SNLD ပါတီမွ ဦးစိုင္းညႊန္႔လြင္ ဒုသမၼတေလာင္း အမည္စာရင္း တင္သြင္းမႈ အစည္းေ၀း စမည့္ေန႔တြင္ ေနျပည္ေတာ္သို႔ သြားေရာက္မည္


ဒုတိယ သမၼတ ရာထူးေနရာအတြက္ ေရပန္းစားလာသူ ျဖစ္ေနသည့္ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ အေထြေထြ အတြင္းေရးမွဴး ဦးစိုင္းညြန္႔လြင္မွာ ဒုတိယသမၼတ အမည္စာရင္း တင္သြင္းႏိုင္ေရးအတြက္ အစုအဖြဲ႔အစည္းေ၀းမ်ား စတင္မည့္ မတ္လ ၁၀ ရက္ေန႔တြင္ ေနျပည္ေတာ္သို႔ သြားေရာက္မည္ျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွသိရသည္။

“ဘာေၾကာင့္ သြားမလဲဆိုတာေတာ့ မသိဘူး။ မတ္လ ၁၀ ရက္ေန႔ ေနျပည္ေတာ္မွာ ရိွမွာ။ အဲဒီကို သြားမွာေတာ့ ေသခ်ာတယ္” ဟု အမည္မေဖာ္လိုသူ နီးစပ္သူက ေျပာသည္။

ကာယကံရွင္ ကိုယ္တိုင္ကမူ ၄င္း၏ ပါတီျဖစ္သည့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အား အစိုးရအဖြဲ႔တြင္ ေနရာတစ္ေနရာ ယူရန္သာ အႏိုင္ရ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္မွ ကမ္းလွမ္းခဲ့ျခင္းျဖစ္ျပီး မည္သည့္ ရာထူးဆိုသည္ကိုမူ အတိအက် သိရိွရျခင္း မရိွေၾကာင္း မီဒီယာမ်ားကို ေျဖဆိုထားသည္။

ကမ္းလွမ္းထားသည္မွာ ႏွစ္လေက်ာ္ ၾကာျမင့္ခဲ့ျပီ ျဖစ္ေသာ္လည္း ယခုကဲ႔သို႔ သမၼတေလာင္း စာရင္းမ်ား ေၾကညာရန္ ရက္နီးကပ္လာခ်ိန္တြင္ ရွမ္းပါတီမွ တာ၀န္ရိွသူတစ္ေယာက္မွာ ဒုသမၼတ ျဖစ္လာရန္ သတင္းမ်ား ထြက္လာျခင္းျဖစ္သည္။

လြန္ခဲ့သည့္ ႏွစ္လကတည္းက ရွမ္းႏိုင္ငံေရး အသိုင္း၀န္းတြင္ က်ားေခါင္းပါတီ SNLD ေခါင္းေဆာင္ ဦးခြန္ထြန္းဦးအား အန္အယ္လ္ဒီမွ ဒုတိယ သမၼတ အျဖစ္ကမ္းလွမ္းထားေၾကာင္း သတင္းမ်ား သိုးသိုးသန္႔သန္႔ ထြက္ေပၚခဲ့ဖူးျပီး ဦးခြန္ထြန္းဦး၏ ဇန္န၀ါရီလ မိုင္းရွဴး ခရီးစဥ္တြင္လည္း ရွမ္းဘာသာျဖင့္ ၄င္းအား ကမ္းလွမ္းထားေၾကာင္း ေျပာဆိုခဲ့ဖူးသည္။

ဦးခြန္ထြန္းဦး၏ သမီးျဖစ္သူမွာ ၾသစေၾတးလ်ႏိုင္ငံသူအျဖစ္ ခံယူထားေသာေၾကာင့္ ယခုကဲ႔သို႔ ဦးစိုင္းညႊန္႔လြင္မွာ ဒုတိယသမၼတ ရာထူးအတြက္ ေရပန္းစားလာျခင္းျဖစ္ျပီး အန္အယ္လ္ဒီ၏ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး မူ၀ါဒအရ မဟာမိတ္ တိုင္းရင္းသား ပါတီျဖစ္ေနသည့္ SNLD က်ားေခါင္းပါတီမွ ဒုသမၼတ ျဖစ္ရန္ ေရပန္းစားလာျခင္းျဖစ္သည္။

ယင္းအျပင္ အန္အယ္လ္ဒီ၏ ကာလရွည္ မဟာမိတ္ တိုင္းရင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ပူးလ္က်င္ရွင့္ထန္မွာလည္း ၅၉ (စ) သမၼတ အရည္အခ်င္း ကန္႔သတ္ခ်က္ႏွင့္ ညိွစြန္းေနသည္ဟု ဇိုမီးအသိုင္း၀န္းက ဆိုေနေသာေၾကာင့္ မည္သည့္ ရာထူးမ်ွ မရေသးေသာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ တာ၀န္ရိွသူမ်ားမွာ အစိုးရ ထိပ္တန္းရာထူးရယူႏိုင္ရန္ ေရပန္းစားလာျခင္း ျဖစ္သည္။

The Ladies News
https://www.facebook.com/News.TheLadies
...........................


ဒုတိယ သမ္မတ ရာထူးနေရာအတွက် ရေပန်းစားလာသူ ဖြစ်နေသည့် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်မှာ ဒုတိယသမ္မတ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် အစုအဖွဲ့အစည်းဝေးများ စတင်မည့် မတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း နီးစပ်သူများထံမှသိရသည်။

“ဘာကြောင့် သွားမလဲဆိုတာတော့ မသိဘူး။ မတ်လ ၁၀ ရက်နေ့ နေပြည်တော်မှာ ရှိမှာ။ အဲဒီကို သွားမှာတော့ သေချာတယ်” ဟု အမည်မဖော်လိုသူ နီးစပ်သူက ပြောသည်။

ကာယကံရှင် ကိုယ်တိုင်ကမူ ၄င်း၏ ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရအဖွဲ့တွင် နေရာတစ်နေရာ ယူရန်သာ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မည်သည့် ရာထူးဆိုသည်ကိုမူ အတိအကျ သိရှိရခြင်း မရှိကြောင်း မီဒီယာများကို ဖြေဆိုထားသည်။

ကမ်းလှမ်းထားသည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့ သမ္မတလောင်း စာရင်းများ ကြေညာရန် ရက်နီးကပ်လာချိန်တွင် ရှမ်းပါတီမှ တာဝန်ရှိသူတစ်ယောက်မှာ ဒုသမ္မတ ဖြစ်လာရန် သတင်းများ ထွက်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်လကတည်းက ရှမ်းနိုင်ငံရေး အသိုင်းဝန်းတွင် ကျားခေါင်းပါတီ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးအား အန်အယ်လ်ဒီမှ ဒုတိယ သမ္မတ အဖြစ်ကမ်းလှမ်းထားကြောင်း သတင်းများ သိုးသိုးသန့်သန့် ထွက်ပေါ်ခဲ့ဖူးပြီး ဦးခွန်ထွန်းဦး၏ ဇန်နဝါရီလ မိုင်းရှူး ခရီးစဉ်တွင်လည်း ရှမ်းဘာသာဖြင့် ၄င်းအား ကမ်းလှမ်းထားကြောင်း ပြောဆိုခဲ့ဖူးသည်။

ဦးခွန်ထွန်းဦး၏ သမီးဖြစ်သူမှာ သြစတြေးလျနိုင်ငံသူအဖြစ် ခံယူထားသောကြောင့် ယခုကဲ့သို့ ဦးစိုင်းညွှန့်လွင်မှာ ဒုတိယသမ္မတ ရာထူးအတွက် ရေပန်းစားလာခြင်းဖြစ်ပြီး အန်အယ်လ်ဒီ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒအရ မဟာမိတ် တိုင်းရင်းသား ပါတီဖြစ်နေသည့် SNLD ကျားခေါင်းပါတီမှ ဒုသမ္မတ ဖြစ်ရန် ရေပန်းစားလာခြင်းဖြစ်သည်။

ယင်းအပြင် အန်အယ်လ်ဒီ၏ ကာလရှည် မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပူးလ်ကျင်ရှင့်ထန်မှာလည်း ၅၉ (စ) သမ္မတ အရည်အချင်း ကန့်သတ်ချက်နှင့် ညှိစွန်းနေသည်ဟု ဇိုမီးအသိုင်းဝန်းက ဆိုနေသောကြောင့် မည်သည့် ရာထူးမျှ မရသေးသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှာ အစိုးရ ထိပ်တန်းရာထူးရယူနိုင်ရန် ရေပန်းစားလာခြင်း ဖြစ်သည်။

The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)