အင္တာဗ်ဴး ေပးစာ က်န္းမာေရး ယဥ္ေက်းမႈ ဗီဒီယို ဓါတ္ပုံ ဂ်ာနယ္ သတင္းစာ အသံဖိုင္ ေၾကညာခ်က္ ျဖစ္ရပ္မွန္ စံုစမ္းဖို႔ PJS အဖဲြ႔ကို ေခၚယူစစ္ေဆး


ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႔နယ္အတြင္း ဘိန္းခင္းဖ်က္ဆီးဖုိ႔ သြားေရာက္တဲ့ လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ Pat Jasan က ေခါင္းေဆာင္ေတြကို ဒီကေန႔ ကခ်င္ျပည္နယ္ ရဲတပ္ဖဲြ႔က ေခၚယူစစ္ေဆးေနပါတယ္။ ဒီလုိ စစ္ေဆးတာကေတာ့ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းက ျဖစ္ပြားခဲ့တဲ့ Pat Jasan အဖဲြ႔နဲ႔ ေဒသခံရြာသားေတြ အျပန္အလွန္တုိက္ခုိက္မႈ၊ မီးရိႈ႔ဖ်က္ဆီးမႈေတြျဖစ္ခဲ့ရာမွာ ဥပေဒမဲ့ေဆာင္ရြက္တာနဲ႔ တာ၀န္ရိွသူေတြက ၾကပ္မတ္မႈ အားနည္းတာေတြရိွခဲ့တာေၾကာင့္ စစ္ေဆးေဖာ္ထုတ္ၿပီး အေရးယူဖို႔ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းက သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ၿပီးခဲ့တဲ့အပတ္ ၾကာသပေတးေန႔က Pat Jasan ေခၚ လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ေတြဟာ ကန္ပိုက္တီးေဒသဖက္က ဘိန္းခင္းေတြကို ဖ်က္ဆီးဖုိ႔ သြားေရာက္ရာမွာ ဘိန္းခင္းပိုင္ရွင္ေတြဘက္ကေသနတ္၊ဗံုးေတြနဲ႔ တုိက္ခုိက္ခံရတာေၾကာင့္ လူ ၂၉ေယာက္ ထိခုိက္ ဒဏ္ရာရခဲ့သလိုPat Jasan အဖဲြ႔၀င္ေတြက သူတုိ႔ကိုတိုက္ခိုက္တယ္လို႔ယူဆတဲ့ ရြာသားေတြကို ျပန္လည္ တုိက္ခုိက္တာေတြရိွခဲ့ပါတယ္။

ဒီတုိက္ခိုက္တာနဲ႔ပတ္သက္ၿပီး ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔မွာ ကခ်င္ျပည္နယ္ အစိုးရက စံုစမ္း စစ္ေဆးေရး အဖြဲ႕ဖြဲ႔ၿပီး အျဖစ္မွန္ေဖာ္ထုတ္ သြားမယ္လုိ႔ေၾကညာခဲ့ တဲ့ေနာက္ ဒီကေန႔ Pat Jasan အဖဲြ႔ေခါင္းေဆာင္ေတြ ကို ေခၚယူ စစ္ေဆး ခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ေခၚယူစစ္ေဆးတဲ့အေျခအေနကို ၀ိုင္းေမာ္ၿမိဳ႔နယ္ Pat Jasan အဖဲြ႔ ဥကၠဌ ဦးဇုန္႔ဒိန္းက အခုလုိ ေျပာပါတယ္။

“သူတို႔လည္း အျဖစ္မွန္ကို သိခ်င္လို႔ေပါ့ေနာ္။ ျပႆနာျဖစ္တဲ့ေနရာမွာ က်ေနာ္တို႔ ဒီက ဘယ္လို အစီအစဥ္နဲ႔ သြားလဲေပါ့ေနာ္။ ဘယ္ရက္မွာ ဘယ္လိုသြားသလဲေပါ့ေနာ္။ ဟိုမွာေရာက္ရင္ ဘယ္လိုျဖစ္သလဲေပါ့ ။ ဒီအခင္းျဖစ္ပြားတဲ့ေနရာမွာေလ ဘာေတြ႔သလဲ၊ ဘယ္လုိစလာသလဲ၊ ဘာျဖစ္သလဲေပါ့ အဲဒါေတြ ေမးတာေပါ့။”

ဒီအခင္းျဖစ္ပြားတာနဲ႔ပတ္သက္ၿပီး ကန္ပိုက္တီးနယ္က ရြာသားေတြက Pat Jansan အဖဲြ႔၀င္ေတြက စတင္တုိက္ခုိက္တယ္လုိ႔ တုိင္ၾကား ထားတာေၾကာင့္ ေခၚယူ စစ္ေဆးတာျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

“သူတို႔လည္းတိုင္ထားတာေပါ့။ သူတို႔ကေတာ့ က်ေနာ္တို႔ စတာေပါ့ေနာ္ ။ က်ေနာ္တို႔ပဲစတယ္၊ က်ေနာ္တို႔ပဲ ေသနတ္ပစ္တယ္ ၊ က်ေနာ္တို႔ကေနၿပီးေတာ့မွ သူတို႔ကိုရိုက္တာေပါ့ေနာ္၊ အိမ္မီးေလာင္တာေတြလည္း က်ေနာ္တို႔ကို ရိႈ႕တယ္ဆိုတာေတာ့ က်ေနာ္တို႔လည္းအျဖစ္မွန္ေျပာမွာေပါ့ေနာ္။ အဲဒါေတြကို ဟုတ္သလားေပါ့။ က်ေနာ္တို႔ကို စစ္ေဆးတာ အဲဒါေတြ စစ္ေဆးတာပါ။”

Pat Jasan ေခါင္းေဆာင္ ၉ ေယာက္ကို စစ္ေဆးဖုိ႔ ေခၚယူထားတယ္လုိ႔လည္း သိရပါတယ္။

ဒီလို ေခၚယူစစ္ေဆးတာနဲ႔ပတ္သက္ၿပီး ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔က ဦးလမုိင္ဂြမ္ဂ်ာက အခုလို ေျပာပါတယ္။

“ဘယ္သူ ဘယ္၀ါက မွားတယ္၊ မွန္တယ္ ေနာက္ၿပီး အဲဒီမွာ လံုၿခံဳေရးက ရဲလည္းပါတယ္ဆိုေတာ့ ရဲအေနနဲ႔ က်ေနာ္တို႔ လံုၿခံဳေရးကို ထိထိေရာက္ေရာက္ မယူေပးႏိုင္တာလား၊ ဘယ္လိုလဲဆိုတဲ့ဟာကို ဒီ ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္အေနနဲ႔ စံုစမ္းစစ္ေဆးေရးဖြဲ႔ၿပီးေတာ့မွ ဒါကို အေရးယူဖို႔အတြက္ဆိုၿပီး ေျပာထားတာရွိတယ္။ အဲဒါေၾကာင့္ ဒီ စံုစမ္းစစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္က ဒီ ရဲမင္းႀကီးကို တာ၀န္ေပးထားတယ္ဆိုတာသိရတယ္။ အခုရဲမင္းႀကီးကေနၿပီးေတာ့မွ ဒီ Pat Jasan အဖြဲ႔ေခါင္းေဆာင္ေတြကိုလည္း ေခၚတယ္ေပါ့ေလ။

အမႈမွန္ ေပၚေပါက္ေရးအတြက္ ဦးလမိုင္ဂြန္ဂ်ာက အခုလို သူ႔အျမင္ကို ေျပာဆုိပါတယ္။

“အခုက ၃ ပြင့္ဆိုင္ျဖစ္ေနတယ္။ ဘိန္းစိုက္ပ်ိဳးတဲ့လူက တဖြဲ႔၊ ဒီမူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေတြက တဖြဲ႔ ၊ လံုၿခံဳေရးေပးတဲ့ အစိုးရက တဖြဲ႔ ၃ ဖြဲ႔ျဖစ္ေနတယ္။ ဒီ ၃ ဖြဲ႔မွာ က်ေနာ္တို႔ သိရသေလာက္ဆိုရင္ေတာ့ဒီ pat jasan အဖြဲ႔ေတြနဲ႔ အစိုးရကေတာ့ ပူးေပါင္းၿပီးေတာ့မွ လံုၿခံဳေရးေပးၿပီးေတာ့မွ သြားတဲ့ ကိစၥျဖစ္တယ္ေလ။ စံုစမ္းစစ္ေဆးေရး ဖြဲ႔တဲ့အခါလည္းပဲ ဒီ ဘက္က သေဘာနဲ႔ တဘက္ပဲ ဖြဲ႔တာ မဟုတ္ပဲနဲ႔ အားလံုးပါ၀င္ၿပီးဖြဲ႔ရင္ေတာ့ ပိုၿပီးထိေရာက္မယ္လို႔ က်ေနာ္ကေတာ့ ျမင္တယ္ေလ။”

Pat Jasan အဖဲြ႔ဟာ ဒီႏွစ္ ဘိန္းစိုက္ရာသီမွာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ စစ္ကိုင္းတုိင္း ေဒသ ၾကီး ဟူးေကာင္းေတာင္ၾကားေဒသက ဘိန္းခင္းဧက ၈ေထာင္ေလာက္ကို ဖ်က္ဆီးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသလုိ ကန္ပိုက္တီးေဒသမွာ ဘိန္းခင္းဧက ဘိန္းခင္းဧက ၅ေထာင္ေလာက္ရိွမယ္လို႔ ခန္႔မွန္းထားပါတယ္။

ေလာေလာဆည္မွာေတာ့ Pat Jasan အဖဲြ႔ဟာ ဘိန္းခင္းတုိက္ဖ်က္ေရး လုပ္ငန္းေတြကို ယာယီရပ္ဆုိင္းထား ပါတယ္။

Pat Jasan ေခၚ မူးယစ္တိုက္ဖ်က္ေရးအဖဲြ႔ သြားေရာက္မယ့္ ကန္ပိုက္တီးေဒသဟာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစခုန္တိန္းယိန္းေခါင္းေဆာင္တဲ့ NDA-K ေခၚ အပစ္ရပ္ ကခ်င္ဒီမုိကေရစီသစ္တပ္ဖဲြ႔ကေန အသြင္ေျပာင္းထားတဲ့ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္အဖဲြ႔ေတြ ထိန္းခ်ဳပ္ထားတဲ့နယ္ေျမျဖစ္ပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

............................


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်တဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan က ခေါင်းဆောင်တွေကို ဒီကနေ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတာကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ Pat Jasan အဖွဲ့နဲ့ ဒေသခံရွာသားတွေ အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေဖြစ်ခဲ့ရာမှာ ဥပဒေမဲ့ဆောင်ရွက်တာနဲ့ တာဝန်ရှိသူတွေက ကြပ်မတ်မှု အားနည်းတာတွေရှိခဲ့တာကြောင့် စစ်ဆေးဖော်ထုတ်ပြီး အရေးယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ကန်ပိုက်တီးဒေသဖက်က ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ သွားရောက်ရာမှာ ဘိန်းခင်းပိုင်ရှင်တွေဘက်ကသေနတ်၊ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် လူ ၂၉ယောက် ထိခိုက် ဒဏ်ရာရခဲ့သလိုPat Jasan အဖွဲ့ဝင်တွေက သူတို့ကိုတိုက်ခိုက်တယ်လို့ယူဆတဲ့ ရွာသားတွေကို ပြန်လည် တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် အစိုးရက စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အဖြစ်မှန်ဖော်ထုတ် သွားမယ်လို့ကြေညာခဲ့ တဲ့နောက် ဒီကနေ့ Pat Jasan အဖွဲ့ခေါင်းဆောင်တွေ ကို ခေါ်ယူ စစ်ဆေး ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ခေါ်ယူစစ်ဆေးတဲ့အခြေအနေကို ၀ိုင်းမော်မြို့နယ် Pat Jasan အဖွဲ့ ဥက္ကဌ ဦးဇုန့်ဒိန်းက အခုလို ပြောပါတယ်။

“သူတို့လည်း အဖြစ်မှန်ကို သိချင်လို့ပေါ့နော်။ ပြဿနာဖြစ်တဲ့နေရာမှာ ကျနော်တို့ ဒီက ဘယ်လို အစီအစဉ်နဲ့ သွားလဲပေါ့နော်။ ဘယ်ရက်မှာ ဘယ်လိုသွားသလဲပေါ့နော်။ ဟိုမှာရောက်ရင် ဘယ်လိုဖြစ်သလဲပေါ့ ။ ဒီအခင်းဖြစ်ပွားတဲ့နေရာမှာလေ ဘာတွေ့သလဲ၊ ဘယ်လိုစလာသလဲ၊ ဘာဖြစ်သလဲပေါ့ အဲဒါတွေ မေးတာပေါ့။”

ဒီအခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး ကန်ပိုက်တီးနယ်က ရွာသားတွေက Pat Jansan အဖွဲ့ဝင်တွေက စတင်တိုက်ခိုက်တယ်လို့ တိုင်ကြား ထားတာကြောင့် ခေါ်ယူ စစ်ဆေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“သူတို့လည်းတိုင်ထားတာပေါ့။ သူတို့ကတော့ ကျနော်တို့ စတာပေါ့နော် ။ ကျနော်တို့ပဲစတယ်၊ ကျနော်တို့ပဲ သေနတ်ပစ်တယ် ၊ ကျနော်တို့ကနေပြီးတော့မှ သူတို့ကိုရိုက်တာပေါ့နော်၊ အိမ်မီးလောင်တာတွေလည်း ကျနော်တို့ကို ရှို့တယ်ဆိုတာတော့ ကျနော်တို့လည်းအဖြစ်မှန်ပြောမှာပေါ့နော်။ အဲဒါတွေကို ဟုတ်သလားပေါ့။ ကျနော်တို့ကို စစ်ဆေးတာ အဲဒါတွေ စစ်ဆေးတာပါ။”

Pat Jasan ခေါင်းဆောင် ၉ ယောက်ကို စစ်ဆေးဖို့ ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

ဒီလို ခေါ်ယူစစ်ဆေးတာနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“ဘယ်သူ ဘယ်ဝါက မှားတယ်၊ မှန်တယ် နောက်ပြီး အဲဒီမှာ လုံခြုံရေးက ရဲလည်းပါတယ်ဆိုတော့ ရဲအနေနဲ့ ကျနော်တို့ လုံခြံုရေးကို ထိထိရောက်ရောက် မယူပေးနိုင်တာလား၊ ဘယ်လိုလဲဆိုတဲ့ဟာကို ဒီ ကချင်ပြည်နယ် ၀န်ကြီးချုပ်အနေနဲ့ စုံစမ်းစစ်ဆေးရေးဖွဲ့ပြီးတော့မှ ဒါကို အရေးယူဖို့အတွက်ဆိုပြီး ပြောထားတာရှိတယ်။ အဲဒါကြောင့် ဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ဒီ ရဲမင်းကြီးကို တာဝန်ပေးထားတယ်ဆိုတာသိရတယ်။ အခုရဲမင်းကြီးကနေပြီးတော့မှ ဒီ Pat Jasan အဖွဲ့ခေါင်းဆောင်တွေကိုလည်း ခေါ်တယ်ပေါ့လေ။

အမှုမှန် ပေါ်ပေါက်ရေးအတွက် ဦးလမိုင်ဂွန်ဂျာက အခုလို သူ့အမြင်ကို ပြောဆိုပါတယ်။

“အခုက ၃ ပွင့်ဆိုင်ဖြစ်နေတယ်။ ဘိန်းစိုက်ပျိုးတဲ့လူက တဖွဲ့၊ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေက တဖွဲ့ ၊ လုံခြံုရေးပေးတဲ့ အစိုးရက တဖွဲ့ ၃ ဖွဲ့ဖြစ်နေတယ်။ ဒီ ၃ ဖွဲ့မှာ ကျနော်တို့ သိရသလောက်ဆိုရင်တော့ဒီ pat jasan အဖွဲ့တွေနဲ့ အစိုးရကတော့ ပူးပေါင်းပြီးတော့မှ လုံခြံုရေးပေးပြီးတော့မှ သွားတဲ့ ကိစ္စဖြစ်တယ်လေ။ စုံစမ်းစစ်ဆေးရေး ဖွဲ့တဲ့အခါလည်းပဲ ဒီ ဘက်က သဘောနဲ့ တဘက်ပဲ ဖွဲ့တာ မဟုတ်ပဲနဲ့ အားလုံးပါ၀င်ပြီးဖွဲ့ရင်တော့ ပိုပြီးထိရောက်မယ်လို့ ကျနော်ကတော့ မြင်တယ်လေ။”

Pat Jasan အဖွဲ့ဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ဒေသ ကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ထောင်လောက်ကို ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသလို ကန်ပိုက်တီးဒေသမှာ ဘိန်းခင်းဧက ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လောလောဆည်မှာတော့ Pat Jasan အဖွဲ့ဟာ ဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထား ပါတယ်။

Pat Jasan ခေါ် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ သွားရောက်မယ့် ကန်ပိုက်တီးဒေသဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန်းယိန်းခေါင်းဆောင်တဲ့ NDA-K ခေါ် အပစ်ရပ် ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)