အစုိးရတပ္မေတာ္ ထုိးစစ္ အရွိန္ျမွင့္မႈ TNLA ကန္႔ကြက္

TNLA တပ္သားတခ်ိဳ႕ကို မတ္လ ၁ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kan Thar/ RFA
ရွမ္းျပည္ေျမာက္ပိုင္းဖက္မွာ ဒီရက္ပိုင္းအတြင္း ျမန္မာ့တပ္မေတာ္က အင္အားေတြ တိုးခ်ဲ႕လာၿပီး ထိုးစစ္အရွိန္ျမွင့္တင္လာတာဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ဟန္႔တားရာ ေရာက္တဲ့အတြက္ ကန္႔ကြက္ေၾကာင္း ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA က ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေက်ာက္မဲ၊ မန္တံု၊ နမၼတူ၊ နမ့္ခမ္း၊ ကြတ္ခိုင္ စတဲ့ေဒသထဲကို အစိုးရတပ္မေတာ္က စစ္ကား အစီး ၅၀၀ ေလာက္နဲ႔ အင္အား ၃ ေထာင္ေလာက္ တိုးခ်ဲ႕ခ်ထားေနတယ္လို႔ TNLA က ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

"ဒီတစ္ပတ္တြင္း အစိုးရဖက္က အင္အားေတြ၊ တပ္မေတြတိုးခ်ဲ႕လာတယ္၊ စစ္ကား အစီး ၅၀၀ ဝန္းက်င္ေလာက္ရွိမယ္၊ လူအင္အားကေတာ့ ၃ ေထာင္နဲ႔ ၄ ေထာင္ၾကားမွာ ရွိမယ္၊ အင္အားေတြ တိုးခ်ဲ႕ၿပီးမွ စစ္ပြဲေတြကို ဖန္တီးမယ္၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ ေနတာကို ေရွ႕ေလွ်ာက္ အာဏာအလႊဲအေျပာင္းကာလမွာ တိုက္ပြဲေတြဖန္တီးမယ္၊ တိုင္းျပည္မၿငိမ္မသက္ေအာင္ ဖန္တီးေနတယ္လို႔ ေတြးတာပဲ"

ရွမ္းျပည္ေျမာက္ပိုင္းမွာ အစိုးရတပ္မေတာ္က အရင္ တပ္မ ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တို႔ တပ္စြဲထားၿပီး ဒီရက္ပိုင္းအတြင္း တပ္မ ၅၅၊ စကခ ၂၊ ၇၊ ၁၀ စတဲ့ တပ္ေတြ ထပ္မံတိုးခ်ဲ႕လာတယ္လို႔ ေျပာပါတယ္။

TNLA အဖြဲ႔ဟာ အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရး NCA စာခ်ဳပ္ လက္မွတ္ထိုးထားျခင္း မရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ တစ္ဖြဲ႔ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲက အစိုးရနဲ႔ NCA စာခ်ဳပ္လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA နဲ႔ TNLA တို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့တာေၾကာင့္ ဒုကၡသည္ ၃၀၀၀ ေက်ာ္ ေနရပ္စြန္႔ခြာထြက္ေျပးေနရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............................
NLD ပါတီ တိုင်ကြားရေးဌာနဖွင့်လှစ် "
NLD ပါတီ ကိုယ်စားလှယ်တွေကို မူူးယစ်ရမ်းကားတာက အစ မကျေနပ်တာတွေရှိရင် တိုင်ကြားနိုင်ပါပြီလို့ ပြောခွင့်ရပုဂ္ဂိုုလ် ဦးဝင်းထိန်ကဒေါ်အောင်ဆန်းစုကြည်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲအပြီးပြန်ထွက်လာစဉ်ပြောပါတယ်။
NLD ပါတီ ရဲ့တိုင်ကြားရေးဌာနကို စနေနေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပါတီ အရံ CECဒေါက်တာမျိုးညွန့်က ဥက္ကဌအဖြစ် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
Author / photo - ဖေသက်ထက်ခင် TNLA တပ်သားတချို့ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်မြောက်ပိုင်းဖက်မှာ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်က အင်အားတွေ တိုးချဲ့လာပြီး ထိုးစစ်အရှိန်မြှင့်တင်လာတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဟန့်တားရာ ရောက်တဲ့အတွက် ကန့်ကွက်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ဒေသထဲကို အစိုးရတပ်မတော်က စစ်ကား အစီး ၅၀၀ လောက်နဲ့ အင်အား ၃ ထောင်လောက် တိုးချဲ့ချထားနေတယ်လို့ TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"ဒီတစ်ပတ်တွင်း အစိုးရဖက်က အင်အားတွေ၊ တပ်မတွေတိုးချဲ့လာတယ်၊ စစ်ကား အစီး ၅၀၀ ဝန်းကျင်လောက်ရှိမယ်၊ လူအင်အားကတော့ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ ရှိမယ်၊ အင်အားတွေ တိုးချဲ့ပြီးမှ စစ်ပွဲတွေကို ဖန်တီးမယ်၊ ငြိမ်းချမ်းရေးဖော်ဆောင် နေတာကို ရှေ့လျှောက် အာဏာအလွှဲအပြောင်းကာလမှာ တိုက်ပွဲတွေဖန်တီးမယ်၊ တိုင်းပြည်မငြိမ်မသက်အောင် ဖန်တီးနေတယ်လို့ တွေးတာပဲ"

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်က အရင် တပ်မ ၁၁၊ ၃၃၊ ၆၆၊ ရ၇၊ ၈၈၊ ၉၉ တို့ တပ်စွဲထားပြီး ဒီရက်ပိုင်းအတွင်း တပ်မ ၅၅၊ စကခ ၂၊ ရ၊ ၁၀ စတဲ့ တပ်တွေ ထပ်မံတိုးချဲ့လာတယ်လို့ ပြောပါတယ်။

TNLA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အစိုးရနဲ့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒုက္ခသည် ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)