စမ္းေခ်ာင္းၿမိဳ႕နယ္ City Mart ရွိ ေကာ္ဖီဆုိင္၌ ဂက္စ္အုိးလဲလွယ္ရာမွ ေပါက္ကြဲမႈျဖစ္


ရန္ကုန္၊ မတ္ ၁၀

၁၀.၃.၂၀၁၆ ရက္ေန႔ ၀၉၄၀ အခ်ိန္ခန္႔တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရွင္ေစာပုရပ္ကြက္၊ ျပည္လမ္းႏွင့္ ရွင္ေစာပုလမ္းေထာင့္ရွိ City Mart ေျမညီထပ္တြင္ ဖြင့္လွစ္ထားေသာ Happy Cafe & Noodles ေကာ္ဖီဆုိင္တြင္ ဂက္စ္အုိး လဲလွယ္ရာမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါသည္။



ျဖစ္စဥ္မွာ အဆုိပါေကာ္ဖီဆုိင္တြင္ အရွည္ ၄ ေပခန္႔ရွိေသာ ဂက္စ္အုိးတစ္လံုးႏွင့္ တစ္လံုးလဲလွယ္၍ ဂက္စ္ျဖည့္စဥ္ ဂက္စ္အုိးမွေခါင္းျပဳတ္ ထြက္ကာ ဂက္စ္မ်ားပန္းထြက္၍ အနီးရွိမီးဖုိမွမီးႏွင့္ထိေတြ႕ၿပီး ေပါက္ကြဲ
ခဲ့ရာမွ (၁၅)ေပပတ္လည္အခန္းအတြင္း ကာရံထားေသာ မွန္ခ်ပ္မ်ားကြဲ သြားခဲ့ေၾကာင္း၊ ၎ဂက္စ္အုိးေပါက္ကြဲမႈေၾကာင့္ ဆုိင္အလုပ္သမားမ်ား ျဖစ္ၾကေသာ အမ်ဳိးသား(၂)ဦးႏွင့္ အမ်ဳိးသမီး(၂)ဦးတုိ႔မွာ ခႏၶာကုိယ္တြင္
အေရျပားပြန္စုတ္ နာက်င္ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ၿပီး ရန္ကုန္အေနာက္ပုိင္းေဆးရံုႀကီးတြင္ အတြင္းလူနာ(မစုိးရိမ္ရ)မ်ားအျဖစ္ တင္ပုိ႔ကုသခဲ့ရေၾကာင္းႏွင့္ တန္ဖုိးေငြက်ပ္(၁၀၀၀၀၀)ခန္႔ ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရွိရပါသည္။


ယင္းသို႔ျဖစ္ပြားခဲ့သည့္အတြက္ ဆုိင္ပုိင္ရွင္ ေဒၚႏြယ္နီဦး၊ (၅၀)ႏွစ္ႏွင့္ ဆုိင္မန္ေနဂ်ာ ကုိရဲေက်ာ္စြာ၊ (၃၃)ႏွစ္တုိ႔အား စမ္းေခ်ာင္းၿမိဳ႕မရဲစခန္း (ပ)၉၆/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၃၈/၃၃၇/၂၈၆ ျဖင့္ အမႈဖြင့္ အေရးယူ
ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice





ရန်ကုန်၊ မတ် ၁၀

၁၀.၃.၂၀၁၆ ရက်နေ့ ၀၉၄၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ City Mart မြေညီထပ်တွင် ဖွင့်လှစ်ထားသော Happy Cafe & Noodles ကော်ဖီဆိုင်တွင် ဂက်စ်အိုး လဲလှယ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။


ဖြစ်စဉ်မှာ အဆိုပါကော်ဖီဆိုင်တွင် အရှည် ၄ ပေခန့်ရှိသော ဂက်စ်အိုးတစ်လုံးနှင့် တစ်လုံးလဲလှယ်၍ ဂက်စ်ဖြည့်စဉ် ဂက်စ်အိုးမှခေါင်းပြုတ် ထွက်ကာ ဂက်စ်များပန်းထွက်၍ အနီးရှိမီးဖိုမှမီးနှင့်ထိတွေ့ပြီး ပေါက်ကွဲ
ခဲ့ရာမှ (၁၅)ပေပတ်လည်အခန်းအတွင်း ကာရံထားသော မှန်ချပ်များကွဲ သွားခဲ့ကြောင်း၊ ၎င်းဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဆိုင်အလုပ်သမားများ ဖြစ်ကြသော အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့မှာ ခန္ဓာကိုယ်တွင်
အရေပြားပွန်စုတ် နာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရကြောင်းနှင့် တန်ဖိုးငွေကျပ်(၁၀၀၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ပိုင်ရှင် ဒေါ်နွယ်နီဦး၊ (၅၀)နှစ်နှင့် ဆိုင်မန်နေဂျာ ကိုရဲကျော်စွာ၊ (၃၃)နှစ်တို့အား စမ်းချောင်းမြို့မရဲစခန်း (ပ)၉၆/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၈၆ ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)