ေက်းရြာ ၁၆၀ ေက်ာ္ ေရရွားပါးမႈနဲ႔ ႀကံဳေတြ႔

မႏၱေလးတိုင္းေဒသႀကီး တံတားဦးၿမိဳ႕နယ္ စပါးတြင္းေက်းရြာအုပ္စုက ရြာေတြမွာ ေခ်ာင္းေရေတြ ခန္းစျပဳေနတာကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ျမင္ရစဥ္။ Photo: Nay Thwae/RFA
မႏၱေလး၊ ဧရာ၀တီ၊ ပဲခူး၊ မေကြး၊ ရွမ္း စတဲ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၂ ခုက ေက်းရြာေပါင္း ၁၆၀ ေက်ာ္ မွာ ေရရွားပါးမႈနဲ႔ ႀကံဳေတြ႔ေနရပါတယ္။

ေရရွားပါးမႈႀကံဳေတြ႔ေနရတဲ့အထဲမွာ မႏၱေလးတိုင္းေဒသႀကီးက ေက်းရြာေတြ အမ်ားဆံုး ျဖစ္ၿပီး မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းတို႔က ေက်းရြာေတြလည္း ပါ၀င္တယ္လို႔ ေက်းလက္ ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန ဒုတိယညႊန္ ၾကားေရးမွဴး ဦးေက်ာ္သူေအာင္ က ေျပာပါတယ္။

"အခုအေနအထားမွာေတာ့ အမ်ားဆံုးက မႏၱေလးတိုင္းဖက္ကမ်ားတယ္၊ က်ေနာ္တို႔ေရေပးပို႔တဲ့အေျခအေန ကို အကဲခတ္ၾကည့္လိုက္ေတာ့ ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္၊ ရြာေပါင္း ၆ဝ ေက်ာ္၊ သူကေတာ့ လက္ရွိအေနအထား မွာ အမ်ားဆံုးလို႔ေျပာလို႔ရတယ္၊ ဒုတိယက မေကြး၊ မေကြးက ၿမိဳ႕ ၈ ၿမိဳ႕၊ ရြာ ၂၅ ရြာ၊ စစ္ကိုင္းက ၆ ၿမိဳ႕၊ ရြာ ၁၂ ရြာ၊ အပူပိုင္း ၃ ပိုင္းက ပိုၿပီးေတာ့ ေရျပတ္လပ္မႈပိုမ်ားတယ္"

အပူခ်ိန္ျမင့္တက္ေနတာေၾကာင့္ ကခ်င္၊ ကယား၊ ရွမ္း၊ စစ္ကိုင္း၊ ပဲခူး၊ ရန္ကုန္၊ ဧရာ၀တီ စတဲ့ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္ေတြက ေက်းရြာေပါင္း ၁၆၀ ေက်ာ္ မွာရွိတဲ့ ေရတြင္းေတြ၊ ေရကန္ေတြမွာ ေရခမ္းသြားတာျဖစ္ ၿပီး ေရရွားပါးမႈႀကံဳေနရတဲ့ ေဒသေတြကို ေရသယ္ယာဥ္၊ မီးသတ္ယာဥ္ေတြနဲ႔ ေရျဖန္႔ေ၀ေပးေနတယ္လို႔ ဦးေက်ာ္သူေအာင္က ေျပာပါတယ္။

လာမယ့္ ဧၿပီလအတြင္းမွာ တစ္နိုင္ငံလံုးအတိုင္းအတာနဲ႔ ေက်းရြာေပါင္း တစ္ေထာင္နီးပါးမွာ ေရရွားပါးႏုိင္တယ္ လို႔ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန က ခန္႔မွန္းထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် စပါးတွင်းကျေးရွာအုပ်စုက ရွာတွေမှာ ချောင်းရေတွေ ခန်းစပြုနေတာကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြင်ရစဉ်။ Photo: Nay Thwae/RFA
မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရှမ်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကျေးရွာပေါင်း ၁၆၀ ကျော် မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။

ရေရှားပါးမှုကြံုတွေ့နေရတဲ့အထဲမှာ မန္တလေးတိုင်းဒေသကြီးက ကျေးရွာတွေ အများဆုံး ဖြစ်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က ကျေးရွာတွေလည်း ပါ၀င်တယ်လို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးကျော်သူအောင် က ပြောပါတယ်။

"အခုအနေအထားမှာတော့ အများဆုံးက မန္တလေးတိုင်းဖက်ကများတယ်၊ ကျနော်တို့ရေပေးပို့တဲ့အခြေအနေ ကို အကဲခတ်ကြည့်လိုက်တော့ မြို့နယ် ၁၂ မြို့နယ်၊ ရွာပေါင်း ၆ဝ ကျော်၊ သူကတော့ လက်ရှိအနေအထား မှာ အများဆုံးလို့ပြောလို့ရတယ်၊ ဒုတိယက မကွေး၊ မကွေးက မြို့ ၈ မြို့၊ ရွာ ၂၅ ရွာ၊ စစ်ကိုင်းက ၆ မြို့၊ ရွာ ၁၂ ရွာ၊ အပူပိုင်း ၃ ပိုင်းက ပိုပြီးတော့ ရေပြတ်လပ်မှုပိုများတယ်"

အပူချိန်မြင့်တက်နေတာကြောင့် ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ကျေးရွာပေါင်း ၁၆၀ ကျော် မှာရှိတဲ့ ရေတွင်းတွေ၊ ရေကန်တွေမှာ ရေခမ်းသွားတာဖြစ် ပြီး ရေရှားပါးမှုကြံုနေရတဲ့ ဒေသတွေကို ရေသယ်ယာဉ်၊ မီးသတ်ယာဉ်တွေနဲ့ ရေဖြန့်ဝေပေးနေတယ်လို့ ဦးကျော်သူအောင်က ပြောပါတယ်။

လာမယ့် ဧပြီလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးရွာပေါင်း တစ်ထောင်နီးပါးမှာ ရေရှားပါးနိုင်တယ် လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)