အင္းေတာ္ၾကီး ေဒသတြင္ လက္ထပ္ခြင့္ ျငင္းပယ္တဲ့ မိန္းခေလး အဓမၼျပဳက်င့္ခံရ


 အလုိမတူဘဲမိန္းကေလးကုိ ဆုိင္ကယ္ျဖင့္ တင္ေခၚကာ သားမယားအျဖစ္ေပါင္းသင္းခဲ့သူအား ဖမ္းဆီးအေရးယူ

 Tuesday, 08 March 2016

ကခ်င္ျပည္နယ္ မုိးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသတြင္ မိန္း ကေလးတစ္ဦးအား အမ်ဳိးသားတစ္ဦးက အလုိမတူဘဲ ဆုိင္ကယ္ျဖင့္ အဓမၼေခၚေဆာင္ကာ အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့ သျဖင့္ အမ်ဳိးသမီးက မေက်နပ္သျဖင့္ အမႈဖြင့္တုိင္ၾကားမႈျဖစ္ပြား ခဲ့သည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၂၁ ရက္ မြန္းလြဲ ၂ နာရီတြင္ အင္းေတာ္ ႀကီးေဒသ မနေခါေက်းရြာ၏ အေရွ႕ဘက္ တစ္မုိင္ခန္႔အကြာရွိ လယ္တဲတြင္ ရြာသစ္ေက်းရြာေနမ--- (၂၁ ႏွစ္)သည္ ညီမျဖစ္သူႏွင့္အတူ ရွိေနစဥ္ ယခင္ကသိကြၽမ္းဖူးသူ သံလုံးသည္ တစ္ရြာတည္းေန ၿဖိဳးသူေဇာ္ႏွင့္ ေရာက္ရွိလာၿပီး လယ္တဲေပၚတက္ကာ သံလံုးက မ---အား လက္ထပ္ခြင့္ေတာင္း ခံခဲ့ရာ မ---က မျဖစ္ႏုိင္ေၾကာင္း ေျပာဆုိၿပီး လယ္တဲေအာက္သုိ႔ ဆင္းသြားစဥ္ အငယ္ေလးဆုိသူ DT ဆုိင္ကယ္ျဖင့္ေရာက္ရွိလာ ကာ ၿဖိဳးသူေဇာ္က DT ဆုိင္ကယ္ ေပၚတက္ထုိင္ၿပီး သံလံုးက မ --- အား အတင္းအဓမၼေပြ႕ခ်ီကာ ဆုိင္ကယ္ေပၚတင္သျဖင့္ 'မလုပ္ပါနဲ႔၊ မိဘေတြထံလာေတာင္းပါ' ဟုေျပာေသာ္လည္း မရဘဲ သံလံုးက အတင္းေပြ႕တင္ကာ ကုန္းတန္းႀကီးရြာဘက္သုိ႔ ေမာင္းႏွင္ခဲ့ၾကသည္။

ည ၈နာရီခန္႔တြင္ ကုန္းတန္းႀကီးရြာသုိ႔ေရာက္ရွိၿပီး သံလုံး ၏အစ္ကုိ သံေခ်ာင္းအိမ္တြင္ ညအိပ္ကာ သားမယားအျဖစ္ဆက္ဆံခဲ့သည္။ ေနာက္တစ္ေန႔တြင္ ကုန္းတန္းႀကီး ေက်းရြာလူႀကီးမ်ား ေရွ႕တြင္ မ---၏ သေဘာ ဆႏၵမပါဘဲ လက္မွတ္ေရးထုိးခုိင္းၿပီး အၾကင္လင္မယားအျဖစ္ ဆက္လက္ေပါင္းသင္းခဲ့ကာေဖေဖာ္ဝါရီ ၂၆ရက္တြင္မ---က သံလံုး အလစ္တြင္ လမ္းၾကံဳဆုိင္ကယ္စီး ကာမိဘမ်ားရွိရာ ရြာသစ္ေက်းရြာ သုိ႔ျပန္လာခဲ့သည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မ---က မေက်နပ္၍ လံုးတံုနယ္ ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ခဲ့ရာ သံလံုး(၂၅ႏွစ္) ကုန္းတန္းႀကီး ေက်းရြာမုိးေကာင္းၿမိဳ႕နယ္ႏွင့္ အားေပးကူညီ သူၿဖိဳးသူေဇာ္ (၂၁ႏွစ္) ရြာသစ္ေက်းရြာ မုိးညႇင္းၿမိဳ႕နယ္၊ အငယ္ေလး(၂၁ႏွစ္) ကုန္းတန္းႀကီး ေက်းရြာ မုိးေကာင္း ၿမိဳ႕နယ္ေနသူ တုိ႔အား လံုးတံုနယ္ ေျမရဲစခန္းက (ပ)၇/၂ဝ၁၆ ပုဒ္မ ၃၆၆/၁၁၄ျဖင့္ အမႈလက္ခံကာ ဖမ္းဆီးခဲ့ရာ ၿဖိဳးသူေဇာ္ႏွင့္ အငယ္ေလးမွာႀကိဳတင္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ကခ်င္ေျမနဂါး
The Union Daily
http://uniondaily.net

........................................


 အလိုမတူဘဲမိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ခေါ်ကာ သားမယားအဖြစ်ပေါင်းသင်းခဲ့သူအား ဖမ်းဆီးအရေးယူ

 Tuesday, 08 March 2016

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် မိန်း ကလေးတစ်ဦးအား အမျိုးသားတစ်ဦးက အလိုမတူဘဲ ဆိုင်ကယ်ဖြင့် အဓမ္မခေါ်ဆောင်ကာ အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ သဖြင့် အမျိုးသမီးက မကျေနပ်သဖြင့် အမှုဖွင့်တိုင်ကြားမှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် အင်းတော် ကြီးဒေသ မနခေါကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ လယ်တဲတွင် ရွာသစ်ကျေးရွာနေမ--- (၂၁ နှစ်)သည် ညီမဖြစ်သူနှင့်အတူ ရှိနေစဉ် ယခင်ကသိကျွမ်းဖူးသူ သံလုံးသည် တစ်ရွာတည်းနေ ဖြိုးသူဇော်နှင့် ရောက်ရှိလာပြီး လယ်တဲပေါ်တက်ကာ သံလုံးက မ---အား လက်ထပ်ခွင့်တောင်း ခံခဲ့ရာ မ---က မဖြစ်နိုင်ကြောင်း ပြောဆိုပြီး လယ်တဲအောက်သို့ ဆင်းသွားစဉ် အငယ်လေးဆိုသူ DT ဆိုင်ကယ်ဖြင့်ရောက်ရှိလာ ကာ ဖြိုးသူဇော်က DT ဆိုင်ကယ် ပေါ်တက်ထိုင်ပြီး သံလုံးက မ --- အား အတင်းအဓမ္မပွေ့ချီကာ ဆိုင်ကယ်ပေါ်တင်သဖြင့် 'မလုပ်ပါနဲ့၊ မိဘတွေထံလာတောင်းပါ' ဟုပြောသော်လည်း မရဘဲ သံလုံးက အတင်းပွေ့တင်ကာ ကုန်းတန်းကြီးရွာဘက်သို့ မောင်းနှင်ခဲ့ကြသည်။

ည ၈နာရီခန့်တွင် ကုန်းတန်းကြီးရွာသို့ရောက်ရှိပြီး သံလုံး ၏အစ်ကို သံချောင်းအိမ်တွင် ညအိပ်ကာ သားမယားအဖြစ်ဆက်ဆံခဲ့သည်။ နောက်တစ်နေ့တွင် ကုန်းတန်းကြီး ကျေးရွာလူကြီးများ ရှေ့တွင် မ---၏ သဘော ဆန္ဒမပါဘဲ လက်မှတ်ရေးထိုးခိုင်းပြီး အကြင်လင်မယားအဖြစ် ဆက်လက်ပေါင်းသင်းခဲ့ကာဖေဖော်ဝါရီ ၂၆ရက်တွင်မ---က သံလုံး အလစ်တွင် လမ်းကြုံဆိုင်ကယ်စီး ကာမိဘများရှိရာ ရွာသစ်ကျေးရွာ သို့ပြန်လာခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မ---က မကျေနပ်၍ လုံးတုံနယ် မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ သံလုံး(၂၅နှစ်) ကုန်းတန်းကြီး ကျေးရွာမိုးကောင်းမြို့နယ်နှင့် အားပေးကူညီ သူဖြိုးသူဇော် (၂၁နှစ်) ရွာသစ်ကျေးရွာ မိုးညှင်းမြို့နယ်၊ အငယ်လေး(၂၁နှစ်) ကုန်းတန်းကြီး ကျေးရွာ မိုးကောင်း မြို့နယ်နေသူ တို့အား လုံးတုံနယ် မြေရဲစခန်းက (ပ)၇/၂ဝ၁၆ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုလက်ခံကာ ဖမ်းဆီးခဲ့ရာ ဖြိုးသူဇော်နှင့် အငယ်လေးမှာကြိုတင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)