ျမကြ်န္းသာ အပန္းေျဖဥယ်ာဥ္အတြင္း ေဆာက္လုပ္ဆဲလုပ္ငန္းမ်ား ရပ္ဆိုင္းရန္ ကုမၸဏီ (၈) ခုအား YCDC မွ တရား၀င္ အသိေပး အေၾကာင္းၾကား



စည္ပင္၏မူလခြင့္ျပဳခ်က္ပုံစံျဖင့္ကြဲလြဲကာ တည္ေဆာက္ေနေသာ ျမကၽြန္းသာအပန္းေျဖဥယ်ာဥ္အတြင္း ေဆာက္လုပ္ဆဲ လုပ္ငန္းမ်ား ရပ္ဆိုင္းရန္ ကုမၸဏီ (၈) ခုအား မတ္လ ၈ ရက္ေန႔တြင္ တရား၀င္အသိေပးအေၾကာင္းၾကားထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီ (YCDC ) ဦးခင္လႈိင္(ေဇာ္တိက) က News Watch သုိ႔ ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္အတြင္းက အေဆာက္အအုံေဆာက္လုပ္မႈမ်ားတြင္ စည္ပင္မွ သတ္မွတ္ထားသည့္ စည္း ကမ္းခ်က္မ်ားႏွင့္ အညီ ေဆာင္ရြက္ျခင္းမရိွသည္ကုိ ေတြ႔ရိွသည့္အတြက္ သြားေရာက္ တားျမစ္ခဲ့ရေၾကာင္း၊ ရန္ကုန္ တုိင္းေဒသႀကီးအစုိးရအဖြဲ႕မွ စစ္ေဆးခဲ့ၿပီးေနာက္ လုပ္ငန္းမ်ား ရပ္ဆုိင္းခဲ့ရေၾကာင္း၊ ယင္းအျပင္ ဆက္လက္လုပ္ကုိင္ ခြင့္ ေပး၊မေပးကုိမူ ယေန႔ထက္ထိ တရား၀င္စာထုတ္ျပန္ျခင္းမရိွေသးေၾကာင္းလည္း ၂၀၁၆ ခုႏွစ္ မတ္လ ၄ ရက္ေန႔က ျမကၽြန္းသာ စီမံခန္႔ခြဲေရးရုံးတြင္ ကုမၸဏီ ၈ ခုႏွင့္ ေဆြးေႏြးရာမွ သိရွိခဲ့ရေၾကာင္း ၎ကေျပာသည္။

“ဆက္လုပ္ခြင့္ေပး၊ မေပး ဆက္ၿပီးအေၾကာင္း မျပန္တဲ့အတြက္ ဆက္လက္လုပ္ေနရတယ္လုိ႔ ကုမၸဏီတခ်ဳိ႔ထံမွ ၾကားခဲ့ရတယ္။ အခု သြားစစ္ေဆးတ့ဲအခါ ပုိၿပီး ဆုိးရြားေနတာေတြ႔ရတယ္။ စည္ပင္ကုိ ခြင့္ျပဳခ်က္ေတာင္းခဲ့တာက ကုမၸဏီ ၄ ခု။ ၄ ခုမွာတစ္ခုကုိ ခြင့္ျပဳခ်က္ေပးၿပီး က်န္တဲ့ တစ္ခုကုိ ခြင့္ျပဳခ်က္မေပးခဲ့ဘူး။ အဲေတာ့ စည္ပင္ကုိ ခြင့္ျပဳခ်က္ေတာင္းခဲ့တာနဲ႔ ပုံစံကြဲလြဲၿပီး တင္လုိ႔ မရပါဘူး”ဟု ဦးခင္လႈိင္ကေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ ျမကၽြန္းသာအပန္းေျဖဥယ်ာဥ္အား ႏိုင္ငံတကာအဆင့္မီ သဘာဝဥယ်ာဥ္ႀကီး (Natural Park) အသြင္သ႑ာန္ျဖစ္ေစၿပီး၊ အမ်ားျပည္သူ အပန္းေျဖႏိုင္သည့္ Recreation Centre ျဖစ္ရန္၊ အမ်ားျပည္သူမ်ား လြတ္လပ္စြာအနားယူႏိုင္မည့္ Relaxation Centre ျဖစ္ရန္ ရည္႐ြယ္၍ ကုမၸဏီ(၈)ခုအား ၂၀၁၃ ခုႏွစ္၊ ဧၿပီ(၁၀)ရက္ေန႔တြင္ အငွားစာခ်ဳပ္ခ်ဳပ္ဆို၍ ႏွစ္(၆၀) သက္တမ္းျဖင့္ တစ္လလွ်င္ ေျမတစ္ဧက (က်ပ္တစ္ဆယ္သိန္း)ႏႈန္းျဖင့္ Inya Palace Co,.Ltd (၁.၈၃ ဧက)၊ (Mandaly Golden Win)(Magic Land Co,.Ltd (၁၃.၈၆၄၃ ဧက)၊ (Game City)၊ Ryuji Co.,Ltd (၁.၃၇၇ ဧက)၊ Nay La Pwint (၂.၆၀၆ ဧက)၊ Edin (၄.၇၂၉ ဧက)၊ Good Shan Brother (၇.၇၈၉ ဧက)၊ Myanmar Golder Star (၄.၁၅၂ ဧက)၊ ႏွင့္ Max Myanmar (၆.၈၆၅ ဧက)ကုမၸဏီတုိ႔အား ေျမအငွားခ်ထားေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

....................................


စည်ပင်၏မူလခွင့်ပြုချက်ပုံစံဖြင့်ကွဲလွဲကာ တည်ဆောက်နေသော မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်း ဆောက်လုပ်ဆဲ လုပ်ငန်းများ ရပ်ဆိုင်းရန် ကုမ္ပဏီ (၈) ခုအား မတ်လ ၈ ရက်နေ့တွင် တရားဝင်အသိပေးအကြောင်းကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC ) ဦးခင်လှိုင်(ဇော်တိက) က News Watch သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက အဆောက်အအုံဆောက်လုပ်မှုများတွင် စည်ပင်မှ သတ်မှတ်ထားသည့် စည်း ကမ်းချက်များနှင့် အညီ ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိသည့်အတွက် သွားရောက် တားမြစ်ခဲ့ရကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ ယင်းအပြင် ဆက်လက်လုပ်ကိုင် ခွင့် ပေး၊မပေးကိုမူ ယနေ့ထက်ထိ တရားဝင်စာထုတ်ပြန်ခြင်းမရှိသေးကြောင်းလည်း ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့က မြကျွန်းသာ စီမံခန့်ခွဲရေးရုံးတွင် ကုမ္ပဏီ ၈ ခုနှင့် ဆွေးနွေးရာမှ သိရှိခဲ့ရကြောင်း ၎င်းကပြောသည်။

“ဆက်လုပ်ခွင့်ပေး၊ မပေး ဆက်ပြီးအကြောင်း မပြန်တဲ့အတွက် ဆက်လက်လုပ်နေရတယ်လို့ ကုမ္ပဏီတချို့ထံမှ ကြားခဲ့ရတယ်။ အခု သွားစစ်ဆေးတဲ့အခါ ပိုပြီး ဆိုးရွားနေတာတွေ့ရတယ်။ စည်ပင်ကို ခွင့်ပြုချက်တောင်းခဲ့တာက ကုမ္ပဏီ ၄ ခု။ ၄ ခုမှာတစ်ခုကို ခွင့်ပြုချက်ပေးပြီး ကျန်တဲ့ တစ်ခုကို ခွင့်ပြုချက်မပေးခဲ့ဘူး။ အဲတော့ စည်ပင်ကို ခွင့်ပြုချက်တောင်းခဲ့တာနဲ့ ပုံစံကွဲလွဲပြီး တင်လို့ မရပါဘူး”ဟု ဦးခင်လှိုင်ကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြကျွန်းသာအပန်းဖြေဥယျာဉ်အား နိုင်ငံတကာအဆင့်မီ သဘာဝဥယျာဉ်ကြီး (Natural Park) အသွင်သဏ္ဍာန်ဖြစ်စေပြီး၊ အများပြည်သူ အပန်းဖြေနိုင်သည့် Recreation Centre ဖြစ်ရန်၊ အများပြည်သူများ လွတ်လပ်စွာအနားယူနိုင်မည့် Relaxation Centre ဖြစ်ရန် ရည်ရွယ်၍ ကုမ္ပဏီ(၈)ခုအား ၂၀၁၃ ခုနှစ်၊ ဧပြီ(၁၀)ရက်နေ့တွင် အငှားစာချုပ်ချုပ်ဆို၍ နှစ်(၆၀) သက်တမ်းဖြင့် တစ်လလျှင် မြေတစ်ဧက (ကျပ်တစ်ဆယ်သိန်း)နှုန်းဖြင့် Inya Palace Co,.Ltd (၁.၈၃ ဧက)၊ (Mandaly Golden Win)(Magic Land Co,.Ltd (၁၃.၈၆၄၃ ဧက)၊ (Game City)၊ Ryuji Co.,Ltd (၁.၃၇၇ ဧက)၊ Nay La Pwint (၂.၆၀၆ ဧက)၊ Edin (၄.၇၂၉ ဧက)၊ Good Shan Brother (၇.၇၈၉ ဧက)၊ Myanmar Golder Star (၄.၁၅၂ ဧက)၊ နှင့် Max Myanmar (၆.၈၆၅ ဧက)ကုမ္ပဏီတို့အား မြေအငှားချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)