SNLD ကို ဝန္ႀကီးေနရာအတြက္ ကမ္းလွမ္း

SNLD အေထြေထြ အတြင္းေရးမွဴး ဦးစိုင္းညြန္႔လြင္ ကို ေအာက္တိုဘာလ ၂၄ ရက္ေန႔က ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ရံုးခန္းမွာ ေတြ႔ရစဥ္။ Photo:Thiha Tun/RFA
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက ဦးေဆာင္မယ့္ အစိုးရအဖြဲ႕မွာ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ SNLD က တစ္ဦးကို ျပည္ေထာင္စု၀န္ႀကီးရာထူး တစ္ေနရာအတြက္ ကမ္းလွမ္းထားေၾကာင္း SNLD အေထြေထြ အတြင္းေရးမွဴး ဦးစိုင္းညြန္႔လြင္က ေျပာပါတယ္။

NLD ပါတီက ကမ္းလွမ္းထားတဲ့ ျပည္ေထာင္စုဝန္ႀကီး တစ္ဦးအမည္စာရင္းကို ေနာက္လာမယ့္ ရက္ပိုင္းအတြင္း အေၾကာင္းျပန္မယ္လို႔ ဦးစိုင္းညြန္႔လြင္က ေျပာပါတယ္။

"အဲ့ဒါ အမွန္အတိုင္းေျပာမယ္ဆိုရင္ အတည္ျပဳၿပီးေမးတာေကာင္းပါတယ္၊ ဒုသမၼတအတြက္ ကမ္းလွမ္းေန တယ္ဆိုတာေတာ့ မဟုတ္ပါဘူး၊ ျပည္ေထာင္စုအစိုးရအဖြဲ႔မွာ တစ္ေယာက္ ပါဝင္ေပးဖို႔ေတာ့ ကမ္းလွမ္းတာ ဟုတ္ပါတယ္"

ရွမ္းတိုင္းရင္းသားမ်ား ဒီမုုိကေရစီအဖြဲ႔ခ်ဳပ္ SNLD ဥကၠ႒ ဦးခြန္းထြန္းဦးဟာ သမီးျဖစ္သူက ၾသစေၾတးလ်ႏုုိင္ငံသား ခံယူထားတဲ့အတြက္ ပုဒ္မ ၅၉ (စ) နဲ႔ ၿငိစြန္းေနေၾကာင္း သတင္းမီဒီယာတခ်ိဳ႕မွာ ေဖာ္ျပေနၾကတဲ့ ဒုသမၼတအျဖစ္ ကမ္းလွမ္းခံထားရတယ္ဆုိတာ မဟုတ္ေၾကာင္း ကမ္းလွမ္းခဲ့ရင္လည္း မျဖစ္နုိင္ေၾကာင္းလည္း ေျပာပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမုုိကေရစီအဖြဲ႔ခ်ဳပ္ SNLD ဟာ ျပည္ေထာင္စုအစိုးရအဖြဲ႔ထက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔မွာ တာဝန္ေပးဖို႔ NLD ကို ေတာင္းဆိုထားတဲ့အဖြဲ႔ျဖစ္ၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြမွာပါဝင္ေဆာင္ရြက္ဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD က ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္တာ၀န္ယူၿပီး ျပည္နယ္အစိုးရအဖြဲ႔ကို ဦးေဆာင္မယ္ဆိုရင္လည္း သူရဲ႕လုပ္ေဆာင္ခ်က္ေတြကိုၾကည့္ၿပီး ေကာင္းမြန္တယ္ဆိုရင္ လက္ခံႏိုင္တယ္လို႔ ဦးစိုင္းညြန္႔လြင္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............
 SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို အောက်တိုဘာလ ၂၄ ရက်နေ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးခန်းမှာ တွေ့ရစဉ်။ Photo:Thiha Tun/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်မယ့် အစိုးရအဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က တစ်ဦးကို ပြည်ထောင်စုဝန်ကြီးရာထူး တစ်နေရာအတွက် ကမ်းလှမ်းထားကြောင်း SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

NLD ပါတီက ကမ်းလှမ်းထားတဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးအမည်စာရင်းကို နောက်လာမယ့် ရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

"အဲ့ဒါ အမှန်အတိုင်းပြောမယ်ဆိုရင် အတည်ပြုပြီးမေးတာကောင်းပါတယ်၊ ဒုသမ္မတအတွက် ကမ်းလှမ်းနေ တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တစ်ယောက် ပါဝင်ပေးဖို့တော့ ကမ်းလှမ်းတာ ဟုတ်ပါတယ်"

ရှမ်းတိုင်းရင်းသားများ ဒီမုုိကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်းထွန်းဦးဟာ သမီးဖြစ်သူက သြစတြေးလျနုုိင်ငံသား ခံယူထားတဲ့အတွက် ပုဒ်မ ၅၉ (စ) နဲ့ ငြိစွန်းနေကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြနေကြတဲ့ ဒုသမ္မတအဖြစ် ကမ်းလှမ်းခံထားရတယ်ဆိုတာ မဟုတ်ကြောင်း ကမ်းလှမ်းခဲ့ရင်လည်း မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမုုိကရေစီအဖွဲ့ချုပ် SNLD ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ပေးဖို့ NLD ကို တောင်းဆိုထားတဲ့အဖွဲ့ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာပါဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရှမ်းပြည်နယ် ၀န်ကြီးချုပ်တာဝန်ယူပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုရင်လည်း သူရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ပြီး ကောင်းမွန်တယ်ဆိုရင် လက်ခံနိုင်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)