KNU ဘိတ္ထား၀ယ္ခ႐ုိင္ ထိန္းခ်ဳပ္နယ္ေျမအတြင္း ေတာမီးမ်ား ဆက္လက္ေလာင္ကၽြမ္းေန


မတ္ ၁၈ ရက္၊ ၂၀၁၆ ခုႏွစ္။ စဖန္းေရွာင္း

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊ ဘိတ္ထားဝယ္ခ႐ုိင္ ထိန္းခ်ဳပ္နယ္ေျမ ထီးမိုပြာၿမိဳ႕နယ္ အထူးေဒသ အျမာေက်းရြာအနီးတြင္ ၿပီးခဲ့သည့္ ရက္သတၱပတ္ကတည္းက ရြာသားတစ္ဦး၏ ေတာင္ယာမီး႐ႈိ႕ရာမွ စတင္ေလာင္ကၽြမ္းသည့္ ေတာမီးမ်ားမွာ ယေန႔အထိ ဆက္လက္ေလာင္ကၽြမ္းေနဆဲျဖစ္ေၾကာင္း KNU ဘိတ္-ထား၀ယ္ခ႐ုိင္တာဝန္ရွိသူ တစ္ဦးျဖစ္သည့္ ပဒိုေစာဘီးလယ္က ေျပာသည္။

“ေလာင္တာကလည္း လူေတြေနတဲ့ရြာေတြမွာ မဟုတ္ဘဲ ေတာထဲမွာ ေလာင္တာျဖစ္ပါတယ္။ မီးေလာင္ အက်ယ္အဝန္းကိုေတာ့ မခန္႔မွန္းတတ္ဘူး၊ ေတာထဲမွာေတာ့ ဆက္ေလာင္ေနတုန္းပဲ။ ေနာက္ တစ္ရက္ ႏွစ္ရက္ဆို မီးက ဆက္ေလာင္ဖို႔ အားနည္းလိမ့္မယ္လို႔ေတာ့ ထင္တယ္״ဟု ၎က ေကအိုင္စီသို႔ ေျပာသည္။

ေတာမီးမွာ ၿငိမ္းသတ္ရခက္ခဲသျဖင့္ အတတ္ႏိုင္ဆံုး ႀကိဳတင္တားဆီးမႈမ်ားျပဳလုပ္ေနသလို ယင္းနယ္ေျမမ်ားအတြင္း KNU တပ္စခန္း မ်ားရွိသည့္အတြက္ မီးၿငိမ္းသတ္ႏိုင္ေရး အကူအညီမ်ားကို ေတာင္းခံရန္ စဥ္းစားမည္မဟုတ္ေၾကာင္းလည္း ပဒိုေစာဘီးလယ္က ဆက္ေျပာသည္။

အဆိုပါ ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ KNU ဘိတ္-ထား၀ယ္ခ႐ုိင္ေရွ႕တန္း႐ုံးအတြင္းရွိ ခ႐ုိင္တြဲဖက္ အတြင္းေရးမႉး ပဒိုတူးရယ္ ေနအိမ္၊ ေဆးဝန္ထမ္းမ်ားေနထုိင္သည့္ အေဆာင္တစ္လုံးအပါအဝင္ ေနအိမ္ ၇ လံုးမီးေလာင္ပ်က္စီးသြားၿပီး ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း ေကအဲန္ယူက ေျပာသည္။

ေတာမီးေလာင္ကၽြမ္းသည့္အနီးနားေက်းရြာမ်ားျဖစ္သည့္ အျမာ၊ ကတၱရာ၊ ေလာေအာ္၊ ေမာထာ၊ ဆင္ျဖဴတိုင္၊ အမို၊ ၀ါးေတာ စသည့္ ေက်းရြာတာဝန္ရွိသူမ်ားကို KNU ဘိတ္-ထားဝယ္ခ႐ုိင္ တာဝန္ရွိသူ မ်ားမွ မတ္လ ၁၇ရက္ေန႔က အျမာေက်းရြာတြင္ ေခၚယူေတြ႔ဆံုကာ မီးေဘးႀကိဳတင္ကာကြယ္ေရးအတြက္ ေျပာဆိုေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

ထုိေဒသမွ ေဒသခံတစ္ဦးက “ေတာမီးကေတာ့ တစ္ႏွစ္တစ္ခါေလာင္ေနက်ျဖစ္ပါတယ္။ အခုကေတာ့ ရြာေတြဘက္ ဆက္ေလာင္ဖို႔ေတာ့ မရွိဘူး။ အဲဒီလိုေတာမီးေလာင္ရင္ မကူးဖို႔ ရြာျပန္စၿပီးတည္ကတည္း မီးတားေတြ လုပ္ထားရတယ္။ အခုေတာမီးအတြက္ စိုးရိမ္စရာေတာ့မရွိဘူး။ သားရဲတိရိစၦာန္ ထိခုိက္ ေသေၾကတာေတာ့ ရွိတယ္״ဟု ေျပာသည္။

ယခု ေတာမီးေလာင္ကၽြမ္းမႈ ျဖစ္ပြားလွ်က္သည့္ေနရာမ်ားတြင္ လြန္ခဲ့သည့္ ၂၀၀၇ခုႏွစ္က KNU ႏွင့္ အစိုးရစစ္တပ္တို႔ အျပင္းအထန္တုိက္ပဲြျဖစ္ပြားမႈေၾကာင့္ ေက်းရြာမ်ားပ်က္စီးခဲ့ၿပီး အပစ္အခတ္ရပ္စဲေရး ျပဳလုပ္သည့္ ၂၀၁၂ ခုႏွစ္ေနာက္ပုိင္းအခ်ိန္မွစ၍ ရြာသားအခ်ိဳ႕ ေနရပ္ျပန္လာေနထိုင္ၾကသည့္ ေနရာမ်ား ျဖစ္သည္ဟု သိရသည္။

 စဖန္းေရွာင္း
KIC - ေကအုိင္စီ
http://kicnews.org/
..........


မတ် ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဘိတ်ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေ ထီးမိုပွာမြို့နယ် အထူးဒေသ အမြာကျေးရွာအနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ရွာသားတစ်ဦး၏ တောင်ယာမီးရှို့ရာမှ စတင်လောင်ကျွမ်းသည့် တောမီးများမှာ ယနေ့အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပဒိုစောဘီးလယ်က ပြောသည်။

“လောင်တာကလည်း လူတွေနေတဲ့ရွာတွေမှာ မဟုတ်ဘဲ တောထဲမှာ လောင်တာဖြစ်ပါတယ်။ မီးလောင် အကျယ်အဝန်းကိုတော့ မခန့်မှန်းတတ်ဘူး၊ တောထဲမှာတော့ ဆက်လောင်နေတုန်းပဲ။ နောက် တစ်ရက် နှစ်ရက်ဆို မီးက ဆက်လောင်ဖို့ အားနည်းလိမ့်မယ်လို့တော့ ထင်တယ်״ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တောမီးမှာ ငြိမ်းသတ်ရခက်ခဲသဖြင့် အတတ်နိုင်ဆုံး ကြိုတင်တားဆီးမှုများပြုလုပ်နေသလို ယင်းနယ်မြေများအတွင်း KNU တပ်စခန်း များရှိသည့်အတွက် မီးငြိမ်းသတ်နိုင်ရေး အကူအညီများကို တောင်းခံရန် စဉ်းစားမည်မဟုတ်ကြောင်းလည်း ပဒိုစောဘီးလယ်က ဆက်ပြောသည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် KNU ဘိတ်-ထားဝယ်ခရိုင်ရှေ့တန်းရုံးအတွင်းရှိ ခရိုင်တွဲဖက် အတွင်းရေးမှူး ပဒိုတူးရယ် နေအိမ်၊ ဆေးဝန်ထမ်းများနေထိုင်သည့် အဆောင်တစ်လုံးအပါအဝင် နေအိမ် ရ လုံးမီးလောင်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ကေအဲန်ယူက ပြောသည်။

တောမီးလောင်ကျွမ်းသည့်အနီးနားကျေးရွာများဖြစ်သည့် အမြာ၊ ကတ္တရာ၊ လောအော်၊ မောထာ၊ ဆင်ဖြူတိုင်၊ အမို၊ ၀ါးတော စသည့် ကျေးရွာတာဝန်ရှိသူများကို KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူ များမှ မတ်လ ၁၇ရက်နေ့က အမြာကျေးရွာတွင် ခေါ်ယူတွေ့ဆုံကာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထိုဒေသမှ ဒေသခံတစ်ဦးက “တောမီးကတော့ တစ်နှစ်တစ်ခါလောင်နေကျဖြစ်ပါတယ်။ အခုကတော့ ရွာတွေဘက် ဆက်လောင်ဖို့တော့ မရှိဘူး။ အဲဒီလိုတောမီးလောင်ရင် မကူးဖို့ ရွာပြန်စပြီးတည်ကတည်း မီးတားတွေ လုပ်ထားရတယ်။ အခုတောမီးအတွက် စိုးရိမ်စရာတော့မရှိဘူး။ သားရဲတိရိစ္ဆာန် ထိခိုက် သေကြေတာတော့ ရှိတယ်״ဟု ပြောသည်။

ယခု တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလျှက်သည့်နေရာများတွင် လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က KNU နှင့် အစိုးရစစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများပျက်စီးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းအချိန်မှစ၍ ရွာသားအချို့ နေရပ်ပြန်လာနေထိုင်ကြသည့် နေရာများ ဖြစ်သည်ဟု သိရသည်။

 စဖန်းရှောင်း
KIC - ကေအိုင်စီ
http://kicnews.org/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)