အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး ဦးေဆာင္မည့္ NLD အစိုးရအား အတိုက္အခံလုပ္ရန္ မျဖစ္ႏိုင္ဟု ANP အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးဦးလွေစာ ေျပာၾကား


အန္အယ္လ္ဒီမွ ဦးေဆာင္မည့္ အစိုးရမွာ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးကို အေျခခံမည္ျဖစ္ျပီး အားလံုး ပါ၀င္ေရးကို ဦးတည္ထားသည့္အတြက္ လက္ရိွႏိုင္ငံေရး အေျခအေနအရ အန္အယ္လ္ဒီ အစိုးရအား အတိုက္အခံ လုပ္ရန္ဆိုသည္မွာ မျဖစ္ႏိုင္ေၾကာင္း ရခိုင္အမ်ဳိးသားပါတီ၏ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္တစ္ဦးျဖစ္သူ ဦးဦးလွေစာက ေျပာသည္။

‘အတိုက္အခံဆိုတာက ဘာမွ မသိပဲေျပာေနတာ။ ျမန္မာျပည္မွာက အခုမွ ဇာတ္လမ္းစတာ။ အတိုက္အခံ ဆိုတာက အေမရိကန္က ရီပတ္ပလင္ကန္ နဲ႔ ဒီမိုကရက္လိုပဲ။ တကယ့္ အတိုက္အခံ ။ အတိုက္အခံဆိုတာ ဘာမွ နားမလည္ဘဲ ေလ်ွာက္ေျပာတာ။ မီဒီယာေတြကလည္း ေရးဆိုေတာ့ ေျပာတဲ႔ လူကလည္း အဟုတ္ထင္။ အတိုက္အခံဆိုတာ မရိွဘူး။ အတိုက္အခံဆိုတာ သူက အျဖဴဆို ကိုယ္ကအမည္းပဲ။ အခု အေျခေနအရ အဲဒီလိုလုပ္ဖို႔ ခက္ခဲပါတယ္” ဟု ၀ါရင့္ ရခိုင္ႏိုင္ငံေရးသမားလည္း ျဖစ္ျပီး စာေရးဆရာလည္း ျဖစ္သူ ဦးဦးလွေစာက ေျပာသည္။

ရခိုင္ျပည္နယ္အစိုးရကို ဖြဲ႔စည္းရာတြင္ ရခိုင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္၌ ေနရာအမ်ားစု အႏိုင္ရရိွထားေသာ ရခိုင္အမ်ဳိးသားပါတီမွ ကိုယ္စားလွယ္တစ္ဦးအား ခန္႔အပ္ေပးရန္ႏွင့္ ရခိုင္အစိုးရ ဖြဲ႔စည္းရာတြင္ ရခိုင္ပါတီမွ ဦးေဆာင္ခြင့္ေပးရန္ ၁/ ၂၀၁၆ ေၾကညာခ်က္ျဖင့္ ရခိုင္ပါတီက ေၾကညာခ်က္ ထုတ္ျပန္ထားျပီး အဆိုပါေၾကညာခ်က္ကို လက္မခံပါက အတိုက္အခံအျဖစ္ ရပ္တည္သြားမည္ဟု ဇန္န၀ါရီလအတြင္းက ေၾကညာခဲ့သည္။ ယင္းအျပင္ အန္အယ္လ္ဒီအစိုးရနွင့္ ပူးေပါင္း ေဆာင္ရြက္မႈမ်ား ျပဳလုပ္မည္မဟုတ္ဟု ပါတီဥကၠ႒လည္းျဖစ္သူ ေဒါက္တာေအးေမာင္က ေျပာဆိုထားသည္။

အဆိုပါေၾကညာခ်က္ ထုတ္ျပန္ျပီးေနာက္ပိုင္း ရခိုင္ပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦးေအးသာေအာင္မွာ အမ်ဳိးသား လႊတ္ေတာ္တြင္ ဒုတိယ ဥကၠ႒အျဖစ္ တာ၀န္ယူခဲ့ျပီး ယခင္ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ( ANP ရခိုင္အမ်ဳိးသားပါတီမွာ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ RNDP ႏွင့္ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD တို႔ ပူးေပါင္းထားျခင္းျဖစ္) မွ ဗဟိုအလုပ္အမႈေဆာင္ ၆ ဦးမွာ အတိုက္အခံလုပ္မည့္ ေၾကညာခ်က္မွာ ၄င္းတို႔ႏွင့္ မသက္ဆိုင္ဟု သတင္းစာရွင္းလင္းမႈ ျပဳလုပ္ခဲ့ျပီး ဒီမိုကေရစီအင္အားစုမ်ားနွင့္ ဆက္လက္ လက္တြဲေဆာင္ရြက္သြားမည္ဟု ေၾကညာခဲ့သည္။ ယင္းေနာက္ပိုင္း အဆိုပါ အလုပ္အမႈေဆာင္ ၆ ဦးကို ပါတီမွ ထုတ္ပယ္ခဲ့ျပီး ရခိုင္ပါတီမွာ ႏွစ္ျခမ္းကြဲမည့္ အေရးနွင့္ ရင္ဆိုင္လာရသည္။

“ဧျပီလႊတ္ေတာ္နားျပီး အစိုးရသစ္ေပၚမယ္ ရခိုင္မွာလည္း အစိုးရအသစ္ေပၚမယ္။ ျပည္ေထာင္စုမွာလည္း အစိုးရအသစ္ ေပၚမယ္။ အဲဒီအခါက်မွ ဇာတ္လမ္းေတြေပၚမယ္။ အဲဒီအခါက်မွ ဇာတ္လမ္းေတြ ရွင္းရမယ္။ ညိွညိွႏိႈင္းႏိႈင္းလုပ္ရင္ ရပါတယ္။ စကားေလး ဘာေလး ေျပာၾကည့္ေပါ့။ ဘယ္လိုကူညီျပီး ၀ိုင္းလုပ္ၾကမလဲ ဆိုရင္လည္း ျဖစ္တာပါပဲ။ စကားနည္းနည္းပါးပါး ေျပာၾကရင္ ေပ်ာ့ေပ်ာင္းကုန္မွာပါ။ မေျပာေတာ့ ကေလးဆိုးလိုျဖစ္ ေျပာခ်င္တာေျပာ လုပ္ခ်င္တာလုပ္ ပိုဆိုးတာေပါ့ေလ” ဟု ဦးဦးလွေစာက ေျပာသည္။

လက္ရိွ ရခိုင္အမ်ဳိးသားပါတီတြင္ ေဒါက္တာေအးေမာင္ ဦးေဆာင္သည့္ ယခင္ RNDP ႏွင့္ ဦးေအးသာေအာင္ ဦးေဆာင္ေသာ ALD အဖြဲ႔ျပင္ ဦးဦးလွေစာ ၊ ဦးခိုင္ျပည္စိုး ၊ ဦးဘရွင္ တို႔ကဲ႔သို႔ ညိွညိွႏိႈင္းႏိႈင္းျဖင့္ ရခိုင္အေရးကို ေဆာင္ရြက္လိုေသာ အုပ္စုမ်ားလည္း ရိွေနသည္။

လတ္တေလာ ကာလအတြင္းမွာပင္ ေဒါက္တာေအးေမာင္ ဦးေဆာင္သည့္အဖြဲ႔မွ ဒုတိယသမၼတ ဦးျမင့္ေဆြ ေရြးခ်ယ္ခံရမႈအေပၚ ၀မ္းေျမာက္ေၾကာင္း သ၀ဏ္လႊာပို႔ခဲ့သည့္အတြက္ ရခိုင္ႏိုင္ငံေရး အသိုင္း၀န္းအတြင္း ေ၀ဖန္မႈမ်ား ရိွေနသည္။

မတူညီေသာ အသိုင္း၀န္ႏွစ္ရပ္အၾကား ပဋိပကၡမ်ား ျဖစ္ပြားခဲ့သည့္ ရခိုင္ျပည္နယ္အတြင္ တပ္မေတာ္ေနာက္ခံျဖင့္ လာသူတစ္ဦးမွ ျပည္နယ္၀န္ၾကီးခ်ဳပ္ တာ၀န္ ဆက္ယူရန္ ဆိုသည္မွာလည္း မျဖစ္ႏိုင္ဘဲ ေအာင္ျမင္မႈလည္း ရႏိုင္မည္ မဟုတ္ေၾကာင္း ဦးဦးလွေစာက ဆိုသည္။

“စစ္အုပ္ခ်ဳပ္ေရးက ခဏခဏျဖစ္တယ္။ အခုထိ ဘာရလဒ္မွ မထြက္ဘူး။ ၾကံ႔ခိုင္ေရးက နိုင္တဲ႔ အေရအတြက္ကလည္း ၃ ေနရာတည္းဆိုေတာ့ နည္းလြန္းတယ္ေလ” ဟု ဦးဦးလွေစာက ေျပာသည္။

အန္အယ္လ္ဒီပါတီမွ ရခိုင္လူမ်ဳိးျဖစ္သူ ဦးညီပုမွာ ရခိုင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္အျဖစ္ ခန္႔အပ္ခံရရန္ ေရပန္းစားေနသည္။

The Ladies News
https://www.facebook.com/News.TheLadies
...........


အန်အယ်လ်ဒီမှ ဦးဆောင်မည့် အစိုးရမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံမည်ဖြစ်ပြီး အားလုံး ပါ၀င်ရေးကို ဦးတည်ထားသည့်အတွက် လက်ရှိနိုင်ငံရေး အခြေအနေအရ အန်အယ်လ်ဒီ အစိုးရအား အတိုက်အခံ လုပ်ရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

‘အတိုက်အခံဆိုတာက ဘာမှ မသိပဲပြောနေတာ။ မြန်မာပြည်မှာက အခုမှ ဇာတ်လမ်းစတာ။ အတိုက်အခံ ဆိုတာက အမေရိကန်က ရီပတ်ပလင်ကန် နဲ့ ဒီမိုကရက်လိုပဲ။ တကယ့် အတိုက်အခံ ။ အတိုက်အခံဆိုတာ ဘာမှ နားမလည်ဘဲ လျှောက်ပြောတာ။ မီဒီယာတွေကလည်း ရေးဆိုတော့ ပြောတဲ့ လူကလည်း အဟုတ်ထင်။ အတိုက်အခံဆိုတာ မရှိဘူး။ အတိုက်အခံဆိုတာ သူက အဖြူဆို ကိုယ်ကအမည်းပဲ။ အခု အခြေနေအရ အဲဒီလိုလုပ်ဖို့ ခက်ခဲပါတယ်” ဟု ၀ါရင့် ရခိုင်နိုင်ငံရေးသမားလည်း ဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သူ ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာအများစု အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးအား ခန့်အပ်ပေးရန်နှင့် ရခိုင်အစိုးရ ဖွဲ့စည်းရာတွင် ရခိုင်ပါတီမှ ဦးဆောင်ခွင့်ပေးရန် ၁/ ၂၀၁၆ ကြေညာချက်ဖြင့် ရခိုင်ပါတီက ကြေညာချက် ထုတ်ပြန်ထားပြီး အဆိုပါကြေညာချက်ကို လက်မခံပါက အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ဇန်နဝါရီလအတွင်းက ကြေညာခဲ့သည်။ ယင်းအပြင် အန်အယ်လ်ဒီအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်မည်မဟုတ်ဟု ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာအေးမောင်က ပြောဆိုထားသည်။

အဆိုပါကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ရခိုင်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်မှာ အမျိုးသား လွှတ်တော်တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ANP ရခိုင်အမျိုးသားပါတီမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းထားခြင်းဖြစ်) မှ ဗဟိုအလုပ်အမှုဆောင် ၆ ဦးမှာ အတိုက်အခံလုပ်မည့် ကြေညာချက်မှာ ၄င်းတို့နှင့် မသက်ဆိုင်ဟု သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။ ယင်းနောက်ပိုင်း အဆိုပါ အလုပ်အမှုဆောင် ၆ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့ပြီး ရခိုင်ပါတီမှာ နှစ်ခြမ်းကွဲမည့် အရေးနှင့် ရင်ဆိုင်လာရသည်။

“ဧပြီလွှတ်တော်နားပြီး အစိုးရသစ်ပေါ်မယ် ရခိုင်မှာလည်း အစိုးရအသစ်ပေါ်မယ်။ ပြည်ထောင်စုမှာလည်း အစိုးရအသစ် ပေါ်မယ်။ အဲဒီအခါကျမှ ဇာတ်လမ်းတွေပေါ်မယ်။ အဲဒီအခါကျမှ ဇာတ်လမ်းတွေ ရှင်းရမယ်။ ညှိညှိနှိုင်းနှိုင်းလုပ်ရင် ရပါတယ်။ စကားလေး ဘာလေး ပြောကြည့်ပေါ့။ ဘယ်လိုကူညီပြီး ၀ိုင်းလုပ်ကြမလဲ ဆိုရင်လည်း ဖြစ်တာပါပဲ။ စကားနည်းနည်းပါးပါး ပြောကြရင် ပျော့ပျောင်းကုန်မှာပါ။ မပြောတော့ ကလေးဆိုးလိုဖြစ် ပြောချင်တာပြော လုပ်ချင်တာလုပ် ပိုဆိုးတာပေါ့လေ” ဟု ဦးဦးလှစောက ပြောသည်။

လက်ရှိ ရခိုင်အမျိုးသားပါတီတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ယခင် RNDP နှင့် ဦးအေးသာအောင် ဦးဆောင်သော ALD အဖွဲ့ပြင် ဦးဦးလှစော ၊ ဦးခိုင်ပြည်စိုး ၊ ဦးဘရှင် တို့ကဲ့သို့ ညှိညှိနှိုင်းနှိုင်းဖြင့် ရခိုင်အရေးကို ဆောင်ရွက်လိုသော အုပ်စုများလည်း ရှိနေသည်။

လတ်တလော ကာလအတွင်းမှာပင် ဒေါက်တာအေးမောင် ဦးဆောင်သည့်အဖွဲ့မှ ဒုတိယသမ္မတ ဦးမြင့်ဆွေ ရွေးချယ်ခံရမှုအပေါ် ၀မ်းမြောက်ကြောင်း သဝဏ်လွှာပို့ခဲ့သည့်အတွက် ရခိုင်နိုင်ငံရေး အသိုင်းဝန်းအတွင်း ဝေဖန်မှုများ ရှိနေသည်။

မတူညီသော အသိုင်းဝန်နှစ်ရပ်အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင် တပ်မတော်နောက်ခံဖြင့် လာသူတစ်ဦးမှ ပြည်နယ်ဝန်ကြီးချုပ် တာဝန် ဆက်ယူရန် ဆိုသည်မှာလည်း မဖြစ်နိုင်ဘဲ အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်ကြောင်း ဦးဦးလှစောက ဆိုသည်။

“စစ်အုပ်ချုပ်ရေးက ခဏခဏဖြစ်တယ်။ အခုထိ ဘာရလဒ်မှ မထွက်ဘူး။ ကြံ့ခိုင်ရေးက နိုင်တဲ့ အရေအတွက်ကလည်း ၃ နေရာတည်းဆိုတော့ နည်းလွန်းတယ်လေ” ဟု ဦးဦးလှစောက ပြောသည်။

အန်အယ်လ်ဒီပါတီမှ ရခိုင်လူမျိုးဖြစ်သူ ဦးညီပုမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရရန် ရေပန်းစားနေသည်။

The Ladies News
https://www.facebook.com/News.TheLadies



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)