ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္ႏွင့္ လ၀က လာဘ္အစားဆံုး ဌာနမ်ားအျဖစ္ MCRB စစ္တမ္းတြင္ ေဖာ္ျပခံရ

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီႏွင့္ လူ၀င္မႈႀကီးၾကပ္ေရး႐ံုးမ်ားက ၂၄ ရာခိုင္ႏႈန္းျဖင့္ လာဘ္ေပး လာဘ္ယူမႈ အမ်ားဆံုးအျဖစ္ ဦးေဆာင္ေနေၾကာင္း ျမန္မာ့စီးပြားေရးက႑ တာ၀န္ယူမႈရွိေရး အေထာက္အကူျပဳ ဌာနက မတ္ ၁၇ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။

ျပည္သူမ်ား၏ ေန႔စဥ္ဘ၀ လာဘ္ေပးရမႈႏွင့္ ပတ္သက္၍ ယင္းဌာန၏ ထုတ္ျပန္ခ်က္အရ ယာဥ္ထိန္းရဲမ်ားကို လာဘ္ေပးရမႈမွာ ၂၁ ရာခုိင္ႏႈန္းအထိ ရွိေနကာ အစိုးရတင္ဒါမ်ား၊ ၀န္ႀကီးဌာနမ်ားႏွင့္ ၀န္ေငြခြန္ ေပးေဆာင္ရာတြင္ လာဘ္ေပးရမႈ ၂၇ ရာခိုင္ႏႈန္းစီအထိ ျဖစ္ေပၚေနၿပီး ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီကို လာဘ္ေပးရမႈ ၁၅ ရာခိုင္ႏႈန္းႏွင့္ အေကာက္ခြန္႐ံုးမ်ားတြင္ လာဘ္ေပးရမႈ ၁၄ ရာခိုင္ႏႈန္းအထိ ျဖစ္ေပၚေနေၾကာင္း သိရသည္။

ျမန္မာ့စီးပြားေရးက႑ တာ၀န္ယူမႈရွိေရး အေထာက္အကူျပဳဌာန (MCRB) က ျမန္မာႏိုင္ငံတြင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစျခင္း- စီးပြားေရး လုပ္ငန္းမ်ားတြင္ အဂတိလိုက္စားမႈမ်ားကို မည္သုိ႔ တိုက္ဖ်က္ရမည္ကို လက္ေတြ႕က်စြာ ေဆြးေႏြးမည့္ အလုပ္႐ံုေဆြးေႏြးပြဲ” တြင္ စစ္တမ္းေကာက္ယူကာ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ကုန္သည္စက္မႈ အသင္းခ်ဳပ္၊ UNGC Myanmar Local Network ၊ ASEAN CSR Network ၊ Transparency International Malaysia ၊ Smart ၊ Max Myanmar ၊ Standard Chartered၊ UNODC ၊ Spectrum ႏွင့္ Coca Cola တို႔ တက္ေရာက္ခဲ့ၾကၿပီး လာဘ္ေပးရမႈမ်ားဆိုင္ရာ စစ္တမ္းမ်ားေကာက္ယူရာတြင္ အမ်ားဆုံး လာဘ္ေပးရသည့္ ေနရာမ်ားမွာ ၀င္ေငြခြန္ေပးေဆာင္ရာတြင္ အစိုးရခြင့္ျပဳခ်က္ လိုင္စင္ႏွင့္ တင္ဒါမ်ား ေဆာင္ရြက္ရာတြင္ ျဖစ္ေနေၾကာင္း သိရသည္။

အဆိုပါ အလုပ္႐ုံေဆြးေႏြးပြဲတြင္ တက္ေရာက္ခဲ့သူမ်ား၏ ၂၇ ရာခိုင္ႏႈန္းက အစိုးရတင္ဒါ၊ လုိင္စင္ခ်ေပးေသာ ၀န္ႀကီးဌာနမ်ားႏွင့္ ဆက္ဆံရာတြင္ လာဘ္ေပးရမႈ အမ်ားဆံုး ျဖစ္ေနၿပီး အျခား ၂၇ ရာခိုင္ႏႈန္းက ၀င္ေငြခြန္ ေပးေဆာင္ရသည့္ ဌာနမ်ားတြင္ လာဘ္ေပးခဲ့ရေၾကာင္း၊ ထို႕အျပင္ ၁၅ ရာခိုင္ႏႈန္းသည္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီကို လာဘ္ေပးရမႈ အမ်ားဆံုးအျဖစ္ ဆိုခဲ့ၿပီး က်န္ ၁၄ ရာခိုင္ႏႈန္းက အေကာက္ခြန္ဆိုင္ရာ ႐ံုးမ်ားတြင္ လာဘ္ေပးရမႈ အမ်ားဆံုးျဖစ္ေၾကာင္း ျဖစ္သည္ဟု MCRB ၏ စစ္တမ္းမ်ားအရ သိရသည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News Journal
..........................

ရန်ကုန်မြို့တော် စည်ပင်နှင့် လဝက လာဘ်အစားဆုံး ဌာနများအဖြစ် MCRB စစ်တမ်းတွင် ဖော်ပြခံရ


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လူဝင်မှုကြီးကြပ်ရေးရုံးများက ၂၄ ရာခိုင်နှုန်းဖြင့် လာဘ်ပေး လာဘ်ယူမှု အများဆုံးအဖြစ် ဦးဆောင်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနက မတ် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများ၏ နေ့စဉ်ဘဝ လာဘ်ပေးရမှုနှင့် ပတ်သက်၍ ယင်းဌာန၏ ထုတ်ပြန်ချက်အရ ယာဉ်ထိန်းရဲများကို လာဘ်ပေးရမှုမှာ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကာ အစိုးရတင်ဒါများ၊ ၀န်ကြီးဌာနများနှင့် ၀န်ငွေခွန် ပေးဆောင်ရာတွင် လာဘ်ပေးရမှု ၂၇ ရာခိုင်နှုန်းစီအထိ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လာဘ်ပေးရမှု ၁၅ ရာခိုင်နှုန်းနှင့် အကောက်ခွန်ရုံးများတွင် လာဘ်ပေးရမှု ၁၄ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်း- စီးပွားရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို မည်သို့ တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာ ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲ” တွင် စစ်တမ်းကောက်ယူကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှု အသင်းချုပ်၊ UNGC Myanmar Local Network ၊ ASEAN CSR Network ၊ Transparency International Malaysia ၊ Smart ၊ Max Myanmar ၊ Standard Chartered၊ UNODC ၊ Spectrum နှင့် Coca Cola တို့ တက်ရောက်ခဲ့ကြပြီး လာဘ်ပေးရမှုများဆိုင်ရာ စစ်တမ်းများကောက်ယူရာတွင် အများဆုံး လာဘ်ပေးရသည့် နေရာများမှာ ၀င်ငွေခွန်ပေးဆောင်ရာတွင် အစိုးရခွင့်ပြုချက် လိုင်စင်နှင့် တင်ဒါများ ဆောင်ရွက်ရာတွင် ဖြစ်နေကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူများ၏ ၂၇ ရာခိုင်နှုန်းက အစိုးရတင်ဒါ၊ လိုင်စင်ချပေးသော ၀န်ကြီးဌာနများနှင့် ဆက်ဆံရာတွင် လာဘ်ပေးရမှု အများဆုံး ဖြစ်နေပြီး အခြား ၂၇ ရာခိုင်နှုန်းက ၀င်ငွေခွန် ပေးဆောင်ရသည့် ဌာနများတွင် လာဘ်ပေးခဲ့ရကြောင်း၊ ထို့အပြင် ၁၅ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လာဘ်ပေးရမှု အများဆုံးအဖြစ် ဆိုခဲ့ပြီး ကျန် ၁၄ ရာခိုင်နှုန်းက အကောက်ခွန်ဆိုင်ရာ ရုံးများတွင် လာဘ်ပေးရမှု အများဆုံးဖြစ်ကြောင်း ဖြစ်သည်ဟု MCRB ၏ စစ်တမ်းများအရ သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)