ျမန္မာႏုိင္ငံ၌ လွ်ပ္စစ္ ဓာတ္အား မရရွိေသးသည့္ အိမ္ေထာင္စုေပါင္း ၆.၈ သန္းခန္ ့က်န္ရွိေနေသး

လွ်ပ္စစ္ဓာတ္အားမရရွိေသးေသာ ေက်းလက္ေနအိမ္မ်ားကို ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ မတ္ ၁၄ ရက္ (ဆင္ဟြာ)

    ျမန္မာႏုိင္ငံ၌ အိမ္ေထာင္စု ၁၀ သန္း ၊ လူဦးေရ ၅၁ သန္းရွိသည့္ အနက္ ယခု ၂၀၁၅-၁၆ ခုႏွစ္တြင္ အိမ္ေထာင္စုေပါင္း ၃.၇ သန္း လွ်ပ္စစ္ ဓာတ္အားရရွိ သုံးစြဲႏိုင္ၾကမည္ ျဖစ္ေသာ္လည္း လွ်ပ္စစ္ဓာတ္အား မရ ေသးသည့္ အိမ္ေထာင္စုမွာ ၆.၈ သန္းခန္႔ က်န္ေနေသးေၾကာင္း လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးခင္ေမာင္စိုးက ေျပာၾကားခဲ့သည္။

လွ်ပ္စစ္မီးအား ၂၀၁၀- ၂၀၁၁ ခုႏွစ္တြင္ အိမ္ေထာင္စု ၂.၂၂ သန္းသာ မီးသုံးႏိုင္ခဲ့ၿပီး ၅ ႏွစ္တာ ကာလအတြင္း အိမ္ေထာင္စု ၁.၄၈ သန္း ၊ လူဦးေရ ၇.၄ သန္းကို လွ်ပ္စစ္ ဓာတ္အား ထပ္မံ ေပးႏိုင္ၿပီး တစ္ႏိုင္ငံလုံး၏ ၃၄ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အား သုံးစြဲႏိုင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္ ဓာတ္အားစနစ္၏ အျမင့္ဆုံးေသာ ေႏြရာသီ ဝန္အား သုံးစြဲမႈမွာ ၂၀၁၅ ခုႏွစ္တြင္ ၂,၄၃၀ မဂၢါဝပ္ ခန္႔ရွိသည့္ အနက္ ရန္ကုန္တိုင္း ေဒသႀကီးတြင္ ၁,၀၅၀ မဂၢါဝပ္ခန္႔ သုံးစြဲေနေၾကာင္း ၊ ၂၀၁၆ ခုႏွစ္တြင္ ရန္ကုန္ တိုင္းေဒသႀကီးသည္ ၁,၂၅၀ မဂၢါဝပ္ခန္႔အထိ တိုးတက္ သုံးစြဲလာေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.................
 လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေအိမ်များကို တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁၀ သန်း ၊ လူဦးရေ ၅၁ သန်းရှိသည့် အနက် ယခု ၂၀၁၅-၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃.၇ သန်း လျှပ်စစ် ဓာတ်အားရရှိ သုံးစွဲနိုင်ကြမည် ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား မရ သေးသည့် အိမ်ထောင်စုမှာ ၆.၈ သန်းခန့် ကျန်နေသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

လျှပ်စစ်မီးအား ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် အိမ်ထောင်စု ၂.၂၂ သန်းသာ မီးသုံးနိုင်ခဲ့ပြီး ၅ နှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁.၄၈ သန်း ၊ လူဦးရေ ရ.၄ သန်းကို လျှပ်စစ် ဓာတ်အား ထပ်မံ ပေးနိုင်ပြီး တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးသော နွေရာသီ ဝန်အား သုံးစွဲမှုမှာ ၂၀၁၅ ခုနှစ်တွင် ၂,၄၃၀ မဂ္ဂါဝပ် ခန့်ရှိသည့် အနက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၁,၀၅၀ မဂ္ဂါဝပ်ခန့် သုံးစွဲနေကြောင်း ၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီးသည် ၁,၂၅၀ မဂ္ဂါဝပ်ခန့်အထိ တိုးတက် သုံးစွဲလာကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)