အာဆီယံ လႊတ္လပ္စြာ ကုန္သြယ္မႈေၾကာင့္ ျမန္မာႏုိင္ငံတြင္ ႏုိင္ငံကူး ရာဇ၀တ္ဂုိဏ္း မႈခင္းမ်ား ျမင့္တက္လာမည္ဟု ဆုိ



အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ား စီးပြားေရးအရ အျပန္အလွန္ ခ်ိတ္ဆက္မႈ တုိးျမင့္လာမႈေၾကာင့္ စနစ္တက် စုဖြဲ႕ထားေသာ ရာဇ၀တ္မႈမ်ား ျမင့္တက္ လာျခင္းကုိလည္း ႀကဳံေတြ႕ေနရသည္ဟု ကုလသမဂၢ အစီရင္ခံစာသစ္ တစ္ခုတြင္ ေဖာ္ျပသည္။ ျမင့္တက္လာေနသည့္ ရာဇ၀တ္မႈမ်ားကုိ ကာကြယ္ရန္ အာဆီယံႏုိင္ငံမ်ားအေနျဖင့္ လံုၿခဳံေရးလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ရန္ ကုလသမဂၢ မူးယစ္ေဆးႏွင့္ ရာဇ၀တ္မႈဆုိင္ရာ႐ံုး (UNODC) က ထုတ္ျပန္သည့္ “ၿငိမ္းခ်မ္းေရးႏွင့္ ၾကြယ္၀မႈကုိကာကြယ္ျခင္း” အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

အာဆီယံေဒသတြင္း ကုန္သြယ္မႈ၊ ကၽြမ္းက်င္လုပ္သား စီးဆင္းမႈႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈတုိ႔ ျမွင့္တင္ရန္ ရည္ရြယ္သည့္ အာဆီယံ စီးပြားေရး အသုိင္းအ၀ုိင္းကုိ ဒီဇင္ဘာလတြင္ တည္ေထာင္ခဲ့ၿပီးေနာက္ UNODC ၏ အစီရင္ခံစာ ထြက္ေပၚခဲ့ျခင္းျဖစ္သည္။ အာဆီယံ အဖြဲ႕၏ “ခ်ိတ္ဆက္ ေဆာင္ရြက္ေရး အစီအစဥ္” မွာ အေပၚယံမွ်သာျဖစ္ၿပီး လံုၿခဳံေရး စြမ္းေဆာင္ရည္ ျမွင့္တင္ေရးပုိမုိ နက္ရိႈင္းစြာ ပူးေပါင္း ေဆာင္ရြက္ရန္ တြန္းအားေပးႏုိင္ျခင္း မရွိဟု UNODC က ဆုိသည္။

အာဆီယံ ေဒသတြင္း တရားမ၀င္ လူကုန္ကူးမႈ ၊ မူးယစ္ေဆး ေမွာင္ခုိမႈ၊ တရားမ၀င္ ကုန္သြယ္မႈႏွင့္ သား႐ုိင္း တိရစၦာန္ ေရာင္း၀ယ္ေရး လုပ္ငန္းမ်ား၏ တန္ဖုိးမွာ တစ္ႏွစ္လွ်င္ ေဒၚလာ ဘီလီယံ ၁၀၀ ေက်ာ္အထိ ရွိလာၿပီး ျမန္မာ၊ လာအုိႏွင့္ ကေမၻာဒီးယားတုိ႔၏ ဂ်ီဒီပီစုစုေပါင္းထက္ မ်ားလ်က္ရွိသည္။ အာဆီယံ ႏုိင္ငံမ်ားၾကား နယ္နိမိတ္မ်ားတြင္ ျဖတ္သန္းသြားလာမႈ မ်ားျပားလာျခင္းႏွင့္အတူ ေမွာင္ခုိ ကုန္ကူးမႈမ်ားၾကား နယ္နိမိတ္မ်ားတြင္ ျဖတ္သန္းသြားလာမႈ မ်ားျပားလာျခင္းႏွင့္အတူ ေမွာင္ခုိကုန္ကူးမႈမ်ား ျမင့္တက္လာသည္။ လံုၿခဳံေရးအားနည္းမႈကုိ အခြင့္ေကာင္းယူကာ ေရႊႀတိဂံေဒသတြင္ မူးယစ္ေမွာင္ခုိမႈမ်ားလည္း ျမင့္တက္လာေနသည္ဟု ဆုိသည္။

တရားဥပေဒစုိးမုိးမႈ ခ်ဳိ႕တဲ့ျခင္းေၾကာင့္ ေမွာင္ခုိကုန္ကူးသူမ်ား အက်ဳိးအျမတ္ ျဖစ္ထြန္းေနၿပီး ယင္းတုိ႔က ျမန္မာႏုိင္ငံအား အာ႐ံုစုိက္လာလ်က္ရွိသည္။ UNODC ၏ အစီရင္ခံစာတြင္ “ျမန္မာႏုိင္ငံ၏ နယ္စပ္ျဖတ္ေက်ာ္မႈႏွင့္ ကုန္သြယ္မႈ မ်ားျပားလာျခင္းကုိ အခြင့္ေကာင္းယူ၍ ရာဇ၀တ္မႈကြန္ရက္မ်ားသည္ ေရေၾကာင္းမွ အတားအဆီး မရွိသေလာက္ အေျခအေနျဖင့္ တင္ပုိ႔မႈ ျမင့္တက္လာသည္” ဟု ေဖာ္ျပထားသည္။

လုပ္ေဆာင္ႏုိင္စြမ္း အကန္႔အသတ္က ျမန္မာႏုိင္ငံတြင္ လူကုန္ကူးမႈႏွင့္ မူးယစ္ေဆး ေမွာင္ခုိမႈကုိ တြန္းအားျဖစ္ေစသည္။ ေဒသတြင္း ေတြ႕ရွိရသည့္ ဘိန္းျဖဴအမ်ားစုမွာ ျမန္မာႏုိင္ငံမွျဖစ္ၿပီး ၂၀၁၄ တြင္ ျမန္မာႏွင့္ လာအုိတုိ႔၏ ဘိန္းထုတ္လုပ္မႈ စုစုေပါင္းမွာ ၇၆၂ တန္ရွိသည္ဟု ကုလသမဂၢ က ဆုိသည္။ ထုိ႔ျပင္ ျမန္မာႏုိင္ငံသည္ ေဒသတြင္း မီသာဖီတမင္း စိတ္ၾကြေဆးအမ်ားဆံုး ထုတ္လုပ္သည့္ ႏုိင္ငံျဖစ္သည္။

အစီရင္ခံစာတြင္ “အေျခခံ အေဆာက္အအံုႏွင့္ ကုန္သြယ္ေရး ဖြံ႕ၿဖဳိးတုိးတက္မႈမွာ လံုၿခဳံေရး ပူးေပါင္းေဆာင္ရြက္မႈႏွင့္ ခ်ိတ္ဆက္ႏုိင္ျခင္း မရွိပါက ရာဇ၀တ္မႈ အဖြဲ႕အစည္းမ်ား ျမန္မာနယ္စပ္ေဒသမ်ားတြင္ ရာဇ၀တ္မႈဂုိဏ္းမ်ားအေျခခ်ကာ အက်ဳိးအျမတ္ မ်ားစြာ ရရွိၿပီး အင္အားႀကီးမားလာမည္” ဟု ေဖာ္ျပထားသည္။ အာဆီယံ ႏုိင္ငံမ်ားအေနျဖင့္ ထုိသတိေပးခ်က္ လကၡဏာမ်ားကုိ ပုိမုိ အေလးထား ကုိင္တြယ္ၿပီး လံုၿခဳံေရး အစီအမံမ်ား အရွိန္ျမွင့္ ေဆာင္ရြက္သင့္သည္ဟု UNODC က ေျပာသည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies


......................................


အရှေ့တောင်အာရှ နိုင်ငံများ စီးပွားရေးအရ အပြန်အလှန် ချိတ်ဆက်မှု တိုးမြင့်လာမှုကြောင့် စနစ်တကျ စုဖွဲ့ထားသော ရာဇဝတ်မှုများ မြင့်တက် လာခြင်းကိုလည်း ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာသစ် တစ်ခုတွင် ဖော်ပြသည်။ မြင့်တက်လာနေသည့် ရာဇဝတ်မှုများကို ကာကွယ်ရန် အာဆီယံနိုင်ငံများအနေဖြင့် လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်သည့် “ငြိမ်းချမ်းရေးနှင့် ကြွယ်ဝမှုကိုကာကွယ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံဒေသတွင်း ကုန်သွယ်မှု၊ ကျွမ်းကျင်လုပ်သား စီးဆင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ မြှင့်တင်ရန် ရည်ရွယ်သည့် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို ဒီဇင်ဘာလတွင် တည်ထောင်ခဲ့ပြီးနောက် UNODC ၏ အစီရင်ခံစာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံ အဖွဲ့၏ “ချိတ်ဆက် ဆောင်ရွက်ရေး အစီအစဉ်” မှာ အပေါ်ယံမျှသာဖြစ်ပြီး လုံခြုံရေး စွမ်းဆောင်ရည် မြှင့်တင်ရေးပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရန် တွန်းအားပေးနိုင်ခြင်း မရှိဟု UNODC က ဆိုသည်။

အာဆီယံ ဒေသတွင်း တရားမဝင် လူကုန်ကူးမှု ၊ မူးယစ်ဆေး မှောင်ခိုမှု၊ တရားမဝင် ကုန်သွယ်မှုနှင့် သားရိုင်း တိရစ္ဆာန် ရောင်းဝယ်ရေး လုပ်ငန်းများ၏ တန်ဖိုးမှာ တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ ရှိလာပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့၏ ဂျီဒီပီစုစုပေါင်းထက် များလျက်ရှိသည်။ အာဆီယံ နိုင်ငံများကြား နယ်နိမိတ်များတွင် ဖြတ်သန်းသွားလာမှု များပြားလာခြင်းနှင့်အတူ မှောင်ခို ကုန်ကူးမှုများကြား နယ်နိမိတ်များတွင် ဖြတ်သန်းသွားလာမှု များပြားလာခြင်းနှင့်အတူ မှောင်ခိုကုန်ကူးမှုများ မြင့်တက်လာသည်။ လုံခြုံရေးအားနည်းမှုကို အခွင့်ကောင်းယူကာ ရွှေတြိဂံဒေသတွင် မူးယစ်မှောင်ခိုမှုများလည်း မြင့်တက်လာနေသည်ဟု ဆိုသည်။

တရားဥပဒေစိုးမိုးမှု ချို့တဲ့ခြင်းကြောင့် မှောင်ခိုကုန်ကူးသူများ အကျိုးအမြတ် ဖြစ်ထွန်းနေပြီး ယင်းတို့က မြန်မာနိုင်ငံအား အာရုံစိုက်လာလျက်ရှိသည်။ UNODC ၏ အစီရင်ခံစာတွင် “မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်မှုနှင့် ကုန်သွယ်မှု များပြားလာခြင်းကို အခွင့်ကောင်းယူ၍ ရာဇဝတ်မှုကွန်ရက်များသည် ရေကြောင်းမှ အတားအဆီး မရှိသလောက် အခြေအနေဖြင့် တင်ပို့မှု မြင့်တက်လာသည်” ဟု ဖော်ပြထားသည်။

လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်က မြန်မာနိုင်ငံတွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေး မှောင်ခိုမှုကို တွန်းအားဖြစ်စေသည်။ ဒေသတွင်း တွေ့ရှိရသည့် ဘိန်းဖြူအများစုမှာ မြန်မာနိုင်ငံမှဖြစ်ပြီး ၂၀၁၄ တွင် မြန်မာနှင့် လာအိုတို့၏ ဘိန်းထုတ်လုပ်မှု စုစုပေါင်းမှာ ရ၆၂ တန်ရှိသည်ဟု ကုလသမဂ္ဂ က ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ဒေသတွင်း မီသာဖီတမင်း စိတ်ကြွဆေးအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

အစီရင်ခံစာတွင် “အခြေခံ အဆောက်အအုံနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်နိုင်ခြင်း မရှိပါက ရာဇဝတ်မှု အဖွဲ့အစည်းများ မြန်မာနယ်စပ်ဒေသများတွင် ရာဇဝတ်မှုဂိုဏ်းများအခြေချကာ အကျိုးအမြတ် များစွာ ရရှိပြီး အင်အားကြီးမားလာမည်” ဟု ဖော်ပြထားသည်။ အာဆီယံ နိုင်ငံများအနေဖြင့် ထိုသတိပေးချက် လက္ခဏာများကို ပိုမို အလေးထား ကိုင်တွယ်ပြီး လုံခြုံရေး အစီအမံများ အရှိန်မြှင့် ဆောင်ရွက်သင့်သည်ဟု UNODC က ပြောသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)