တအာင္းပလာင္ TNLA ႏွင့္ တိုက္ပြဲတြင္ တပ္မေတာ္မွ ေလေၾကာင္း အသုံးျပဳတိုက္ခိုက္မႈမ်ားရွိ


တအာင္းေဒသတြင္ ျမန္မာ့တပ္မေတာ္ ႏွင့္ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) တို႕ ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈ ယခုရက္ပိုင္းတြင္ မ်ားျပားလာခဲ့ၿပီး ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္း အသုံးျပဳ တိုက္ခိုက္မႈမ်ားလည္း ရွိေၾကာင္း TNLA ျပန္ၾကားေရးမွသိရသည္။

“မတ္လ ၁ ရက္ေန႕ကေန မတ္လ ၇ ရက္ ဒီေန႕အထိ တိုက္ပြဲေတြျဖစ္တယ္။ တိုက္ပြဲေတြက ဒီလထဲမွာတင္ ၁၀ ႀကိမ္ေက်ာ္ ရွိသြားၿပီ၊ အစိုးရဘက္က အင္အား ျဖည့္တင္းမႈေတြကလည္း တအားမ်ားလာတယ္” ဟု TNLA ေျပာခြင့္ရ တာအိုက္ေက်ာ္က The Ladies သို႕ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္၊ ပါလိုင္ေက်းရြာႏွင့္ ေက်ာက္ျဖဴေက်းရြာ ၾကားတြင္ မတ္လ ၇ ရက္က ထိေတြ႕တိုက္ပြဲ ျဖစ္ပြားမႈမ်ားရွိခဲ့ၿပီး ျမန္မာ့တပ္မေတာ္က ေလေၾကာင္း စတင္အသုံးျပဳ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

လတ္တေလာ အေျခအေနမ်ားအရ ျမန္မာ့တပ္မေတာ္ႏွင့္ TNLA တို႕အၾကား ထိေတြ႕မႈမ်ား ပိုမိုမ်ားျပားလာႏိုင္သည့္ အေနအထားတြင္ ရွိေနၿပီး ေဒသခံျပည္သူမ်ား အေနျဖင့္လည္း ဒုကၡ ေရာက္ႏိုင္ဖြယ္ရွိေၾကာင္း ၎ကဆိုသည္။

“ဒုကၡသည္ေတြက ရွိၿပီးသားထက္ ပိုၿပီးဒုကၡေရာက္ႏိုင္တဲ့ သူေတြရွိတယ္။ မႏွစ္က တိုက္ပြဲျဖစ္ၿပီး၊ တိုက္ပြဲကေတာ့ ၿပီးၿပီ။ ဒါေပမဲ့ ညေရာက္တဲ့အခါ အစိုးရဘက္က လက္နက္ႀကီးေတြနဲ႕ ရြာထဲပစ္တယ္။ ပစ္ေတာ့ ရြာသားေတြက တစ္ေယာက္မွ မေနရဲဘူး။ အကုန္လုံး ထြက္ေျပးသြားတယ္” ဟု TNLA ေျပာခြင့္ရ တာအိုက္ေက်ာ္က ဆက္လက္ ေျပာၾကားသည္။

အဆိုပါ အေျခအေနနွင့္ ပတ္သက္၍ တပ္မေတာ္ဘက္မွ တစ္စံုတစ္ရာ အတည္ျပဳခ်က္ ရယူရန္ ၾကိဳးစားခဲ့ေသာ္လည္း မရခဲ့ေခ်။

လြန္ခဲ့သည့္ ရက္သတၱပတ္မ်ားအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသို႔ တပ္မေတာ္မွ အင္အား အလံုးအရင္ျဖင့္ တပ္မ်ား ေနရာခ်ထားမႈ ျပဳလုပ္လာေၾကာင္း သတင္းမီဒီယာမ်ားက ေဖာ္ျပၾကသည္။

ေကအိုင္ေအ ကခ်င္လြတ္ေျမာက္ေရး တပ္ဖြဲ႔မွ တပ္မဟာ ၆ ကို ဖြဲ႔စည္းမႈနွင့္ ပတ္သက္၍ လည္း ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ လုပ္ငန္းေကာ္မတီမွ ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားျပီး ေကအိုင္ေအတပ္ဖြဲ႔နွင့္ တပ္မေတာ္တို႔အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားေနသည္။

“ေဖဖဝါရီလကုန္ မတ္လဆန္းမွာ ရွမ္းျပည္ေျမာက္ပိုင္းကို စစ္အင္အားမ်ားစြာ ျဖည့္တင္းေနတယ္ဆိုတဲ့ သတင္းမ်ား တက္လာခ့ဲျပီးေနာက္ ဒီရက္ပိုင္းေတြအတြင္း ရွမ္းေျမာက္မွာ တိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္လာတာ ေတြ႕ရပါတယ္။ စစ္ပြဲေတြ မတည္ျငိမ္မႈေတြဟာ NLD အစိုးရသစ္ ေက်ာ္လႊားရမယ့္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခုပါပဲ” ဟု တိုင္းရင္းသား အေရးႏွင့္ စစ္ေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက သံုးသပ္သည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies
..............


တအာင်းဒေသတွင် မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ယခုရက်ပိုင်းတွင် များပြားလာခဲ့ပြီး မြန်မာ့တပ်မတော်မှ လေကြောင်း အသုံးပြု တိုက်ခိုက်မှုများလည်း ရှိကြောင်း TNLA ပြန်ကြားရေးမှသိရသည်။

“မတ်လ ၁ ရက်နေ့ကနေ မတ်လ ရ ရက် ဒီနေ့အထိ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေက ဒီလထဲမှာတင် ၁၀ ကြိမ်ကျော် ရှိသွားပြီ၊ အစိုးရဘက်က အင်အား ဖြည့်တင်းမှုတွေကလည်း တအားများလာတယ်” ဟု TNLA ပြောခွင့်ရ တာအိုက်ကျော်က The Ladies သို့ပြောသည်။

ကျောက်မဲမြို့နယ်၊ ပါလိုင်ကျေးရွာနှင့် ကျောက်ဖြူကျေးရွာ ကြားတွင် မတ်လ ရ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး မြန်မာ့တပ်မတော်က လေကြောင်း စတင်အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လတ်တလော အခြေအနေများအရ မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား ထိတွေ့မှုများ ပိုမိုများပြားလာနိုင်သည့် အနေအထားတွင် ရှိနေပြီး ဒေသခံပြည်သူများ အနေဖြင့်လည်း ဒုက္ခ ရောက်နိုင်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။

“ဒုက္ခသည်တွေက ရှိပြီးသားထက် ပိုပြီးဒုက္ခရောက်နိုင်တဲ့ သူတွေရှိတယ်။ မနှစ်က တိုက်ပွဲဖြစ်ပြီး၊ တိုက်ပွဲကတော့ ပြီးပြီ။ ဒါပေမဲ့ ညရောက်တဲ့အခါ အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ရွာထဲပစ်တယ်။ ပစ်တော့ ရွာသားတွေက တစ်ယောက်မှ မနေရဲဘူး။ အကုန်လုံး ထွက်ပြေးသွားတယ်” ဟု TNLA ပြောခွင့်ရ တာအိုက်ကျော်က ဆက်လက် ပြောကြားသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တစ်စုံတစ်ရာ အတည်ပြုချက် ရယူရန် ကြိုးစားခဲ့သော်လည်း မရခဲ့ချေ။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသို့ တပ်မတော်မှ အင်အား အလုံးအရင်ဖြင့် တပ်များ နေရာချထားမှု ပြုလုပ်လာကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့မှ တပ်မဟာ ၆ ကို ဖွဲ့စည်းမှုနှင့် ပတ်သက်၍ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ကေအိုင်အေတပ်ဖွဲ့နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

“ဖေဖဝါရီလကုန် မတ်လဆန်းမှာ ရှမ်းပြည်မြောက်ပိုင်းကို စစ်အင်အားများစွာ ဖြည့်တင်းနေတယ်ဆိုတဲ့ သတင်းများ တက်လာခဲ့ပြီးနောက် ဒီရက်ပိုင်းတွေအတွင်း ရှမ်းမြောက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာ တွေ့ရပါတယ်။ စစ်ပွဲတွေ မတည်ငြိမ်မှုတွေဟာ NLD အစိုးရသစ် ကျော်လွှားရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ” ဟု တိုင်းရင်းသား အရေးနှင့် စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)