ေဒၚခင္၀ိုင္းၾကည္ ပါတီမွ ႏုတ္ထြက္စာတင္

၁၃..၃..၁၆

အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ (NDF)၏ အလုပ္အမႈေဆာင္ တစ္ဦးျဖစ္သည့္ ေဒၚခင္၀ိုင္းၾကည္သည္ က်န္းမာေရးအေၾကာင္းျပခ်က္ျဖင့္ ပါတီမွ ႏုတ္ထြက္စာ တင္ထားေၾကာင္း သတင္းရရွိသည္။

‘‘ႏုတ္ထြက္စာတင္တာ ဟုတ္ပါတယ္။ ဒါေပမဲ့ ဘာမွ မ ဆံုးျဖတ္ရေသးပါဘူး။ CEC အ စည္းအေ၀းမွာ လူမစံုေသးလို႔ လာမယ့္ အစည္းအေ၀းေရာက္မွ ဆံုးျဖတ္မွာပါ’’ဟု NDF ပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာ ၾကားသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ေဟာင္း ေဒၚခင္၀ိုင္း ၾကည္သည္ ေဖေဖာ္၀ါရီ ၂၈ ရက္က ဖြဲ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉(စ) ဆက္လက္တည္ရွိေရး ေထာက္ခံ ဆႏၵထုတ္ေဖာ္ပြဲတြင္ ပါ၀င္ေဟာေျပာခဲ့ၿပီးေနာက္ ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီအဖြဲ႕၀င္မ်ားက ပါတီ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ကိုက္ ညီမႈမရွိ၍ သတိေပးတားျမစ္ခဲ့ေၾကာင္း ဦးခင္ေမာင္ေဆြက ရွင္းျပသည္။

‘‘ပါတီရဲ႕ စည္းမ်ဥ္းစည္း ကမ္းနဲ႔ ပတ္သက္ၿပီး သူ႔(ေဒၚခင္ ၀ိုင္းၾကည္)ကို ေခၚေဆြးေႏြးတယ္ ေပါ့။ သူက လြတ္လပ္စြာ ေဆာင္ ရြက္ခြင့္ကို ပိုလိုလားတယ္။ စည္း ကမ္းထဲမွာေနဖို႔ သူ စိတ္က်ဥ္း က်ပ္တာေပါ့ဗ်ာ။ ပါတီစည္းကမ္း မလိုက္နာရင္ေတာ့ ေရွ႕ဆက္ ေလွ်ာက္ဖို႔ ခက္လိမ့္မယ္
လို႔ေျပာ ေတာ့ သူႏုတ္ထြက္စာ တင္သြား တယ္’’ဟု ၎က ဆက္လက္ ေျပာၾကားသည္။

NDF ပါတီ၀င္မ်ားသည္ ျပည္သူလူထုကို ေဟာေျပာပြဲ ျပဳ လုပ္လိုလွ်င္ ဗဟိုအလုပ္အမႈ ေဆာင္ေကာ္မတီ၀င္မ်ားထံ တင္ ျပရမည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ရရွိရန္ လိုအပ္ေၾကာင္းႏွင့္ ေဒၚခင္၀ိုင္း ၾကည္သည္ ျပည္သူလူထုႏွင့္ ပိုမို ထိေတြ႕လို၍ ႏုတ္ထြက္စာတင္ ျခင္းျဖစ္
ေၾကာင္း ဦးခင္ေမာင္ေဆြ က 7Day Daily အား ေျဖၾကား သည္။

ေဒၚခင္၀ိုင္းၾကည္သည္ မတ္ လ ၇ ရက္က ႏုတ္ထြက္စာတင္ ခဲ့ျခင္းျဖစ္ၿပီး ယင္းကုိ မတ္လ ၁၄ ရက္တြင္ ျပဳလုပ္သည့္ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေ၀း၌ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရ သည္။

7Day News Journal
..................
ဒေါ်ခင်ဝိုင်းကြည် ပါတီမှ နုတ်ထွက်စာတင်

၁၃..၃..၁၆

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ပါတီမှ နုတ်ထွက်စာ တင်ထားကြောင်း သတင်းရရှိသည်။

‘‘နုတ်ထွက်စာတင်တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာမှ မ ဆုံးဖြတ်ရသေးပါဘူး။ CEC အ စည်းအဝေးမှာ လူမစုံသေးလို့ လာမယ့် အစည်းအဝေးရောက်မှ ဆုံးဖြတ်မှာပါ’’ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော ကြားသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်း ကြည်သည် ဖေဖော်ဝါရီ ၂၈ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ဆက်လက်တည်ရှိရေး ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲတွင် ပါ၀င်ဟောပြောခဲ့ပြီးနောက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များက ပါတီ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက် ညီမှုမရှိ၍ သတိပေးတားမြစ်ခဲ့ကြောင်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

‘‘ပါတီရဲ့ စည်းမျဉ်းစည်း ကမ်းနဲ့ ပတ်သက်ပြီး သူ့(ဒေါ်ခင် ၀ိုင်းကြည်)ကို ခေါ်ဆွေးနွေးတယ် ပေါ့။ သူက လွတ်လပ်စွာ ဆောင် ရွက်ခွင့်ကို ပိုလိုလားတယ်။ စည်း ကမ်းထဲမှာနေဖို့ သူ စိတ်ကျဉ်း ကျပ်တာပေါ့ဗျာ။ ပါတီစည်းကမ်း မလိုက်နာရင်တော့ ရှေ့ဆက် လျှောက်ဖို့ ခက်လိမ့်မယ်
လို့ပြော တော့ သူနုတ်ထွက်စာ တင်သွား တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

NDF ပါတီဝင်များသည် ပြည်သူလူထုကို ဟောပြောပွဲ ပြု လုပ်လိုလျှင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များထံ တင် ပြရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိရန် လိုအပ်ကြောင်းနှင့် ဒေါ်ခင်ဝိုင်း ကြည်သည် ပြည်သူလူထုနှင့် ပိုမို ထိတွေ့လို၍ နုတ်ထွက်စာတင် ခြင်းဖြစ်
ကြောင်း ဦးခင်မောင်ဆွေ က 7Day Daily အား ဖြေကြား သည်။

ဒေါ်ခင်ဝိုင်းကြည်သည် မတ် လ ရ ရက်က နုတ်ထွက်စာတင် ခဲ့ခြင်းဖြစ်ပြီး ယင်းကို မတ်လ ၁၄ ရက်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရ သည်။

7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)