်းဖောက် တာတွေ့ရင် မဏ္ဍပ်ပိတ်သိမ်းမယ်" ဟု မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးကပြောသည်။

အဖွဲ့ ၄ ဖွဲ့ပူးပေါင်းမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှာဖြစ်ပြီး မဏ္ဍပ်ပရဝုဏ် အတွင်းအရက် သေစာရောင်းချခြင်း၊ မူးယစ်ဆေးဝါးသုံး စွဲခြင်း၊ ဒုတ်ဓားလက်နက်ကိုင်ဆောင်ခြင်း၊ ယဉ်ကျေးမှု နှင့်ဖီလာ ဆန့်ကျင်နေခြင်း၊ မဏ္ဍပ်တစ်ခု၏ကြံ့ခိုင်မှုအပါအဝင်သတ်မှတ်စည်းကမ်းချက် ဖောက်ဖျက်ထားခြင်းအစရှိသဖြင့် မြို့တော်စည်ပင်ကထုတ်ပြန်ထားသည့်စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာဌာနအသီးသီး၏ဥပဒေတစ်ခုချင်းဆီဖြင့် အရေးယူသွားမှာဖြစ်ကြောင်းလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးခင်မောင်တင့်ကပြောထားသည်။

 ယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်၌ မန္တလေးမြို့တော်မဏ္ဍပ်အပါအဝင်ကျုံးတောင်ဘက်ခြမ်းတွင် ရေကစားမဏ္ဍပ် ၁၀ ခု၊ အရှေ့ဘက်ခြမ်းတွင် ၁၁ ခု၊ အနောက်ဘက်ခြမ်တွင် ၈ ခု၊ မြောက်ဘက်ခြမ်းတွင် ၄ ခု နှင့် မြို့တွင်း ၈ ခုရှိမှာဖြစ်ကြောင်းသိရသည်။

ကျော်ထွေး(china.com)
china.com Myanmar
http://myanmar.china.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)