ဝန္ႀကီး ဦးေက်ာ္လြင္ ကုိ ANP က ထုတ္ပယ္

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာနဲ႔ သတၱဳတြင္းဝန္ၾကီး ဦးေက်ာ္လြင္ တို႔ကို ဧၿပီလ ၇ ရက္ေန႔က ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ေတြ႔ရစဥ္။ Photo: Min Thein Aung/RFA
ရခိုင္အမ်ိဳးသားပါတီ ANP ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ ကုိ NLD ပါတီဖြဲ႔စည္းတဲ့ ရခိုင္ျပည္နယ္ အစိုးရအဖဲြ႕မွာ ဝန္ႀကီးအျဖစ္ တာ၀န္ယူလိုက္တဲ့အတြက္  ANP ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ထုတ္ပယ္လိုက္ပါတယ္။

ဒီေန႔ စစ္ေတြၿမိဳ႕ ပါတီဗဟိုဌာနခ်ဳပ္မွာ အေရးေပၚျပဳလုပ္ခဲ့တဲ့ ပါတီအလုပ္အမႈေဆာင္ေကာ္မတီ အစည္းကေန ဆံုးျဖတ္လိုက္တာလို႔ ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္ က ေျပာပါတယ္။

"အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကဖြဲ႔တဲ့ ရခိုင္ျပည္နယ္အစိုးရမွာ က်ေနာ္တို႔ပါတီက ရမ္းၿဗဲၿမိဳ႕နယ္ ျပည္ နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ဟာ က်ေနာ္တုိ႔ ရခိုင္အမ်ဳိးသားပါတီနဲ႔ ဆက္သြယ္ျခင္း ညိွႏိႈႈင္းျခင္း တင္ျပျခင္း ေဆြးေႏြးျခင္း တစ္စံုတရာမရွိဘဲနဲ႔ မိမိသေဘာဆႏၵအေလွ်ာက္ ျပည္နယ္ အစိုးရဝန္ႀကီးေနရာကို လက္ခံယူၿပီးေတာ့ မေန႔ကျပည္နယ္လႊတ္ေတာ္မွာ က်မ္းက်ိန္ဆို အတည္ျဖစ္ သြားၿပီျဖစ္တာကို က်ေနာ္တို႔သိရပါတယ္၊ ဦးေက်ာ္လြင္ ကို က်ေနာ္တို႔ပါတီအဆင့္ဆင့္က ရပ္စဲၿပီးေတာ့ ပါတီဝင္အျဖစ္က ဆံုးျဖတ္ခ်က္အရ ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္"

ရခုိင္အမ်ိဳးသားပါတီ ANP က ျပည္နယ္အစိုးရကို သူတုိ႔ ဦးေဆာင္ဖြဲ႔စည္းခြင့္မရရင္ ပါတီရဲ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကိုလည္း အစိုးရအဖြဲ႔မွာ မပါဝင္ရဘူးလို႔ စည္းကမ္းထုတ္ျပန္ထားတယ္လို႔ ဆိုပါတယ္။

မေန႔ကျပဳလုပ္တဲ့ ျပည္နယ္လႊတ္ေတာ္အစည္းအေဝးမွာ ရခိုင္ျပည္နယ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာနဲ႔ သတၱဳတြင္းဝန္ႀကီးအျဖစ္ ဦးေက်ာ္လြင္ ကုိ ေရြးခ်ယ္လက္ခံခဲ့ပါတယ္။

ဦးေက်ာ္လြင္က သူဟာ ရခိုင္ျပည္နယ္ ဖံြ႕ျဖိဳးတုိးတက္ေရးအတြက္ အန္အယ္လ္ဒီနဲ႔ မူ၀ါဒတူတာေၾကာင့္ လက္တဲြေဆာင္ရြက္တာျဖစ္ေၾကာင္း သူ႕ရဲ႕မဲဆႏၵနယ္ကလည္း အဲ့ဒီလို ပူးေပါင္းေဆာင္ရြက္ဖို႔ အမ်ားစု က ေထာက္ခံထားေၾကာင္း ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တို့ကို ဧပြီလ ရ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်အမျိုးသားပါတီ ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကို NLD ပါတီဖွဲ့စည်းတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့အတွက်  ANP ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပယ်လိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ အရေးပေါ်ပြုလုပ်ခဲ့တဲ့ ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းကနေ ဆုံးဖြတ်လိုက်တာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရမှာ ကျနော်တို့ပါတီက ရမ်းဗြဲမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ဟာ ကျနော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ဆက်သွယ်ခြင်း ညှိနှိုှုင်းခြင်း တင်ပြခြင်း ဆွေးနွေးခြင်း တစ်စုံတရာမရှိဘဲနဲ့ မိမိသဘောဆန္ဒအလျှောက် ပြည်နယ် အစိုးရဝန်ကြီးနေရာကို လက်ခံယူပြီးတော့ မနေ့ကပြည်နယ်လွှတ်တော်မှာ ကျမ်းကျိန်ဆို အတည်ဖြစ် သွားပြီဖြစ်တာကို ကျနော်တို့သိရပါတယ်၊ ဦးကျော်လွင် ကို ကျနော်တို့ပါတီအဆင့်ဆင့်က ရပ်စဲပြီးတော့ ပါတီဝင်အဖြစ်က ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်"

ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရကို သူတို့ ဦးဆောင်ဖွဲ့စည်းခွင့်မရရင် ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အစိုးရအဖွဲ့မှာ မပါဝင်ရဘူးလို့ စည်းကမ်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအဖြစ် ဦးကျော်လွင် ကို ရွေးချယ်လက်ခံခဲ့ပါတယ်။

ဦးကျော်လွင်က သူဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန်အယ်လ်ဒီနဲ့ မူဝါဒတူတာကြောင့် လက်တွဲဆောင်ရွက်တာဖြစ်ကြောင်း သူ့ရဲ့မဲဆန္ဒနယ်ကလည်း အဲ့ဒီလို ပူးပေါင်းဆောင်ရွက်ဖို့ အများစု က ထောက်ခံထားကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)